Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ရှိ ဌက်ပျောသီးဈေးနှုန်း/ဈေးကွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများကို အသက်မွေးဝမ်းကျောင်းဖြင့် စိုက်ပျိုးရောင်းချကြပါသည်။ ယခုလရာသီ တွင် ဌက်ပျောသီးဈေးကောင်းရရှိ၍ ဝင်ငွေများပိုမိုရရှိကြောင်း သိရှိရပါသည်။ ဌက်ပျောသီး အမျိုးအစားတွင် ဆင်အံသီး၊ ဖီးကြမ်း၊ ရခိုင်နှင့် ရွှေဌက်ပျောတို့သည် လူကြိုက်များသည်အတွက် ရောင်းအားအလွန်ကောင်းကြောင်း သိရှိရပါသည်။ အိမ်ခြံဝန်းများတွင်လည်း အသီးသီးစိုက်ပျိုး ကြပြီး စည်ပင်သာယာဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် တစ်နိုင်တစ်ပိုင် တင်ပို့ရောင်းချကြပါ သည်။ ဌက်ပျောသီးအမှည့်များကို ဌက်ပျောကြော်များပြုလုပ်၍ မနက်စာအနေဖြင့် လက်ဖက်ရည်များနှင့် စားသုံးကြပါသည်။ ဌက်ပျောသီးအစိမ်းများကို သရေစာဌက်ပျောကြော်ခြောက်များ ပြုလုပ်ပြီး ရောင်းချကြကြောင်း သိရှိရပါသည်။ ယခုဇွန်လပထပတ်တွင် မြိတ်မြို့နယ်ရှိ ဌက်ပျောသီးဈေးနှုန်းမှာ ဖီးကြမ်းသီးတစ်ဖီးလျှင် (၄၅၀၀) ကျပ်ရှိပြီး ရွှေဌက်ပျောသီးတစ်ဖီးလျှင် (၅၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)  

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ ပဲပင်ပေါက်ဈေးနှုန်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်ပဲပင်ပေါက်ကို နေရာအနှံအပြားတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ရောင်းချကြပါသည်။ ပဲပင်ပေါက်ကို ပဲတီပင်ပေါက်ဖောက်၍ ရောင်းချလျက်ရှိရာ ပဲတီစိမ်းအပင်ပေါက်ရာတွင်လည်း အသစ်ပေါ်သောပဲတီစိမ်းကို အပင်ဖောက်၍မရကြောင်း ပဲတီစိမ်းအဟောင်းကိုသာရှာဝယ်ပြီး ပဲတီပင်ဖောက်ကြကြောင်း သိရှိရပါသည်။ ယခင်အပတ် ဆိပ်ကြီးစည်ပင်သာယာဈေးကြီးနှင့် စမ်းချောင်းကုန်စိမ်းဈေးများတွင် တခြားကုန်စည်ဒိုင်များမှလည်း ဝယ်ယူရောင်းချနေကြောင်း ကုန်စိမ်းရောင်းချနေသူထံမှ သိရှိရပါသည်။ ယခုဇွန်လပထမပတ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ပဲပင်ပေါက်ဈေးနှုန်း မှာ တစ်ထုပ်လျှင်(၇၀၀)ကျပ်ရှိပြီး တစ်ပိဿာလျှင်(၅၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ ခဝဲသီးဈေးနှုန်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ဆိပ်ငယ်စည်ပင်သာယာဈေးနှင့် စမ်းချောင်းကုန်စိမ်းဈေးများတွင် နေ့စဉ်ဈေးရောင်းသူဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများဒေသ ထွက်ကုန်များအပြင်တခြားဒေသမှ ဝင်ရောက်သည့် လူသုံးကုန်နှင့်စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိပါသည်။ ယခုလ ရာသီပေါ်စာသီးနှံဖြစ်သည့်ခဝဲသီးကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယခုဇူလိုင်လပထမပတ်တွင် ဈေးကွက်အတွင်းဝင်ရောက်လာသော ခဝဲသီးမှာ လက်လီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၄၅၀၀)ကျပ်ရှိပြီး တစ်တောင့်လျှင် (၁၁၀၀)ကျပ်နှင့် (၁၂၀၀)ကျပ်ရှိကြောင်း ကုန်စိမ်းဈေးရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။ DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ အရောင်းသွက်သော ရှောက်သီး

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ရာသီပေါ်ဖြစ်သောရှောက်သီးများ အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။ ‌ယခုမိုးရာသီဖြစ်သောအချိန်တွင် ရှောက်သီး စတင်ထွက်ရှိသောကာ လဖြစ်သည့်အပြင် ထွက်ရှိနှုန်းနည်းသောကြောင့် စျေးနှုန်းများကောင်းလျက်ရှိကြောင်းသိရှိရပါသည်။ ဒေသထွက်တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို အခြားဒေသများမှလည်းတင်သွင်းရောင်းချလျက်ရှိပါသည်။ ယခင်ကရှောက်သီးတစ်လုံး (၅၀၀) ကျပ်ခန့်ရှိရာမှ ယနေ့ ဇူလိုင်လ ပထမပတ်တွင် ရှောက်သီး တစ်လုံးစျေးနှုန်းမှာ (၁၀၀၀)ကျပ်ခန့် စျေးရရှိလျက်ရှိကြောင်း သိရှိရပါသည်။ အရွယ်အစားပေါ် မူတည်၍ စျေးနှုန်းပြောင်းလဲနိုင်ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိအရောင်းသွက်သောမျှစ်ချဉ်

မိုးရာသီတွင် ပေါများစွာထွက်ရှိသော မျှစ်များကို မြိတ်မြို့ပေါ်ရှိစျေးများတွင် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အပြင် စားဖိုဆောင်သီးနှံများလည်း ပေါများသောဒေသဖြစ်ပါသည်။ မျှစ်ကိုမိုးရာသီ၌သာ ရရှိသောကြောင့် ကျန် ကာလများတွင် အလွယ်တကူရရှိနိုင်ရန် အချဥ်ဖောက်၍စားသုံးကြသလို ကြော်ချက်၊အပြုတ်၊ အတို့အမြုပ်အဖြစ်လည်း စားသုံးကြသည်။ ချဉ်သောအရသာရှိ၍အနံ့ ပျင်းသောကြောင့် မျှစ်ချဥ်ကို ဟင်းခပ်အမွှေးအကြိုင်များများဖြင့် ချက်စားလျှင် ကောင်းမွန်သော ဟင်းတစ်ခွက်ရရှိမည် ဖြစ်ပါ သည်။ ရာသီပေါ်သီးနှံဖြစ်သောကြောင့်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော မျှစ်ချဉ် ကို တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ငါးဆယ်သားလျှင်(၅၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ကော့သောင်းဒေသထွက် ငါးလိပ်ခြောက်(သို့မဟုတ်)စမတ်ခြောက်

ကော့သောင်းမြို့နယ် မြို့မစျေးတွင် ရောင်းချနေသော ငါးလိပ်ခြောက်(သို့မဟုတ်)စမတ်ခြောက်များမှာ ဒေသထွက် ပင်လယ်ရွာများမှ မှာယူရောင်းချကြကြောင်း သိရှိရပါသည်။ ငါးလိပ်ခြောက်(သို့မဟုတ်) စမတ်ခြောက်များအား အမျိုးမျိုးစားသုံးကြပြီး အရောင်းအဝယ်သွက်လျက်ရှိကြပါသည်။ ကော့သောင်းမြို့၏ ၂၀၂၅ ခုနှစ် ဇူလိုင်လ ပထမဆုံးပတ်အတွင်း မြို့မစျေးကြီးတွင် ရောင်းချနေသော ငါးလိပ်ခြောက်(သို့မဟုတ်) စမတ် ခြောက်စျေးနှုန်းများမှာ တစ်ပိဿာလျှင် ၄၅၀၀၀-၅၀၀၀၀ ကျပ်ဖြင့် စျေးများတွင်‌ရောင်းချနေကြပြီး ယခင်ဇွန်လနှင့် နှိုင်းယှဉ်ပါက စျေးနှုန်းအနည်းငယ်မြှင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ကော့သောင်းမြို့ ကန်စွန်းရွက် အရောင်းအဝယ်

ကော့သောင်းမြို့နယ်သည် ဥယျာဉ်ခြံစိုက်ပျိူးကြသည့် ကျေးရွာများတွင် ဟင်းသီးဟင်းရွက် နှင့် ရာသီ စာ သီးနှံများရောင်းချရာ ထွက်ရှိလာသည့် သီးနှံများတွင် ကော့သောင်းမြို့အတွင်းရှိ စျေးများသို့ လာရောက် တင်ပို့ရောင်းချလျက်ရှိပါသည်။ ၁၂လ ရာသီစာ သီးနှံဖြစ်သည့် ကန်စွန်းရွက် သည် လူကြိုက်အများဆုံး ဟင်း သီးဟင်းရွက် တစ်မျိုးဖြစ်ပြီး အကြော်၊ အချဉ်ဟင်း၊ အတို့အအပြုတ် စသည်တို့ အမျိုးမျိုးစားသုံးလေ့ရှိကြပါ သည်။ ကော့သောင်းမြို့ပေါ်ရှိ စျေးများ၊ မြို့မစျေးကြီးများတွင် ကန်စွန်းရွက် ရောင်းချမှု ၂၀၂၅ ခုနှစ်၊ ဇူလိုင် လ ပထမပတ်အတွင်း စျေးနှုန်းမှာ ကန်စွန်းရွက် တစီး (၂၀၀၀ိ/-)ကျပ် နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ကန်စွန်း ရွက်သည် အရောင်းအဝယ်‌ကောင်းလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။ DOCA(တနင်္သာရီ)

“(၃၀.၆.၂၀၂၅)ရက်နေ့ မှ (၅.၇.၂၀၂၅) ရက်နေ့ထိ တစ်ပတ်အတွင်းစားအုန်းဆီ ထုတ်ပေးမှုအခြေအနေ”

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် သီလဝါစက်မှုဇုန်အတွင်းရှိ Wilmar ဆီကန်မှထုတ်လုပ်ပေးလျက်ရှိသော စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များရှိ ဆီကိုယ်စားလှယ်များသို့ စားအုန်းဆီ နေ့စဉ်ထုတ်ပေးလျှက်ရှိပါသည်။ ထိုသို့ ထုတ်ပေးလျက်ရှိသော စားအုန်းဆီများအား ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန်ထားသော အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူး ရောင်းချသူများအနေဖြင့် ဒေသအရောက် ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်သာ ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချစေရေး နှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေး တို့အတွက်လည်း တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိရာ (၃၀.၆.၂၀၂၅)ရက်နေ့ မှ (၅.၇.၂၀၂၅)ရက်နေ့အထိ ဆီကုမ္ပဏီ (၁၈)ခုနှင့် စားအုန်းဆီ တန်ချိန် (၃၉၁၄.၅၁၆)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

မအူပင်ခရိုင် ၄မြို့နယ်နှင့် အခြားမြို့နယ်များမှ ဇွန်လ ဆန်ကွဲတင်ပို့မှု အခြေအနေများ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မြို့နယ်များမှ စိုက်ပျိုးထွက်ရှိသော စပါးများကို ဆန်စက်ကြီးများမှ ကြိတ်ခွဲလျက်ရှိပြီး ထွက်ရှိလာသော ဆန်ကွဲနှင့် ဖွဲနုများကို ရန်ကုန်သို့အဓိကထား တင်ပို့ပြီး ရန်ကုန် ဘုရင့်နောင်၊ ရွှေပြည်သာ၊ ဆူးလေ၊ လှိုင်သာယာ ပွဲရုံ၊ မရမ်းကုန်းပွဲရုံ၊ အလုံဆိပ်ကမ်း အလုံမြို့ ၊ ရန်ကုန်စက်မှုဇုန်များနှင့် ပဲခူးမြို့ တို့ကိုသာ နေ့စဉ်စီးထွက်ကြောင်း သိရသည်။ ၂၀၂၅ခုနှစ် ဇွန်လတင်ပို့မှုမှာ မအူပင်ခရိုင်မှ မအူပင် ဆန်ကွဲ၊ ၃၆၂၀အိတ်၊ ပန်းတနော် ဆန်ကွဲ ၄၇၅၉အိတ်၊ ညောင်တုန်း ၆၈၆၆၀အိတ်၊ ဓနုဖြူ ဆန်ကွဲ ၇၆၁၉အိတ် ဆန်ကွဲတင်ပို့မှုစုစုပေါင်း ၈၄၆၅၈ အိတ်အရေအတွက်နှင့် တန်အားဖြင့် ၄၂၃၃ တန်နှင့် အခြား မြို့နယ်များမှ ၈၁၈၁၈ အိတ် တန်အားဖြင့် ၄၁၀၀ တန် တင်ပို့ခဲ့သည်။ ယခုလတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက မေလက ၄မြို့နယ် ဆန်ကွဲတင်ပို့မှု မှာ (၇၈၇၅၄) အတိတင်ပို့ခဲ့ပြီး ယခုလ ၅၉၀၄ အိတ်ပိုမိုတင်ပို့ခဲ့သည်။ အခြားမြို့နယ်များက မေလက (၇၃၄၉၉) တင်ပို့ခဲ့သောကြောင့် ယခုလ ၈၃၁၉ ကိုမိုတင်ပို့နိုင်ကြောင်း ပန်းတိုင်စစ်ဆေးရေးဂိတ်၏ စာရင်းများ အရသိရသည်။ DOCA(ဧရာဝတီ)

ဆန်ကွဲ၊ဖွဲနုဈေးနှုန်းများ တည်ငြိမ်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊သာယာဝတီမြို့နယ်၏ ဆန်ကွဲ၊ဖွဲနုဈေးကွက်အနေဖြင့် ဇွန်လ နောက်ဆုံးပတ်တွင် ဆန်ကွဲဈေးနှုန်းများမှာ ဆန်ကွဲ(Extra) တစ်အိတ်လျှင် (၄၈၀၀ဝိ/-)၊ ဆန်ကွဲ (12)တစ်အိတ်လျှင် (၄၆၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(234)တစ်အိတ်လျှင် (၄၂၀၀ဝိ/-)နှင့် ဖွဲနုဈေးနှုန်းမှာ တစ်ပေါင်လျှင် (၃၈၀)ကျပ်ဈေးရှိခဲ့ပါသည်။ ယခု ဇူလိုင်လ ပထမပတ်တွင်လည်း ဆန်ကွဲဈေးနှုန်းများမှာ ဆန်ကွဲ(Extra) တစ်အိတ်လျှင် (၄၈၀၀ဝိ/-)၊ ဆန်ကွဲ (12)တစ်အိတ်လျှင် (၄၆၀၀ဝိ/-) ကျပ်၊ ဆန်ကွဲ (234)တစ်အိတ်လျှင် (၄၂၀၀ဝိ/-)၊ဖွဲနုဈေးနှုန်းမှာ တစ်ပေါင်လျှင် (၃၈၀)ကျပ်ဈေးဖြင့် ရောင်းချလျက် ရှိသောကြောင့် ယခင်အပတ်နဲ့ယှဉ်လျှင် ဆန်ကွဲဈေးနှုန်းနှင့် ဖွဲနုဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။ DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း