
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြကြောင်း သိရပါသည်။ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ ပေါ်တွင် စိုက်ပျိုးသီးနှံများဖြစ်သည့် ငရုတ်သီး၊ ကြက်ဟင်းခါး၊ ဘူးသီး၊ ပဲသီး၊ သခွားသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ၊ ကန်စွန်းရွက်နှင့် ချဥ်ပေါင်ရွက်စသည့် သီးနှံများ စိုက်ပျိုးကြပါသည်။ စားဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးစိမ်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး မုံရွာမြို့၊ ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ရောင်းချကြကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ငရုပ်သီးစိမ်း နို့ဆီဗူး တစ်ဗူးလျှင် (၅၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ရှိဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချနေသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)