မြိတ်မြို့၊ မြို့သစ်ရပ်၊ သီဟဇေယျစျေးကြီးအတွင်း ရောင်းချနေသော ရေထွက်ကုန်စျေးနှုန်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ဝန်းရံလျက်ရှိကာ ကမ်းရိုးတန်း‌ဒေသဖြစ်သည့်အတွက် ရေသယံဇာတများလည်းပေါများလှသည့်အပြင် ပင်လယ်ပြင်မှ သား/ငါးမျိုးစုံလည်း ဖမ်းဆီးရမိလျက်ရှိပါသည်။ ဒါအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ငါးသားပေါက်များဝယ်ယူ၍ ငါးမွေး မြူရေးကန်များပြုလုပ်၍လည်း မွေးမြူကြပါသည်။ ရေလုပ်ငန်းကိုအများဆုံးလုပ်ကိုင်၍ ရရှိလာသော သားငါးများကို မြိတ်မြို့ပေါ်ရှိ စည်ပင်သာယာစျေးနှင့် အအေးခန်းစက်ရုံများတွင် လာရောက်ရောင်းချ ကြသလို ရေခဲရိုက်၍ ရန်ကုန်မြို့သို့ ပို့ဆောင်ရောင်းချကြပါသည်။ ထို့အပြင် ဒေသတွင်းစျေးများတွင် ရောင်းချကြပြီး မြိတ်မြို့၊ မြို့သစ်ရပ်၊ သီဟဇေယျစျေးကြီးတွင်လည်းရောင်းချလျက်ရှိပါသည်။

    ၂၀၂၆ ခုနှစ် ဇန်နဝါရီလ၊ ဒုတိယအပတ်တွင် မြို့သစ်ရပ်ရှိ သီဟဇေယျာစျေးကြီး၌ ကကတစ်ငါး (ကပေါင်း) တစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ ကာလဂုတ်ငါးတစ်ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ ဘီးဇင်ငါး (ငါးကွမ်းရှပ်)တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ ဟင်းချိုမငါးတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ကင်းမွန် (ပြည်ကြီးငါး)တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ ပုဇွန်(တိုက်ဂါး) တစ်ပိဿာလျှင်(၄၅၀၀၀)ကျပ်၊ ပုဇွန် ဖြူအကြီးတစ်ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ ပုဇွန်ဖြူအငယ်တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ရေချိုပုဇွန် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ကျောက်ပုဇွန်(ပဂဲ)တစ်ပိဿာလျှင် (၉၀၀၀၀)ကျပ်ရှိကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)