ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၉.၁၂.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင်  ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

       ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ နေ့စဉ်အနယ်နယ် အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၉.၁၂.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၈၅၀၅၀၀) ကား (၁၀၇) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး ၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၂၉၆၅၀၀) ကား (၃၂) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန် ပိဿာပေါင်း (၇၁၄၀၀)  ကား (၄၉) စီးဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“အောင်သပြေပန်းများ အရောင်းသွက်လျက်ရှိ”

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်စနစ်ဖြင့် ရှေးယခင်ကပင် စပါး၊ ပဲ၊ နှမ်း၊ ပြောင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမာန်များအား စိုက်ပျိုးခဲ့ကြပါသည်။ ယင်းသီးနှံများအနက်မှ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး စီးပွားဖြစ်ဝင်ငွေတိုးသော ဈေးကွက်ဝယ်လိုအားရှိ သော အောင်သပြေပန်းငုတ်များကို ကျောက်ဆည် မြို့နယ်၊ မြစ်သားမြို့နယ်၊စဉ့်ကိုင်မြို့နယ်များတွင် စိုက်ပျိုးလျက်ရှိကြောင်း သပြေပန်းစိုက်ပျိုးရန်အတွက် မျိုးစေ့ကို ခရမ်းသုံးခွမြို့နယ်များမှ ဝယ်ယူ စိုက်ပျိုးကြကြောင်း၊ မျိုးစေ့ (၁)ပြည်လျှင် (၁၈၀၀၀- ၂၀၀၀၀)ကျပ်ခန့်ရှိပြီး တစ်ဧကလျှင် မျိုးစေ့ ပြည်(၈၀)ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး (၂)လခွဲသားဝန်ကျင်တွင် အပင်များကို ဖြတ်တောက်ပြီး ငုတ်ချန်ပေးရကြောင်း ၊ ငုတ်ချန်ပြီး တစ်နှစ်အကြာတွင် ရောင်းတန်းဝင်ပန်းများရရှိပြီးဖြစ်ကြောင်း၊ သပြေပန်းများ ပိုးမကိုက်၊ အညွှန့်များ လှအောင်၊ အရွက်မာအောင် ဈေးကွက်မဖြန့်ခင် တစ်လအလို တွင် ဆေးဖြန်းပေးရကြောင်း၊ စိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၅၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကအပင်ပေါင်း (၁၅၀၀၀၀)ခန့်ထိ ရှင်သန်နိုင်ကြောင်း၊ မြေပြုပြင်မှုနှင့် ရေ ၊ မြေ အပြုအစုကောင်းပါက ပန်းများပိုမိုလှကြောင်း၊ အရွယ်အစားပေါ်မူတည်၍ တစ်နှစ်သား အောင်သပြေ ငုတ်တစ်ငုတ်လျှင် (၅၀၀-၁၅၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ နှစ်နှစ်သား တစ်ပင်လျှင် (၃၀၀၀-၅၀၀၀)ကျပ်ထိ ရောင်းချရကြောင်း၊ လက်ကားဖောက်သည်ဈေးအနေဖြင့် (၂၀%) လျော့၍ ရောင်းချပေးကြောင်း၊ အောင်သပြေငုတ်များ စိုက်ပျိုးရာတွင် အပင်သက်တမ်း (၃)နှစ်အထိ ရောင်းချ ပေးနိုင်ကြောင်း၊ ပန်းများကို အနီးပတ်ဝန်ကျင်ရှိ ကျေးရွာများမှ လာရောက်ဝယ်ယူသူများရှိသလို ရန်ကုန်မြို့ များသို့လည်း Express ကားများဖြင့် တင်ပို့ရောင်းချကြောင်း၊ ကျန်နယ်ဝေးများမှ မှာယူ လျှင်လည်း ကားဂိတ်အရောက် သေချာစွာထုတ်ပိုးပြီး ရောင်းချပေးလျက်ရှိကြောင်း၊ အောင်သပြေငုတ်စိုက်ပျိုးမှုတွင် အခင်းပြတ်ရောင်းချပါက ငွေအလုံးအရင်း ရရှိသော်လည်း တစ်နိုင်တစ်ပိုင်‌ နေ့ချင်း ရောင်းချပါက ပိုမိုအကျိုးမြတ်ဖြစ်ထွန်းကြောင်း၊ သပြေငုတ်စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ် ဝင်ငွေတိုးကာ စားဝတ်နေရေးပြေလည်သောကြောင့် အောင်သပြေပန်း စိုက်ပျိုးသူများ များပြားလာလျက်ရှိကြောင်း အောင်သပြေပန်းစိုက်ပျိုးခြင်းဖြင့် စီးပွားရှာနေသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရ ပါသည်။      

DOCA(မန္တလေး)    

ကြည့်မြင်တိုင်မြို့နယ် KIP ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

         စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့် အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစား သောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIP ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ၈.၁၂.၂၀၂၅ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ် KIP ဆိပ်ကမ်းတွင် MV. BAUHINIA V .11/25OP သင်္ဘောဖြင့် Star (3) ဆီကန်သို့   2400 MT၊ Star (4) ဆီကန်သို့ 2900 MT စုစုပေါင်း (5300) MT ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့နယ်၌ ပဲစဉ်းငုံဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

    မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်လည်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ပဲစဉ်းငုံနီတစ်တင်းလျှင် (၇၁၀၀၀)ကျပ်၊ ပဲစဉ်းငုံဖြူတစ်တင်းလျှင် (၆၈၀၀၀)ကျပ်နှင့် အောက်စတစ်တင်းလျှင်(၆၇၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ယခင်နိုဝင်ဘာ စတုတ္ထပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလ ဒီဇင်ဘာလ ပထမပတ်အတွင်း ပဲစဉ်းငုံနီတစ်တင်းလျှင်(၁၀၀၀)ကျပ်နှင့် ပဲစဉ်းငုံဖြူ()တင်း လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ ဒေသထွက်ပဲစဉ်းငုံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ ဆီနေကြာသီးနှံဈေးနှုန်း ဆက်လက်မြင့်တက်

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ကြက်ဆူနှင့် နေကြာသီးနှံတို့ကို စိုက်ပျိုးလျက်ရှိကြောင်း၊ ဆီနေကြာစိုက်ပျိုးရာတွင် မိုးနေကြာနှင့် ဆောင်းနေကြာဟူ၍ (၂)မျိုးရှိကြောင်း၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးလျက်ရှိသည့် နေကြာမျိုးအနေဖြင့် ဆင်းရွှေကြာ-၂မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ သွင်းအားစုနှင့် မြေအနေ အထားအပေါ်မူတည်၍ နေကြာအထွက်နှုန်း ကွာခြားမှုရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် (၅၇၀၀၀)ကျပ်၊ နေကြာညံ့လျှင် (၅၆၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နိုဝင်ဘာလ စတုတ္ထပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလ ပထမပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် (၅၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း၊ ကန့်ဘလူမြို့နယ်တွင် နေကြာသီးနှံကိုဆီကြိတ်၍ ကုန်ချောထုတ်လုပ်ပြီး ပိုလျှံသောနေကြာများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင် များသို့ တင်ပို့လျက်ရှိကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပဲဈေးကွက်၌ ဈေးနှုန်းဆက်လက်ကျဆင်းနေသော စွန်တာနီ(ပဲနီ)

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက် ရှိရာ စွန်တာနီ(ပဲနီ)သီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး မိုးသီးနှံ စွန်တာနီ(ပဲနီ)(၂၂၀၀)ဧကကျော် စိုက်ပျိုး ထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၈၃၀၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၈၂၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင် နိုဝင်ဘာလ စတုတ္ထပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလ ပထမပတ်အတွင်း စွန်တာနီ(ပဲနီ) တစ်တင်းလျှင်(၅၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်းနေကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

“ဂေါ်ရခါးသီးဈေးနှုန်းအခြေအနေ”

   ကျောက်ဆည်ခရိုင်အတွင်းရှိ ဈေးများသို့ ဂေါ်ရခါးသီးများ ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်၊ အောင်ပန်း ၊ ပင်းတယနှင့်ရွာငံရေဦးမြို့များမှ ဝင်ရောက်လျက်ရှိကြောင်း ဂေါ်ရခါးသီး သီးနှံသည် တစ်နှစ်ပတ်လုံးစိုက်ပျိုး၍ရကြောင်း ဂေါ်ရခါးသီးကိုလူကြိုက်များသောကြောင့် ဝယ်လိုအားရှိ ကြောင်း၊ ယခုလက်ရှိ ဂေါ်ရခါးသီး ဈေးနှုန်းအနေဖြင့် အလုံးအကြီးအသေးပေါ်မူတည်၍ လက်ကား တစ်လုံးလျှင်(၃၀၀-၃၅၀/-)ကျပ်ဈေးရှိပြီး လက်လီတစ်လုံးလျှင်(၄၅၀-၅၀၀/-) ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း၊   ဂေါ်ရခါးသီး စားသုံးခြင်းဖြင့် အမျှင်ဓာတ်နှင့် ရေဓာတ်များစွာ ပါဝင်သောကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း၊ ဗီတာမင်ဘီနှင့် ဗီတာမင်စီဓာတ်တို့ ပါဝင်နေသဖြင့် ကိုယ်ဝန် ဆောင် မိခင်များ စားသုံးပေးခြင်းဖြင့် မွေးရာပါ ချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်းနှင့် ခန္ဓာကိုယ် သက်လုံကောင်းစေပြီး အမောခံနိုင်စေသောကြောင့် ဂေါ်ရခါးသီးကို အသားဟင်း ချက်ပြုတ်ရာတွင် လည်းကောင်း မုန့်နှစ်နှင့်ကြော်စားရာတွင်လည်းကောင်း ထည့်သွင်း အသုံးပြုကြ ပါကြောင်း၊ ဂေါ်ရခါးသီး စားသုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ရေသားတင်ပြ အပ်ပါသည်။

DOCA(မန္တလေး)

 

“ခရမ်းကြွပ်သီးဈေးနှုန်းဈေးကွက်”

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းစသည့်သီးနှံမျိုစုံ စိုက်ပျိုးသည့်အပြင် ကုန်စိမ်းသီးနှံဖြစ်‌သော ခရမ်းကြွပ်သီးနှံကိုလည်း စိုက်ပျိုး လျက်ရှိကြောင်း၊ ခရမ်းကြွပ်သီးအပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း၊ ခရမ်းကြွပ်သီး စိုက်ပျိုး မည်ဆိုပါက မျိုးစေ့ကို ပျိုးထောင်ခြင်းနှင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးနည်းဟူ၍ (၂)မျိုးစိုက်ပျိုးလျက် ရှိကြောင်း၊ ခရမ်းကြွပ်သီးကို ပျိုးထောင်ပြီး စိုက်ပျိုးမည်ဆိုပါက ပျိုးသက် တစ်လခွဲသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး (၂)လ (၃)လ အကျော်တွင် အသီးများ စတင်ခူးဆွတ်နိုင်ပြီး တစ်ပတ်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ပြီးမှ တစ်ပတ်နှင့် တစ်ပတ်အထွက်နှုန်း ပိုမိုလာကြောင်း၊ သက်တမ်းအနေဖြင့် (၂)လခန့်အထိ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေ ဖြင့် လုပ်သားခ၊ မျိုး၊ သွင်းအားစုအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်အနေဖြင့် (၉၀၀၀၀၀-၁၀၀၀၀၀၀) ခန့် ကုန်ကျကြောင်း၊ ခရမ်းကြွပ်သီး လက်ကားဈေးအနေဖြင့် တစ်ပိဿာလျှင် (၂၅၀၀/-)ကျပ်၊ လက်လီဈေးအနေဖြင့် တစ်ပိဿာလျှင် (၃၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ခရမ်းကြွပ် သီးကို ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူပြီး ကျောက်ဆည်မြို့ရှိ မြို့မဈေး၊ အေးမြ ကြည်လင်ဈေး၊ စဉ့်ကိုင်မြို့ နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ရှမ်းမြေပဲထောင့်အစိုများ ဈေးနှုန်းတည်ငြိမ်လျက်ရှိ”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကုန်စိမ်းပွဲရုံများသို့ ရှမ်းမြေပဲထောင့် အစိုများ ဈေးကွက်အတွင်းသို့ ဖြိုင်ဖြိုင်ဝင်ရောက်လာပြီး အရောင်းအဝယ်ကောင်း နေကြောင်း သိရှိရပါသည်။ မြေပဲထောင့်အစိုများသည် ယခုအချိန်တွင် မြေပြန့်ဒေသများမှ  ထွက်ရှိမှုနည်းပါးပြီး  တောင်ပေါ်ဒေသများဖြစ်သည့် ပင်းတယ၊ အောင်ပန်း၊ ရေဦး၊ ရွာငံဒေသများမှ အဓိကအများဆုံး ဝင်ရောက်လာကြောင်း၊  မြေပဲစိုက်ပျိုးရာတွင် မြေပဲပင်များကို ကျင်းတူးကာ တစ်ကျင်းလျှင် နှစ်စေ့ နှုန်းဖြင့် တစ်တောင်ခြားစိုက်ပျိုးကြကြောင်း၊ တစ်ပတ်အကြာတွင် အညှောင့်များ စတင်ထွက်ရှိပြီး သုံးလအကြာတွင် စတင်နှုတ်ယူ၍ရကြောင်း၊ သဲနှုန်းမြေပေါ်တွင် စိုက်ပျိုးပါက အထွက်နှုန်းတိုး ကြောင်း၊ မြေပဲများအား နှုတ်ယူပြီးပါက မြေပဲတောင့် အစိုများကို  ဈေးကွက်အတွင်းသို့ တင်ပို့ ရောင်းချ ကြပါကြောင်း၊ ရောင်းချရာတွင် လက်ကားဈေးအနေဖြင့်  မြေပဲအစို (၁)ပြည်လျှင် (၂၀၀၀/-)ကျပ်၊ လက်လီဈေး(၁)ပြည်လျှင်(၂၅၀၀/-)ကျပ်များဖြင့် ရောင်းဝယ်ဖြစ်နေကြောင်း၊ ဈေးသည် များမှလည်း ရှမ်းမြေပဲများကိုဝယ်ယူ၍ အစိမ်းရောင်းချသလို ပြုတ်၍လည်း ရောင်းချ လျက်ရှိကြောင်း၊ မြေပဲကို ပြုတ်ပြီးပြန်လည်ရောင်းချပါက အစို(၁)ပြည်လျှင်(၂၅၀၀/-) ကျပ်ဈေး ဖြစ်ပြီး၊ ပြုတ်၍ ရောင်းချပါက (၁)ဗူးလျှင်(၅၀၀/-)ကျပ်နှင့်  (၁)ပြည်လျှင်(၃၀၀၀/-) ကျပ်ရရှိသော ကြောင့် ပိုမိုအကျိုးမြတ်ဖြစ်ထွန်းကြောင်း၊ မြေပဲစားသုံးခြင်းဖြင့် ပရိုတိန်းဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်တို့ ပါဝင်ကြောင်း၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးကြောင်း အဆစ်ရောင်ရမ်းခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးကြောင်း လေ့လာသိရှိရပါသည်။ ကျန်းမာရေးအကျိုးကျေးဇူးရှိသော မြေပဲကို ဝယ်ယူစားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါ သည်။

DOCA(မန္တလေး)

“ကြက်ဟင်းခါးစိုက်ပျိုးဝင်ငွေတိုး”

 မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ပဲ၊ ကြက်သွန်၊ ငရုတ်၊ နှမ်း၊ မြေပဲစသည့်  သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အပြင် ကုန်စိမ်းသီးနှံ တစ်မျိုးဖြစ်သောကြက်ဟင်းခါးသီးသီးနှံကိုလည်းမိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ ကြက်ဟင်းခါးသီးပင်ကို ရာသီးမရွေးစိုက်ပျိုးနိုင်ပြီး တောင်သူအများစုသည် ဗိုလ်တစ်ထောင် ကြက်ဟင်းခါးမျိုးများကို စိုက်ပျိုးကြကြောင်း၊ ကြက်ဟင်းခါးပင် စိုက်ပျိုးမည် ဆိုပါက မျိုးစေ့ကို ပျိုးအရင်ထောင်ရကြောင်း၊ ပျိုးသက် (၂၅)ရက်ခန့်ပြည့်လျှင် ပြောင်းရွှေ့ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး (၃)လခန့်အကြာတွင် ကြက်ဟင်းခါးသီးများ စတင်ခူးဆွတ်နိုင် ကြောင်း၊ (၇)ရက်ခြား  တစ်ကြိမ် ခူးဆွတ်ရပြီး သက်တမ်းအနေဖြင့် (၅)လခန့်အကြာထိ ခူးဆွတ်နိုင်ကြောင်း အထွက်နှုန်းအနေဖြင့် (၁)ဧက လျှင် စတင်ခူးဆွတ်ချိန်တွင် ပိဿာ (၅၀)ခန့်ထွက်ရှိပြီး အထွက်အများဆုံးအချိန်တွင် ပိဿာ (၁၀၀-၁၁၀)ခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၁၂၀၀၀၀၀-၁၅၀၀၀၀၀)ကျပ် ကုန်ကြကြောင်း၊ ကြက်ဟင်းခါးသီး ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် လက်ကားဈေး (၃၀၀၀-၃၂၀၀)ကျပ် ဈေးနှုန်းရှိပြီး လက်လီဈေးနှုန်းအနေဖြင့် (၃၅၀၀-၃၈၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချရကြောင်း၊ ကြက်ဟင်းခါးသီး အလုံးအကြီးအသေး ပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း သိရှိရပါသည်။ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူသည့်အတွက် သယ်ယူစရိတ်သက်သာကြောင်း၊ ၄င်းတို့မှတဆင့် ရန်ကုန်-မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းချရကြောင်း သိရှိရပါသည် ။ (၁)ဧက အကျိုးအမြတ် အနေဖြင့် (၁၅)သိန်းကျပ် ဝန်းကျင်ခန့် အမြတ်ရသည့်အတွက် တွက်ခြေကိုက်သည့် သီးနှံ ဖြစ်ကြောင်း ၊ ကြက်ဟင်းခါးသီး စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရ ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း