Main menu

ဈေးနှုန်းမြင့်တက်လာသော ‌ရွှေပဲသီး နှင့် ဘိုစားပဲသီး

Powered by Drupal

        ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက် ရှိရာ ‌ရွှေပဲသီးကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ ယခု ဩဂုတ်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း‌ ရောင်းချလျက်ရှိသော  ‌ရွှေပဲသီးဈေးနှုန်းမှာ  ရွှေပဲသီး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀) ကျပ် ဈေးနှုန်းများဖြင့်လည်းကောင်း ဘိုစားပဲသီး ဈေးနှုန်းမှာ ဘိုစားပဲသီး အပြား တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် ဘိုစားပဲသီး အလုံး လက်လီ တစ်ပိဿာလျှင်(၆၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဩဂုတ်လ ဒုတိယပတ် အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ရောင်းချလျက်ရှိသော  ‌ရွှေပဲသီးဈေးနှုန်းမှာ  ရွှေပဲသီး တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၇၅၀၀)ကျပ် ဈေးနှုန်းများဖြင့် လည်းကောင်း ဘိုစားပဲသီး ဈေးနှုန်း များမှာ ဘိုစားပဲသီး အပြား တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၇၅၀၀)ကျပ် နှင့် ဘိုစားပဲ သီး အလုံး လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်ထက် ရွှေပဲသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ဘိုစားပဲသီး အပြား တစ်ပိဿာလျှင်(၇၀၀၀)ကျပ်နှင့် ဘိုစားပဲသီး အလုံး တစ်ပိဿာလျှင်(၄၀၀၀)ကျပ် ကားလမ်းအခက်အခဲများကြောင့် သီးနှံမျိုးစုံ အဝင်နည်းကာ ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)