
ဂမုန်းပန်းပင်သည် နွေရာသီ ၊ဆောင်းရာသီများတွင် အပင်ကိုမြင်တွေ့ဖို့ ခဲယဉ်းလှပြီး ဂမုန်းပန်းဥများသာ မြေကြီးထဲ၌နှစ်ပေါင်းမြောက်များစွာ ရှင်သန်လျက်ရှိပါသည်။ ယခုလမိုးရာသီ ရောက်မှသာ ဂမုန်းဥများမှအရွက်၊ရိုးတံများ ထွက်လာပြီး ပန်းပွင့်မှသာ ဂမုန်းပန်းပင်ကို မြင်တွေ့ နိုင်မည်ဖြစ်ပါသည်။ ဂမုန်းပန်းသည် ရိုးတံမှထွက်၍ ပန်းပွင့်များစွာပါသော ပန်းခိုင်အဖြစ် ပွင့် လန်းပါသည်။ ဂမုန်းပန်း၏အဓိပ္ပာယ်သည် “မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်နေရတဲ့ချစ်သူပါ” ဟူ၍ဖြစ်သည်။ တစ်နှစ်ပတ်လုံးမြေကြီးထဲတွင် ပန်းဥများရှင်သန်နေဆဲဖြစ်ပြီး မိုးသံကြားတာနဲ့ ပွင့်လန်းသောပန်းဖြစ်သည်။ ဂမုန်းပန်းရနံ့သည် ချိုချိုအေးအေးရနံ့သင်းသင်းမွှေးပြီး လှပသော ပန်းမျိုးနွယ်ဖြစ်သည်။အဖြူရောင်၊ပန်းရောင်၊အနီရောင်စသည်ဖြင့်ရောင်စုံပွင့်လန်းကြသည်။ ကျောင်းဆရာမလေးများ၏ ဆံကေသာဆံထုံးထက်ဝယ် အဖြူရောင်ဂမုန်းပန်းလေးတစ်ပွင့် ပန်ဆင်ထားလျှင် လှပကျော့ရှင်းပြီး ကျက်သရေရှိ၍ အမြင်တင့်တယ်လှပါသည်။ အလှပန်းအိုး နှင့်ဘုရားပန်းအိုးများတွင် အလှတင်လှူကြပါသည်။ အချို့ကလည်း အပင်ပေါ်မှာဘဲ အမြင်တင့် စွာ ကိုယ်ရံကြီးဂမုန်း၊ lucky ဂမုန်း၊ ဆင်စွယ်ဂမုန်း၊ ရှင်သီဝလိဂမုန်း၊ စီးပွားဂမုန်း မျိုးစုံရှိပါ သည်။ တချို့ဂမုန်းပင်ကို အိမ်တွင်းမှာမစိုက်ကောင်းဟု အယူရှိ၍မစိုက်ကြသလို အိမ်တော် မင်္ဂလာစီးပွားတက်ဂမုန်းမျိုးကိုတော့စိုက်ပျိုးလေ့ရှိပါသည်။စီးပွားဂမုန်းပင်မျိုးနွယ်ဝင် အပင်များ၊ အလှဂမုန်းပန်းပင်များ ရောင်းအားကောင်းလျက်ရှိပြီး တစ်ပင်လျှင် (၁၀၀၀၀ မှ ၃၀၀၀၀) ကျပ် အထိရောင်းဝယ်လျက်ရှိပြီး ပန်းပွင့်သော အလှဂမုန်းပန်းဥများကို မျိုးဥထုပ် အဖြစ်ရောင်းချသလို တစ်ဥတစ်ပင်လျှင်လည်း(၃၀၀၀,၅၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်အရောင်း ဆိုင် မှသိရှိရသည်။
DOCA (မန္တလေး)