ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဒီဇင်ဘာလ ငါန်းဇွန်မြို့နယ်၏ ဆောင်းမြေပဲ စိုက်ပျိုးပြီးစီးမှု

          ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သောမြို့နယ်တစ်မြို့ဖြစ်ပြီး ဆီထွက်သီးနှံများ ဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာနှင့် ပန်းနှမ်းတို့ကိုလည်း အဓိက စိုက်ပျိုးကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းမြေပဲ လျာထားဧက (၃၃၂၃)ဧက လျာထားခဲ့ပြီး စိုက်ပျိုးမှု(၂၇၃၄)ဧက စိုက်ပျိုးထားကြောင်း သိရသည်။ ယခင်နှစ် ဆောင်းမြေပဲ လျာထားဧက (၃၃၁၅)ဧက၊ စိုက်ပျိုးဧက(၃၃၀၁)ဧက အထွက်နှုန်းမှာ (၆၃.၁၀)တင်းနှင့် အထွက်တင်း ပေါင်း(၂၀၈၂၉၃)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။ ငါန်းဇွန်မြို့နယ်သည် မိုးကောင်း ရေသောက် မြို့နယ်ဖြစ်သောကြောင့် စိုက်ပျိုးသောမျိုးများမှာ ဆင်း-၁၁၊ SP- 121 မျိုးနှင့် ကျောင်းကုန်းမျိုးများကိုသာ  အများဆုံးစိုက်ပျိုးကြောင်း သိရသည်။  ယခင်နှစ် ပေါ်စချိန်တွင် မြေပဲတောင့်  တစ်တင်းလျှင် ဈေးနှုန်းမှာ (၃၅၀၀၀)ကျပ်ဖြင့် ကျေးရွာများသို့ တိုက်ရိုက်ဝယ်ယူသော ပွဲစားများရှိသလို မန္တလေးမြို့သို့ ဆီဆံခွဲ၍ ရောင်းချကြောင်း သိရသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလ ငါန်းဇွန်မြို့နယ်၏ ပဲတီစိမ်း(မိုး) ရိတ်သိမ်းပြီးစီးမှု

    ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သောမြို့နယ် တစ်မြို့ဖြစ်ပါ သည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲတီစိမ်း (မိုး)လျာထားဧက (၁၆၉၅)ဧက  လျာထားခဲ့ပြီး စိုက်ပျိုးဧက (၁၉၇၇)ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၁၀.၀၆)တင်း ထွက်ရှိပြီး အထွက်တင်းပေါင်း( ၁၉၈၈၉)တင်း ထွက်ရှိကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ် ပဲတီစိမ်း(မိုး) လျာထားဧက (၁၆၉၅)ဧက လျာထားခဲ့ပြီး စိုက်ပျိုးမှု(၂၀၂၂)ဧက စိုက်ပျိုးထာပြီး ဒီဇင်ဘာလဆန်းထိ ရိတ်သိမ်း ပြီးစီးမှုအနေဖြင့် (၂၆၀)ဧက ပြီးစီး၍ အထွက်နှုန်းမှာ(၁၀.၁၀)တင်းနှင့် အထွက်နှုန်းပေါင်း (၂၆၂၆) တင်းထွက်ရှိကြောင်း သက်ဆိုင်ရာဌာနစာရင်းအရ သိရှိရသည်။ ငါန်းဇွန်မြို့နယ်သည် မိုးကောင်း ရေသောက် မြို့နယ်ဖြစ်သောကြောင့် စိုက်ပျိုးသောမျိုးများမှာ ရေဆင်း-၁၄နှင့် ရေဆင်း-၁၁ မျိုးကိုသာ အများဆုံးစိုက်ပျိုးကြောင်း သိရသည်။  ယခုနှစ် ပေါ်စချိန်တွင် ပဲတီစိမ်း တစ်ပိဿာ ဈေးနှုန်းမှာ (၅၅၀၀)ကျပ်ဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလ ငါန်းဇွန်မြို့နယ်၏ အစေ့ထုတ်ပြောင်း(မိုး) ရိတ်သိမ်းပြီးစီးမှု

   ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သောမြို့နယ် တစ်မြို့ဖြစ်ပါ သည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အစေ့ထုတ်ပြောင်းလျာထားဧက (၂၇၄၂)ဧက  လျာထားခဲ့ပြီး စိုက်ပျိုးဧက (၃၆၆၉)ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၇၈.၉၀)တင်း ထွက်ရှိပြီး အထွက်တင်းပေါင်း(၂၈၉၄၈၄)တင်း ထွက်ရှိကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ် အစေ့ထုတ် ပြောင်းလျာထားဧက(၃၆၆၉)ဧက လျာထားခဲ့ပြီး စိုက်ပျိုးမှု(၄၂၅၉) ဧက စိုက်ပျိုးထာပြီး ဒီဇင်ဘာ လဆန်းထိ ရိတ်သိမ်းပြီးစီးမှုအနေဖြင့် (၇၂၀)ဧက ပြီးစီး၍ အထွက်နှုန်းမှာ(၇၈.၇၀)တင်းနှင့် အထွက် နှုန်းပေါင်း (၅၆၆၆၄)တင်းထွက်ရှိကြောင်း သက်ဆိုင်ရာဌာနစာရင်းအရ သိရှိရသည်။ ငါန်းဇွန်မြို့ နယ်သည် မိုးကောင်းရေသောက် မြို့နယ်ဖြစ်သောကြောင့် နွားစာတိရစ္ဆာန်အစာရှားပါး သောကြောင့် ဖူးစားပြောင်းရိုးများကို နွေရာသီနွားစာရှားပါးချိန် နွားစာဖူလုံရန်အတွက် အများဆုံး စိုက်ပျိုး ကြကြောင်း သိရသည်။ ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ်နှင့် တံတားဦးမြို့နယ် များတွင် ဆည်ရေဖြင့်စိုက်ပျိုးသော နှမ်းစိုက်ခင်းများ  ပေါ်ချိန်တွင် နွားစာများ သွားရောက်ဝယ်ယူရပါ ကြောင်း သိရသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့တွင် ရောင်းချနေသော ငါးကြီးချဉ်နှင့် ငါးသေးချဉ်

     ကျွန်းလှမြို့နယ်အတွင်း သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချို ငါးများကို   ဝယ်ယူရောင်းချကြောင်း နှင့် ဒေသထွက် ရေချိုငါးများကို  ငါးချဉ်များ ပြုလုပ်၍ ရောင်းချ လျက်ရှိကြောင်းသိရသည်။ ငါးကြီးသားချဉ်ပြုလုပ်သည့် ငါးများကို သဖန်းဆိပ်ဆည်အတွင်းမှ ရရှိသည့် ငါးကြင်း၊ ငါးတိုတို့ဖြင့် လည်းကောင်း ငါးသေးချဉ်ပြုလုပ်သည့် ငါးမှာ ငါးဗျက် နှင့် ငါးရှည်(ခေါ်)ခိုင်သင်းကြည်ငါးများဖြင့် သာပြုလုပ်ရောင်းချကြောင်းသိရသည်။

         ငါးကြီးချဉ် နှင့် ငါးသေးချဉ်တို့ကို ပြုလုပ်ရာတွင် ငါးများကို ရေအထပ်ထပ်နှင့် သန့်စင်အောင် ဆေးကြောကာ ရေစစ်အောင်စစ်ထားပြီး ထမင်း(သို့မဟုတ်)ထမင်းနဲ၊ ဆားတို့ဖြင့် သေချာစွာနယ်ပြီး ဖက်များဖြင့်ထုတ်ကာ ကြိုများဖြင့် (၅)ထုတ်တစ်တွဲတွဲ၍ ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော ငါးကြီးချဉ် ()ပိဿာလျှင် (၃၈၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၂၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်ဈေးနှုန်း တို့ဖြင့်လည်း ကောင်း ငါးသေးချဉ်()ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၇၀၀၀)ကျပ်၊ (၁၀) ကျပ်သား လျှင်(၃၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့တွင် ရောင်းချနေသော ငရုတ်သီးစိမ်း နှင့် ပန်းငရုတ်ပွသီး ဈေးနှုန်း

     ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စားဖိုဆောင် သီးနှံများဖြစ်သည့် ကန်ဇွန်း၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ခဝဲ၊ ခဆော့သီး၊ ကင်းမုံသီး၊ ပဲတောင့်ရှည်သီး ရုံးပတီသီး နှင့် သခွားသီး စသည်တို့ကို စိုက်ပျိုးသည့်အနက် ငရုတ်သီးစိမ်းများဖြစ်သည့် မိုးမျှော်ငရုတ် (ကျောက်စိမ်းမျိုး)နှင့် ကုလားအော် ငရုတ်သီးစိမ်း တို့ကိုပါ စိုက်ပျိုးရောင်းချကြပါသည်။

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော ငရုတ်သီးစိမ်း ဈေးနှုန်း အနေဖြင့် မိုးမျှော်ငရုတ်(ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၃၀၀)ကျပ်၊ ကုလားအော် ငရုတ်သီးစိမ်း တစ်ပြည်လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီ တစ်ဘူးလျှင်(၁၅၀၀)ကျပ်နှင့် ကုလားအော် ငရုတ်သီးစိမ်း တစ်ပုံလျှင်(၅၀၀)ကျပ်၊ ပန်းငရုတ်ပွသီး ဈေးနှုန်း မှာ ပန်းငရုတ်ပွသီး လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ပန်းငရုတ်ပွသီး လက်လီ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် ပန်းငရုတ်ပွသီး (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ်ဈေးနှုန်းများဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် ပန်းငရုတ်ပွသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဂန္ဓမာပန်း ဈေးနှုန်း

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း (အောင်သပြေ) အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။  

       ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ဂန္ဓမာပန်း ဈေးနှုန်းအနေဖြင့် ဂန္ဓမာပန်း စံပါယ်ဖြူ အပွင့်ကြီး(၅)ခက်ပါ တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ဂန္ဓာမာပန်း စံပါယ်ဖြူ အပွင့်သေး တစ်စီးလျှင်(၂၀၀၀)ကျပ်၊ ဂန္ဓမာ အပွင့်သေး အညိုရောင်၊ အဝါရောင်၊ ခရမ်းရောင် နှင့် ပန်းရောင်တို့မှာ တစ်စီးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခါကြက်ဥ ၊ ဂျူးမြစ် နှင့် မုန့်ညှင်းထုတ်

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ငရုတ်သီးစိမ်း၊ ခဝဲသီး၊ ဗုံလုံသီး သင်္ဘောသီး ကင်မုံသီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းသီး၊ ခရမ်းကြွပ်သီး နှင့်  ခါကြက်ဥ(ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင် ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမအပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချနေသော  ခါကြက်ဥ၊ ဂျူးမြစ် နှင့် မုံညှင်းထုပ် ဈေးနှုန်းအနေဖြင့်  ခါကြက်ဥ(ဗမာ)ဥ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်ဥ)တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၉၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း ဂျူးမြစ် ဈေးနှုန်းမှာ ဂျူးမြစ် လက္ကား တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဂျူးမြစ် လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊၅၀ကျပ်သားလျှင်(၅၀၀၀)ကျပ်၊၂၅ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့်ဂျူးမြစ် (၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ မုံညှင်းထုတ် ဈေးနှုန်းအနေဖြင့် မုံညှင်းထုတ် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် ခါကြက်ဥ(ဗမာ) (၁)ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်ူး ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး နှင့် ခရမ်းသီး ဈေးနှုန်း

     ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာတို့မှ ထွက်ရှိသည့် ဒေသထွက် ခရမ်းသီးနှင့် ခရမ်းချဉ်သီးများကို ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊  ဒီဇင်ဘာလ ပထမပတ်တွင် သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ကျွန်းလှဒေသထွက် ခရမ်းချဉ်သီး အလုံးကြီး တစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၂၃၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ရှမ်း ပြည်ဒေသထွက် ခရမ်းချဉ်သီး(အင်းသီး)တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၈၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ ခရမ်းသီး ဈေးနှုန်းအနေဖြင့် ထောပတ် ခရမ်းသီး လက်လီ တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၈၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် နှင့် ပဒေသာ ခရမ်းသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် ခရမ်းသီးဈေးနှုန်းများ အနည်းငယ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကြက်ဥ၊ ငုံးဥ နှင့် ဘဲဥ  ဈေးနှုန်း

       ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါး၊ ဥမျိုးစုံနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ များကို မိမိတို့ဒေသထွက် ကြက်ခြံ၊ ဘဲခြံများ နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ် ကျွန်းလှမြို့ ဈေးကွက်အတွင်း၌ ရောင်းချနေသည့် ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ ဈေးနှုန်းများမှာ ကြက်ဥ အကြီး(၁)လုံးလျှင်(၅၅၀)ကျပ်၊ ကြက်ဥ အသေး(၁)လုံးလျှင်(၅၀၀) ကျပ် နှင့် ဘဲဥ(၁)လုံးလျှင်(၆၅၀)ကျပ် နှင့် ငုံးဥ(၁)လုံးလျှင်(၁၃၀)ကျပ် ငုံးဥ(၁၀)လုံးလျှင်(၁၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော cpကြက်၊ ဒေသကြက်နှင့် ကြက်ရိုးဈေးနှုန်း

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး နှင့် သစ်ရာမြိုင်ဈေးများတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သား ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

    ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဝယ်ယူ၍ cp မွေးမြူးရေးကြက်နှင့် ဒေသဗမာကြက်ဟူ ၍ နှစ်မျိုး ရောင်းချလျက်ရှိရာ ကြက်သားဈေးနှုန်းများမှာ ဒီဇင်ဘာလ ပထမပတ် cp မွေးမြူရေး ကြက်သား အကောင်လိုက် ဈေးနှုန်း တစ်ပိဿာလျှင်(၂၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၅၀၀)ကျပ်၊ cpကြက်ရင်အုပ်သား တစ်ပိဿာ(၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သား(၁၅၀၀၀)ကျပ်၊ (၂၅)ကျပ်သား(၇၅၀၀) ကျပ်၊ ပေါင်သား တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ (၅၀)ကျပ်သား(၁၄၀၀၀)ကျပ်၊ (၂၅)ကျပ်သား(၇၀၀၀) ကျပ် နှင့် ဗမာကြက်သား ဈေးနှုန်း တစ်ပိဿာလျှင်(၃၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၇၀၀၀)ကျပ်၊ ကြက်မြစ် ကြက်သဲ တစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ ကြက်အမြစ်သီးသန့် တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ် နှင့် ကြက်အရိုးအစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုး တို့၏ ဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သားသည် ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း