ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နိုဝင်ဘာလတတိယပတ်ဆီကြိတ်ဖတ်ပေါက်စျေး

               မန္တလေးစျေးကွက်အတွင်း တိရိစ္ဆာန်အစာဆီကြိတ်ဖတ်အမျိုးမျိုး စျေးပိုမိုရရှိကာ အရောင်း သွက်လျက်ရှိကြောင်းသိရှိရပါသည်။ ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်း စားဆီ ကြိတ်ခွဲခြင်းတွင် အရေးပါသကဲ့သို့မြေပဲနှင့်နှမ်းမှာပြည်ပသို့ တင်ပို့သည့်ကုန်စည်အမယ်များ ဖြစ်ပါသည်။ မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့်မြေပဲဖတ်၊ နှမ်းဖတ် နှင့် နေကြာဖတ်များကို တိရိစ္ဆာန်အစာအဖြစ်အသုံးပြုလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိ ရှိရပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာ လတတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာပေါက်စျေးများမှာ မြေပဲဆီ၁၃၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊ နှမ်းဆီ ၁၂၅၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၂၅၀၀ ကျပ်တို့ဖြစ် ကြောင်း သိရှိရပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၆၈၀ဝိ/- နှင့် ၆၉၀ဝိ/-၊ နှမ်းဖတ် ၄၄၀ဝိ/- နှင့် ၄၅၀ဝိ/-၊နေကြာဖတ် ၃၃၀ဝိ/-နှင့် ၃၄၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နိုဝင်ဘာလတတိယပတ်ရှိ မန္တလေးမြေပဲစျေး

           စျေးကွက်အတွင်းမြေပဲစျေးမှာ  ပြောင်းလဲမှုအနည်းငယ်သာရှိပြီး၊ယခင်နှစ်စျေးနှင့်နှိုင်းယှဉ် ပါက စျေးနှင့်နှိုင်းယှဉ်ပါက ယခုနှစ်စျေးပိုမိုရရှိကြောင်း သိရှိရပါသည်။ မြေပဲမှာ စားသုံးဆီကြိတ် ခွဲခြင်းလုပ်ငန်းများနှင့်စားသောက်ကုန်တို့တွင် အသုံးပြုခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက် နှင့် ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်း ဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက်နှုန်း ၄၆.၇၇ တင်း၊ အထွက် စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာ ကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပေါက် စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၈၀၀၀ ကျပ်နှင့် ၈၅၀၀ကျပ်၊S1 ဆီဆန်  ၇၇၀၀ ကျပ် နှင့်၇၈၀၀ကျပ်၊ S1ရွေးဆန် ၇၇၅၀ကျပ်၊Mတွဲလုံးဆန် ၈၄၀၀ ကျပ်နှင့် ၈၄၅၀ကျပ်၊အနီလုံးဆန် ၈၂၀၀ ကျပ်နှင့် ၈၄၀၀ကျပ်၊ပြန့်ဆီဆန် ၇၆၀၀ကျပ်နှင့် ၈၀၀၀ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ ယခင် နှစ် ကာလတူ တစ်ပိဿာစျေးမှာ S1 လုံးဆန် ၈၂၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊S1 လုံးဆန်(မြင်းမူ)၈၃၀၀ ကျပ်နှင့် ၈၅၀၀ကျပ်၊S1 ဆီဆန် ၇၉၀၀ကျပ်နှင့် ၈၀၀၀ ကျပ်၊S1 ရွေးဆန် ၈၀၀၀ကျပ်နှင့် ၈၁၀၀ကျပ်၊ အနီလုံးဆန် ၈၀၀၀ကျပ်နှင့်၈၁၀၀ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်နှင့် ယခုနှစ်ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက မြေပဲဆန်စျေးမှာ စျေးအနည်းငယ်သာကွာခြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 မန္တလေးစျေးကွက်တွင် ခရမ်းချဉ်သီးစျေးအနည်းငယ်မြင့်တက်

           နတ်တော်လဆန်းကာလတွင် မန္တလေးစျေးကွက်သို့ ခရမ်းချဉ်သီးဝင်ရောက်မှု အပေါ်မူတည် ၍  စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။ မန္တလေးစျေးချို၊ ကိုင်းတန်းစျေး ရှိခရမ်းချဉ် သီးပွဲရုံများ၊သီရိမာလာစျေး (ပိုက်ကျုံးစျေး) နှင့် ၄၁လမ်း၊ ကမ်းနားလမ်းရှိ ကုန်စိမ်း လက္ကားစျေးတို့ တွင် ခရမ်းချဉ်သီးအားခေါင်သီးနှင့်အလတ်စသီးဟူ၍ အမျိုးအစားခွဲခြား ရောင်းချလျှက်ရှိပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်းဖြစ်ပေါ်လျှက်ရှိသော  ခရမ်းချဉ်သီး လက္ကားစျေးအနေဖြင့် အင်းသီးတစ်သေတ္တာ(၂၀ ပိဿာပါ)လျှင် ၅၀၀၀၀ကျပ်နှင့်၆၀၀၀၀ကျပ်၊ လက်လီစျေး အနေဖြင့် ခရမ်းချဉ်သီး ဘောလုံးသီးနှင့်  အင်းသီး တစ်ပိဿာလျှင်    ၃၀၀၀ ကျပ်နှင့် ၃၅၀၀ ကျပ် တို့ဖြင့်ရောင်းချလျက်ရှိပြီး၊ နိုဝင်ဘာလဒုတိယပတ်စျေးနှင့် နှိုင်းယှဉ်ပါက တစ် ပိသာ လျှင် ၂၀၀ ကျပ်နှင့် ၅၀၀ ကျပ်အကြားကွာခြားမှုရှိပြီး၊စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရ ပါသည်။

DOCA(မန္တလေး)

နတ်တော်လဆန်းတွင်မန္တလေးစပျစ်သီးစျေးမြင့်တက် 

         မန္တလေးသစ်သီးစျေးကွက်သို့  နတ်တော်လဆန်းတွင်စပျစ်သီးဝင်ရောက်မှု လျော့နည်းလာ သည့်အတွက် စျေး အနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။   ၂၀၂၅  ခုနှစ် နိုဝင်ဘာလ တတိယပတ်အတွင်း   စပျစ်သီး‌စျေး တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး)  ၁၅၀၀၀ ကျပ် နှင့် ၁၈၀၀၀ကျပ်၊ စပျစ်သီးအချွန်မျိုး ၁၀၀၀ဝကျပ်  နှင့် ၁၁၀၀၀ ကျပ်၊စပျစ်သီး (လုံးသေး) ၈၀၀၀ ကျပ် နှင့် ၉၅၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်လျက် ရှိကြောင်း မန္တလေး စျေးချိုရှိ သစ်သီး ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

ပန်းမုံလာပွင့်ဈေးကွက်

            မန္တလေးမြို့တွင်းသို့ ပန်းမုံလာပွင့်များကို ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင်နှင့် ရွာငံဘက်များမှ ဝင်ရောက်လျှက်ရှိပါသည်။ ဆောင်းအဝင်မှာ ဝင်ရောက်သည့်ပန်းမုံလာပွင့်များသည် ရာသီစာတစ်ခု ဖြစ်သည့်အတွက် အကြိုက်များပါသည်။ မန္တလေးမြို့တွင် ပန်းမုံလာပွင့်ဈေးကွက်အနေနှင့် ၄၁ လမ်း၊ ကုန်စိမ်းဈေးတွင် ပန်းပွင့်အကြီး ၁၀ ပွင့်လျှင် ၈၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်၊ အလတ်ပွင့် ၁၀ ပွင့်လျှင် ၆၀၀၀ ကျပ်မှ ၆၅၀၀ ကျပ်၊ အပွင့်သေး ၁၀ ပွင့်လျှင် ၄၁၀၀ ကျပ်မှ ၅၀၀၀ ကျပ်ဈေးနှုန်းများနှင့် ရောင်းဝယ်မှုရှိပြီး ရပ်ကွက်အတွင်းရှိ လက်လီဈေးများတွင် ပန်းပွင့်ကြီး ၁ ပွင့်လျှင် ၁၀၀၀ ကျပ်မှ ၁၁၀၀ ကျပ်၊ အလတ် ၁ ပွင့် ၇၀၀ ကျပ်မှ ၈၀၀ ကျပ်၊ ပွင့်‌သေး ၁ ပွင့်လျှင် ၅၅၀ ကျပ်မှ ၆၀၀ ကျပ်ဈေးနှုန်းများနှင့် ရောင်းဝယ်မှုရှိပြီး ရာသီစာဖြစ်သောကြောင့် ဈေးအတွင်းအရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA (မန္တလေး)

မြင်းခြံမြို့ အေးမြသီတာဈေးရှိ ခေါပုတ်ဈေးနှုန်း

          နိုဝင်ဘာလဆန်းတွင် ဆောင်းရာသီသို့ စတင်ဝင်ရောက်လာပြီဖြစ်ရာ ကျေးရွာဓလေ့ မနက်ခင်းပိုင်းတွင် ခေါပုတ်ကြော် သကြားလေးဖြူးပြီး ရေနွေးကြမ်းနှင့် စားသောက်သုံးစွဲကြပါသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ် တောင်ကြီး၊ မန္တလေးတိုင်း ပြင်ဉီးလွင်၊ စစ်ကိုင်းတိုင်း ကောလင်းစသည့်ဖြင့် ခေါပုတ်ကို အသီးသီးဒေသစုံမှ ပြုလုပ်ပြီး ရောင်းချကြကြောင်း၊ မြင်းခြံမြို့ အေးမြသီတာဈေးသို့ စစ်ကိုင်းတိုင်း ကောလင်းဒေသမှ ထွက်ရှိသော ခေါပုတ်များ စတင်ဝယ်ယူရောင်းချနေပြီဖြစ်ကြောင်း သိရသည်။ ခေါပုတ်ကို မီးကင်၍လည်းကောင်း၊ ဆီဖြင့်ကြော်၍လည်းကောင်း စားသောက်သုံးစွဲကြပါသည်။ ခေါပုတ်အဖြူနှင့် ခေါပုတ်အညို နှစ်မျိုးရှိကြောင်း၊ ခေါပုတ်အသေး(၁၀) ခုပါ တစ်ထုပ်လျှင် (၁၀၀၀)ကျပ်နှင့် (၃)ထုပ်လျှင် (၂၅၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကွင်းဆင်းစုံစမ်းချက်အရ မြိတ်မြို့ရှိ ဘိလပ်မြေစျေးနှုန်း

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက် နေ့တွင် မြိတ်မြို့၊ တောရကျောင်းရပ်ရှိ ဘိလပ်မြေရောင်းချနေသော ကုန်မာဆိုင်များသို့သွားရောက်၍ ဒေသတွင်း ဘိလပ်မြေစျေးနှုန်းနှင့် လက်ကျန်အခြေအနေတို့ကို ကွင်းဆင်းစုံစမ်းခဲ့ကြောင်း သိရှိ ရပါသည်။

    အဆိုပါ ဘိလပ်မြေအရောင်းဆိုင်သို့ကွင်းဆင်းရာ၌ မြိတ်မြို့အတွင်း ဘိလပ်မြေဝင်ရောက် နေမှု၊ လက်ကျန်အခြေအနေနှင့် စျေးနှုန်း တို့ကိုမေးမြန်းခဲ့ရာ မြိတ်မြို့တွင် ဘိလပ်မြေ အယ်လ်ဖာ တစ်အိပ်စျေးနှုန်း ၂၇၀၀၀ကျပ်၊ ကြံ့တစ်အိတ် ၂၇၀၀၀ကျပ်နှင့် ဆင်နီတစ်အိတ်လျှင် ၂၈၀၀၀ခန့်ဖြစ် ပေါ်နေပြီး ဒေသအတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့်ရောင်းချရန်နှင့် စျေးနှုန်းမမြှင့်တက် စေရေးတို့အတွက် ပစ္စည်းပြတ်လပ်မှုမရှိစေရေးဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ပန်းမုံလာပွင့်ဈေးကွက်

              မန္တလေးမြို့တွင်းသို့ ပန်းမုံလာပွင့်များကို ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင်နှင့် ရွာငံဘက်များမှ ဝင်ရောက်လျှက်ရှိပါသည်။ ဆောင်းအဝင်မှာ ဝင်ရောက်သည့်ပန်းမုံလာပွင့်များသည် ရာသီစာတစ်ခု ဖြစ်သည့်အတွက် အကြိုက်များပါသည်။ မန္တလေးမြို့တွင် ပန်းမုံလာပွင့်ဈေးကွက်အနေနှင့် ၄၁ လမ်း၊ ကုန်စိမ်းဈေးတွင် ပန်းပွင့်အကြီး ၁၀ ပွင့်လျှင် ၈၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်၊ အလတ်ပွင့် ၁၀ ပွင့်လျှင် ၆၀၀၀ ကျပ်မှ ၆၅၀၀ ကျပ်၊ အပွင့်သေး ၁၀ ပွင့်လျှင် ၄၁၀၀ ကျပ်မှ ၅၀၀၀ ကျပ်ဈေးနှုန်းများနှင့် ရောင်းဝယ်မှုရှိပြီး ရပ်ကွက်အတွင်းရှိ လက်လီဈေးများတွင် ပန်းပွင့်ကြီး ၁ ပွင့်လျှင် ၁၀၀၀ ကျပ်မှ ၁၁၀၀ ကျပ်၊ အလတ် ၁ ပွင့် ၇၀၀ ကျပ်မှ ၈၀၀ ကျပ်၊ ပွင့်‌သေး ၁ ပွင့်လျှင် ၅၅၀ ကျပ်မှ ၆၀၀ ကျပ်ဈေးနှုန်းများနှင့် ရောင်းဝယ်မှုရှိပြီး ရာသီစာဖြစ်သောကြောင့် ဈေးအတွင်းအရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA (မန္တလေး)

ထားဝယ်မြို့ရှိ ခရမ်းချဉ်သီး စျေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ထားဝယ်မြို့မစျေးကြီးများနှင့် ကမ်းနားပျံကျစျေးများတွင် အရောင်းအဝယ်ကောင်းလျက်ရှိပြီး တစ်နိုင်တစ်ပိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ထားဝယ်မြို့ စည်ပင်သာယာစျေးကြီးများနှင့် ကမ်းနားပျံကျစျေးများတွင် စျေးကွက်တွင် ခရမ်းချဉ်သီးစျေးနှုန်းများမှာ စျေးကောင်းရရှိကာ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း၊ ယခုအခါ ထားဝယ်မြို့‌စျေးကွက်အတွင်း နိုဝင်ဘာလဒုတိယအပတ်တွင် ခရမ်းချဉ်သီးစျေးနှုန်းများမှာ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ရှိကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၏ မုန်လာဥ‌စျေးနှုန်း

     ထားဝယ်မြို့ရှိ ဈေးများတွင် အသား/ငါးများ၊ သစ်သီးဝလံများအား အများအပြားရောင်းချလျက်ရှိရာ ရာသီပေါ်သီးနှံဖြစ်သည့် မုန်လာဥများကို အခြားမြို့များမှ ကုန်ကားများဖြင့် သယ်ယူရောင်းချသည့်အပြင် အနီးတဝိုက်ရှိ ကျေးရွာများနှင့်ခြံများမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ထားဝယ်မြို့ပေါ်သို့ လာရောက်ရောင်းချကြကာ မိသားစုဝင်ငွေများ ရရှိနေကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ရောင်းချနေသည့် မုန်လာ (၁)စည်းလျှင် (၁၀၀ဝ/-)ကျပ်ဖြင့် ရောင်းချကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း