
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုးဖြစ်သော ရုံးပတီသီး၊ မုံလာထုတ်(ခေါ်)ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ပဲသီးတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ကင်းမုံသီး ၊ မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ရွှေဖရုံသီး၊ ဘူးသီး၊ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက်နှင့် ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ဂေါ်ရခါးသီး တစ်လုံးလျှင်(၈၀၀/၇၀၀)ကျပ်၊ မုံလာထုတ် တစ်ထုတ်လျှင်(၅၅၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၄၅၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်)တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်ပိဿာ(၁၅၀၀)ကျပ်၊ ကန်ဇွန်းရွက် တစ်စီးလျှင်(၂၀၀)ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပြည်လျှင်(၅၀၀၀)ကျပ်၊ ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ဘူးသီး တစ်လုံးလျှင် (၂၅၀၀)ကျပ် ကင်းမုံသီး တစ်ပြည်လျှင် (၃၂၀၀၀)ကျပ်၊ ပဲလင်းမြွေသီး တစ်တောင့်လျှင်(၇၀၀/ ၈၀၀/၅၀၀)ကျပ်၊ ရွှေပဲသီး တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ် မုံညှင်းထုတ် တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ခရမ်းသီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ရုံးပတီသီး တစ်ပိဿာလျှင်(၂၈၀၀)ကျပ်၊ ပဲသီးတောင့်ရှည်(၅)တောင့်ပါ တစ်စည်းလျှင်(၄၀၀)ကျပ်၊ မျှစ်စိမ်း တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ငရုပ်သီးစိမ်း တစ်ပိဿာ လျှင်(၃၅၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည်လျှင်(၁၀၀၀၀)ကျပ် နှင့် ဘိုစားပဲသီး တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)