Main menu

​​​​​​​ ဆိတ်ဖလူးပန်းပျိုးပင်ဈေးကွက်

Powered by Drupal

    ဆိတ်ဖလူးပန်းလေးများပွင့်တတ်သော ရာသီသို့ရောက်ရှိလာပြီဖြစ်ပါသည်။ ညမှာသာ ပွင့်သော ဆိတ်ဖလူးပန်းကလေးများသည် ဩဂုတ်လမှဒီဇင်ဘာလကြား ပွင့်တက်ပါသည်။ ဆိတ်ဖလူးပန်း ကလေးများသည်ဒဏ္ဍာရီဆန်ဆန်ပန်းကလေးများဖြစ်ပြီးဆိတ်ဖလူးပန်းပင်ကိုတော့“ဝမ်းနည်းဖွယ်သစ်ပင်”  ဟုခေါ်ဆိုကြသည်။ နေကြာပန်းကလေးတွေက နေမင်းကိုချစ် လွန်းလို့ နေမင်းကိုကြည့်ပြီး ပွင့်လန်း ကြသလို ဆိတ်ဖလူးပန်းကလေးကလည်း နေမင်းကို ချစ်လွန်လွန်းလို့ နေမင်းကို မကြည့်နိုင်တော့ပဲ နေရောင်ခြည်ပျိုလာလျှင်ပဲ မြေခကြွေကျကြလေသည်။ ရှေးရှေးတုန်းက ပုံပြင်လိုလိုဒဏ္ဍာရီလိုလို ဇာတ်လမ်းလေးတစ်ပုဒ် ရှိခဲ့ဖူးသည် ထင်ပါသည်။ နေနတ်မင်းကို အရူးအမူးရှိသော နတ်သမီးလေး တစ်ပါးသည် နေနတ်မင်း၏ငြင်းပယ်ခြင်းကို ခံလိုက်ရပြီး သစ်ပင်တစ်ပင်တွင် ကြိုးဆွဲချသေသွားရှာ သတဲ့။ နတ်သမီးလေးကို သင်္ဂြိုလ်ပြီးလို့ အရိုးပြာတွေကြဲတဲ့နေရာမှာ ဆိတ်ဖလူးပန်းပင်တွေပေါက် လာပါတဲ့။ ဆိတ်ဖလူးပန်းပင်လေးတွေက နတ်သမီးလေးချစ်ရတဲ့နေမင်းရဲ့ အကြည့်ကို ဒဏ်မခံနိုင်တဲ့ အတွက် နတ်သမီးရဲ့မျက်ရည်တွေ လို့လည်းဆိုကြပါတယ်။ ဒါကြောင့်မို့ ဆိတ်ဖလူးပန်းလေးရဲ့ အဓိပ္ပာယ်က “ချစ်လွန်းလို့ရူးတော့မယ်” ဟူ၍သဘောဆောင်နေပါသည်။ မည်သို့ပင်ဆိုစေကာမူ ရိုးတံလိမ္မော်ရောင်နဲ့အဖြူရောင်ပန်းကလေး တွေကတော့ မြင်ရသူတို့ရင်ဝယ် ဝမ်းနည်း ကြေကွဲဖွယ် ဖြစ်မိနေမည်ထင်ပါသည်။ ပန်းရနံ့လေးကလည်း ညအခါမှာသာမွှေးပျံ့နေပါသည်။  ဆိတ်ဖလူးပန်း ပျိုးပင်များကို ဝယ်ယူစိုက်ပျိုးသူ များပြားလာပြီး ဆတ်ဖလူးကိုင်းကူးပျိုးပင်တစ်ပင် လျှင် (၃၀၀၀, ၅၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်ဈေးကွက်မှသိရှိရသည်။

DOCA (မန္တလေး)