မြိတ်ဒေသတွင် တစ်နိုင်တစ်ပိုင် အလှပင်၊ ပန်းပင်လုပ်ငန်းများတိုးတက်လာ

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ရေထွက်လုပ်ငန်းအပြင် ဒေသထွက်ကုန်လုပ်ငန်းများ၊ စိုက်ပင်များနှင့် သဘာဝပေါက်ပင်များဖြင့် ကျော်ကြားလျက်ရှိရာမှ အိမ်တွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးသော ပန်းအလှပင်များလည်း စိုက်ပျိုးလာခဲ့ပါသည်။ ယခုအခါ အိမ်တွင်းစိုက်ပျိုးသော အလှ ပန်းပင်များသည် ဒေသတွင်စီးပွားရေးလုပ်ငန်းအဖြစ် ကျော်ကြားလာခဲ့ပြီး ပိုက်ဆံချမ်းသာသူများနှင့် အိမ်ရှေ့များတွင် အလှထားရန် ပန်းအလှစိုက်ပျိုးသူများထံမှ ဝယ်ယူ၍ ဆောင်ရွက်လျက်ရှိပါသည်။ မြိတ်ဒေသတွင် အလှပင်၊ ပန်းပင်များကိုအသုံးပြု၍ အိမ်အလှဆင်၊ ကျွန်းအလှဆင်လုပ်ငန်းအဖြစ် အေဂျင်စီအနေဖြင့် တာဝန်ယူ၍ဆောင်ရွက်ကြသည်အထိရှိလာခဲ့ပြီး အိမ်တော်တော်များများတွင် အလှပန်းအိုးထားခြင်းများရှိ လာခဲ့ကြပါသည်။ မြို့တွင်သာမက ကျေးရွာများနှင့် ကျွန်းတွင်ပါ ဆောင် ရွက်ပေးလျက်ရှိပြီး အိမ်များတွင် လှေကားတက်၊ အိမ်အရှေ့၊ ဧည့်ခန်းများနှင့် စားပွဲများတွင် ထားရန်နှင့် ကျွန်းများတွင် ပတ်ဝန်းကျင်အလှပန်းများနေရာချခြင်း၊ ပုံစံဖော်ပေးခြင်း အပင်ဒီဇိုင်းဖော် ရန်ဆောင်ရွက်ပေးခြင်းများရှိပြီး အပင်၊ ပန်းအလှအမျိုးမျိုးပေါ်မူတည်၍ စျေးနှုန်းကွဲပြားလျက် ရှိကြောင်း သိရှိရပါသည်။ ပန်းအိုးနှင့်ပန်းအလှပေါ်မူတည်၍ စျေးနှုန်းကွဲပြားလျက်ရှိရာ ပျိုးပင်ကို လည်း ဝယ်ယူနိုင်ကြောင်း သိရှိရပါသည်။ မြိတ်ဒေသတွင်အသုံးများသောပျိုးပင်တစ်ပင်လျှင် ၅၀၀ကျပ်မှ၁၀၀၀၀ကျပ်ထိရှိပြီး အပင်ကြီးတစ်ပင်လျှင် ၄၀၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်ရှိကြောင်း မြိတ်ဒေသတွင် အိမ်တွင်းအလှ ဆင်လုပ်ငန်း မှ သိရှိရပါသည်။

DOCA(တနင်္သာရီ)