Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြေပဲစိုက်ပျိုးထွက်ရှိမှု ဈေးနှုန်းဈေးကွက်နှင့်တောင်သူ အကျိုးအမြတ်ရရှိမှုအခြေအနေ

                                      မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ် သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီးဆောင်းမြေပဲကိုအနည်းငယ်သာအနည်းငယ်သာစိုက်ပျိုးမှုရှိပါသည်။၂၀၂၅ခုနှစ်တွင်မိုးမြေပဲကိုစိုက်ပျိုးရန်လျာထားမှုအနေဖြင့်(၆၃၅၀၀)ဧကဖြစ်ပြီး၊ စိုက်ပျိုးမှုမှာ (၆၅၅၇၃)ဧက စိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းဧကအနေဖြင့်(၆၅၅၇၃)ဧက အထွက်နှုန်းမှာ(၅၁.၅၉)တင်းနှုန်းဖြင့် အထွက်တင်းစုစုပေါင်း (၃၃၈၃၀၇၈)တင်း ထွက်ရှိခဲ့သည်။ ဆောင်းမြေပဲစိုက်ပျိုးရန်လျာထားမှု (၃၁၉) ဧက ရှိပြီး(၁၈၅)ဧက စိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းဧကမှာ(၁၈၅)ဧက ရိတ်သိမ်းခဲ့ပြီး တစ်ဧကပျမ်းမျှ အထွက် နှုန်းမှာ(၄၈.၁၃)တင်းနှုန်းဖြင့် အထွက်တင်း စုစုပေါင်း(၈၈၀၄)တင်းထွက်ရှိခဲ့သည်။ ထွက်ရှိသောမြေပဲ များကို ကျောက်ပန်းတောင်းမြို့နှင့် ထိစပ်လျက်ရှိသော ကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များ သို့ လာရောက်ရောင်းချကြပါသည်။

              ၂၀၂၅-၂၀၂၆ ခုနှစ်၊ မတ်လတွင် မြေပဲဆီဆံတစ်တင်းလျှင်(၁၅၇၅၀၀)ကျပ်၊ မြေပဲလုံဆံ တစ်တင်း လျှင်(၁၇၆၀၀၀)ကျပ်နှင့် မြေပဲမျိုးဆံတစ်တင်းလျှင်(၁၉၅၀၀၀)ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ယခင်နှစ်ကာလတူတွင် မြေပဲဆီဆံတစ်တင်းလျှင် (၁၂၇၅၀၀) ကျပ်၊ မြေပဲလုံးတစ်တင်း လျှင်(၁၃၂၀၀၀)ကျပ်နှင့် မြေပဲမျိုးဆံတစ်တင်းလျှင်(၁၃၅၀၀၀)ကျပ်ဝန်းကျင် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ကြသည်။

          ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲတစ်ဧကကုန်ကျစရိတ်အနေဖြင့် (၉၄၁၀၀၀)ကျပ်ဝန်းကျင်ကျသင့်ပြီး တစ်ဧကပျမ်းမျှအထွက်တင်းမှာ(၅၁.၅၉)တင်းနှုန်းထွက်ရှိခဲ့သည်။ ယခုမြေပဲတောင့်တစ်တင်းလျှင်(၄၂၀၀၀)ကျပ်နှုန်းရောင်းချခဲ့ရပြီး တစ်ဧကဝင်ငွေ(၂၁၆၆၇၈၀)ကျပ် နှုန်း ရရှိ၍ တစ်ဧကတောင်သူအကျိုးအမြတ်မှာ(၁၂၂၁၇၈၀)ကျပ်ရရှိခဲ့သည်။ ဒေသထွက်မြေပဲများကို ယခင် က အခြားဒေသများသို့ တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် ပြည်ပသို့ရောင်းချမှုနည်းပါး လာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာသည်။ တောင်သူအကျိုးအမြတ်ရရှိသော မြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချမှုမပြုဘဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများပြု လုပ်ပါက ဒေသတွင်းဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစားအစာများပေါများလာခြင်း၊ ဒေသတွင်း လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသော ဆီများ စားသုံးရခြင်းကြောင့် ကျန်းမာရေးညီညွတ်ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိစေသည့်အတွက်အကျိုးကျေးဇူးများစွာရရှိစေသောဆီထွက်သီးနှံမြေပဲကိုပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါသည်။  DOCA(မန္တလေး)

ပေါက်မြို့နယ်ရှိ ကြက်သွန်ဖြူစိုက်တောင်သူများ၏ စိုက်ပျိုးထွက်ရှိမှုနှင့် အသားတင်အကျိုးအမြတ်

          မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကြက်သွန်ဖြူကို မိုးစပါးရိတ်သိမ်းပြီး ဒေသအခေါ် လယ်ရိုးပြန်အဖြစ် ကုလားပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို စိုက်ပျိုးကြပါသည်။ ကြက်သွန်ဖြူကို ဒီဇင်ဘာလ၊ ဇန်နဝါရီလတို့တွင် စိုက်ပျိုးပြီး မတ်လ၊ ဧပြီလတို့တွင် ရိတ်သိမ်းကြပါ သည်။ တစ်မြို့နယ်လုံး စိုက်ဧက(၁၂၉)ဧကရှိသည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

          ကြက်သွန်ဖြူသီးနှံ၏ တစ်ဧကကုန်ကျစရိတ်မှာ ပေါက်ဒေသဈေးဖြင့် တွက်ချက်ပါက ကျပ် သိန်း (၈၀-၉၀)ဝန်းကျင်ထိ ကုန်ကျကြောင်း သိရှိရပါသည်။ ကုန်ကျစရိတ်ကြီးမြင့်ရခြင်းမှာ လမ်းပန်း ဆက်သွယ် ရေးခက်ခဲသဖြင့် စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးဆေးဝါးများ၏ ဆေးနှုန်းများ တိုးမြင့် လာမှုတို့ကြောင့်ဖြစ်ကြောင်း တောင်သူထံမှသိရှိရပါသည်။ တစ်ဧက ပျမ်းမျှထွက်နှုန်းမှာ ပိဿာ (၁၇၀၀)ကျော်အထိ ထွက်ရှိကြောင်း သိရှိရပါသည်။ တောင်သူများမှရရှိ လာနိုင်သော အကျိုးအမြတ်မှာ လက်ရှိ ဒေသပေါက်ဈေး ကျပ်(၁၀၀၀၀ - ၁၂၀၀၀)ခန့် ဖြစ်ပေါ်နေပြီး အထွက်နှုန်းနှင့် ဈေးနှုန်းကို တွက်ချက် ကြည့်ပါက ကျပ်သိန်း(၁၅၀ - ၁၈၀)ခန့်ရရှိကြောင်း၊  ကုန်ကျစရိတ်ကို ပြန်လည် နှုတ်ယူပါက အသား တင်အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၉၀)ဝန်းကျင်ထိ ကျန်ရှိကြောင်း သိရှိရ ပါသည်။ ရင်းနှီးမြှုပ်နှံမှု သိသိသာသာ လျော့နည်းကျဆင်းလာပါက စိုက်ဧက တိုးတက် လာနိုင်ပြီး တောင်သူ၏ ဝင်ငွေမှာ တိုးတက်လာနိုင်မှာဖြစ်ကြောင်း ကြက်သွန်ဖြူစိုက်တောင်သူထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပေါက်မြို့နယ်ရှိ နွေစပါးစိုက်တောင်သူများ၏ စိုက်ပျိုးထွက်ရှိမှုနှင့် အသားတင်အကျိုးအမြတ်

         မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကအားထား၍ လုပ်ကိုင်ကြသည်။ ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပါသည် နွေစပါးသီးနှံကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ စတင်စိုက်ပျိုးပြီး ဧပြီလလယ်အထိ စိုက်ပျိုး ကြပါသည်။ ရိတ်သိမ်းချိန်အနေဖြင့် စိုက်ပျိုးချိန်ပေါ်မူတည်၍ ကွာခြားပါသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ ဆင်းသုခ၊ ဆာဖိုးစာ၊ အောင်နိုင်တိုးစပါးမျိုးတို့ကို စိုက်ပျိုးပြီး ပေါက်မြို့နယ်၏ နွေစပါးစိုက်ပျိုးမှု ဧက (၂၁၇)ရှိသည်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။ တစ်ဧက ကုန်ကျစရိတ်မှာ ထွန်ယက်ခ၊ လက်ဖြင့် လုပ်အားခ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ရေသွင်းစရိတ် အပါအဝင် စုစုပေါင်းကုန်ကျစရိတ် ကျပ်သိန်း(၃၀) ခန့် ကုန်ကျကြောင်း သိရှိရပါသည်။

          လုပ်သားရှားပါးလာမှုကြောင့် လုပ်သားခမြင့်တက်ခြင်း၊ ထွန်ယက်ခမြင့်တက်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးခက်ခဲသဖြင့် စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးဆေးဝါးများ၏ ဈေး နှုန်း အဆမတန်ကြီးမြင့်မှုတို့ကြောင့် ကုန်ကျစရိတ်ကို သိသိသာသာ မြင့်တက်စေပါသည်။ အထွက် နှုန်းအနေဖြင့် တစ်ဧကလျှင် တင်း(၁၀၀-၁၁၀)အထိထွက်ရှိကြောင်း သိရှိရပါသည်။  နွေစပါးစိုက်ပျိုးမှုမှ အကျိုးအမြတ်သည် ထွက်ရှိမှု စပါးဈေးနှုန်းပေါ်တွင် မူတည်နေသည်။ လက်ရှိဒေသပေါက်ဈေး တစ်တင်းလျှင် ကျပ်(၄၅၀၀၀-၅၀၀၀၀)အတွင်း ဖြစ်ပေါ်နေသည် ထွက်ရှိမှုဈေးနှုန်းကိုတွက်ချက်ပါက တစ်ဧက စုစုပေါင်း ဝင်ငွေ ကျပ်သိန်း (၄၅ - ၅၀) အထိရရှိနိုင်ပြီး တောင်သူတစ်ဦး၏ တစ်ဧကဝင်ငွေ အသားတင်အကျိုးအမြတ်မှာ ကျပ်သိန်း (၁၅-၂၀)ခန့် ကျန်ရှိကြောင်း  နွေစပါးစိုက်ပျိုးသူ တောင်သူ ထံမှ သိရှိရပါသည်။

DOCA(မကွေး)

မကွေးဈေးကွက် အတွင်းဖြစ်ပေါ်နေသော ပဲမျိုးစုံနှင့် နှမ်းဈေးနှုန်းဈေးကွက်အခြေအနေ

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက်စသည့်ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့ နယ်တို့မှ ထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ အခြား ပဲမျိုးစုံနှင့် နှမ်းမျိုးစုံတို့ မကွေးဈေးကွက်သို့ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

နှမ်း

          ၂၀၂၆ခုနှစ်၊ မတ်လ(တတိယပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ နှမ်းဖြူ (၁) တင်း လျှင် ကျပ်(၁၅၀၀၀၀)၊ နှမ်းနက်(စမုံ)(၁)တင်းလျှင် ကျပ်(၂၅၀၀၀၀)၊ နှမ်းညိုကြား (၁) တင်းလျှင် ကျပ်(၁၀၂၀၀၀)ဖြစ်၍ ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိဘဲ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ နှမ်းအိတ်ရေ (၅၀၀) တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန် (၇၀) ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ကုလားပဲ

          ကုလားပဲ(HL) (၁)တင်း လျှင် ကျပ်(၇၅၂၀၀)၊ ကုလားပဲ(929) (၁)တင်းလျှင် ကျပ်(၇၆၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကုလားပဲ(929) ကျပ်(၃၀၀) ဈေးတက်ခဲ့ကြောင်း၊ အရောင်းအဝယ်အေးနေပြီး လက်ကျန်ပဲများသာအရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ (၀၀၀)၊ ပြည်မြို့သို့ အိတ်ရေ(၁၅၀၀)၊ ရန်ကုန်မြို့ သို့ အိတ်ရေ(၁၀၀၀) တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန်(၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ထောပတ်ပဲ

          ထောပတ်ပဲ (၁)တင်းလျှင် ကျပ်(၈၉၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ထောပတ်ပဲ(929) ကျပ်(၁၀၀၀) ဈေးကျခဲ့ကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့အိတ်ရေ(၅၀၀၀)တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန်(၄၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

မတ်ပဲ

          မတ်ပဲ (၁)တင်းလျှင် ကျပ်(၉၆၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေ ကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ် ရေ(၂၅၀၀) တင်ပို့ခဲ့ပြီး တန်ချိန် အားဖြင့် တန်(၅၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

စားတော်ပဲ

          စားတော်ပဲ(၁)တင်းလျှင် ကျပ်(၂၂၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက စားတော်ပဲ ကျပ်(၂၀၅၀၀) ဈေးတက်ခဲ့ကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်ရေ(၁၅၀၀)တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန်(၁၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရသည်။

DOCA(မကွေး)

မြင်းခြံကုန်စည်ဒိုင်တွင်အရောင်းအဝယ် ဖြစ်လျက်ရှိသောမြေပဲဆံဈေးများမြင့်တက်လာခြင်း

                    မြင်းခြံကုန်စည်ဒိုင်တွင် ပဲမျိုးစုံ၊ကြက်သွန်နီနှင့် ဆီထွက်သီးနှံမျိုးစုံ ရောင်းဝယ်လျက်ရှိ သည့်အနက် ဆောင်းမြေပဲသီးနှံများကိုလည်း နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၆ခုနှစ်၊ မတ်လ၌ မြေပဲ S1လုံးဆံတစ်တင်းလျှင်  (၁၅၀၀၀၀)ကျပ်၊ မြေပဲS1ဆီဆံ တစ်တင်း လျှင်(၁၃၆၀၀၀)ကျပ်၊ ပြန့်လုံးဆံတစ်တင်းလျှင်(၁၄၈၅၀၀) ကျပ်၊ ပြန့်ဆီဆံတစ်တင်းလျှင် (၁၄၄၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် ဖေဖော်ဝါရီလ၌ မြေပဲ S1လုံးဆံတစ်တင်းလျှင်  (၁၃၃၀၀၀)ကျပ်၊ မြေပဲS1ဆီဆံ တစ်တင်း လျှင်(၁၂၀၀၀၀)ကျပ်၊ ပြန့်လုံးဆံတစ်တင်းလျှင်(၁၃၂၀၀၀) ကျပ်၊ ပြန့်ဆီဆံတစ်တင်းလျှင် (၁၃၀၀၀၀)ကျပ်ခန့်ပေါက် ဈေးများဖြင့် ‌အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင်မြေပဲ S1လုံးဆံ တစ်တင်းလျှင်  (၁၇၀၀၀)ကျပ်၊ မြေပဲS1ဆီဆံ တစ်တင်း လျှင်(၁၆၀၀၀)ကျပ်၊ ပြန့်လုံးဆံ တစ်တင်း လျှင်(၁၆၅၀၀) ကျပ်၊ ပြန့်ဆီဆံတစ်တင်းလျှင် (၁၄၀၀၀)ကျပ် ကျပ်ခန့် ဈေးနှုန်း မြင့်တက်ခဲ့        ကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နေ့စဉ်အိတ်ရေ (၂၀၀-၃၀၀)အိတ်ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဝယ်လိုအားများသောကြောင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း၊ ဈေးကွက် တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့သို့ တင်ပို့ကြောင်း၊ ယာဉ်သယ်ယူစရိတ် နှုန်းထားများအနေဖြင့် မြင်းခြံမြို့မှ ရန်ကုန််မြို့သို့ တင်ပို့ရာတွင်မြေပဲ  တစ်တင်းခွဲတစ်အိတ်လျှင် (၄၀၀၀) ကျပ်ဖြစ်ကြောင်း၊ မြင်းခြံမြို့၊မန္တလေးမြို့သို့  တင်ပို့ရာတွင် တစ်တင်းခွဲတစ်အိတ်လျှင် (၂၅၀၀) ကျပ်ခန့် နှုန်းထားများရှိကြောင်း လုပ်ငန်းလုပ်ကိုင်သူတစ်ဦး ပြောပြချက် အရသိရှိရသည်။   

Doca(မန္တလေး)

“ရာသီစာ ညောင်ချဉ်ဖူးများ ဈေးကောင်းရလျက်ရှိ”

              ရှမ်းပြည်နယ်မြောက်ပိုင်း (လားရှိုး၊ သီပေါ၊ ကျောက်မဲ) ဒေသထွက် ညောင်ချဉ်ဖူးဟာ နွေဦးရာသီရဲ့ ရတနာတစ်မျိုး ဖြစ်ပါသည်။ ရှမ်းမြောက်ဒေသမှာ ပေါက်ရောက်တဲ့ ညောင်ချဉ်ပင်  တွေကနေ တပေါင်း၊ တန်ခူးလတွေမှာ ထွက်ရှိတဲ့ အဖူးနုလေးတွေဟာ တခြားဒေသထွက်တွေထက် ပိုမိုနုဖတ်ပြီး အရသာထူးကဲတယ်လို့ နာမည်ကြီးကြောင်း သိရှိရသည်။

         ညောင်ချဉ်ဖူးများကို လားရှိုးမြို့မဈေးကြီးနဲ့ ဘူတာနံနက်ခင်းဈေးတွင် အဓိကရောင်းချ ကြကြောင်း သိရှိရပါသည်။ ဒေသခံ တောင်သူများမှ တောတောင်ထဲကနေ သဘာဝအတိုင်း ရှာဖွေခူးဆည်းပြီး လာရောက်ရောင်းချတတ်ကြောင်း သိရှိရသည်။ ညောင်ချဉ်ဖူးကို အစေးနှင့် အဖန်ဓာတ်များ ကုန်သွားစေရန် ရေနွေးဖြင့် (၂) ကြိမ်မှ (၃) ကြိမ်ခန့် စနစ်တကျ ပြုတ်ပြီးမှသာ ပြုလုပ်စားသုံး ကြသည်။ ကြက်သွန်နီ၊ ဆီချက်၊ မြေပဲလှော်၊ ငရုတ်သီးစိမ်းတို့ဖြင့် သုပ်စားခြင်းမှာ လူကြိုက်အများဆုံးဖြစ်သည်။ ဝက်နံရိုး သို့မဟုတ် ကြက်ရိုးတို့နှင့်ရော၍ ချဉ်ရည်ဟင်းအဖြစ် ချက်စားနိုင်သည်။ ဝက်သားနှင့် ကြော်စားခြင်း၊ အချဉ်တည်ခြင်း သို့မဟုတ် တို့စရာအဖြစ်လည်း စားသုံးနိုင်သည်။

            ရှမ်းမြောက်ထွက် ညောင်ချဉ်ဖူးတွေကို မန္တလေးနဲ့ ရန်ကုန်မြို့ကြီးတွေအထိ ကားကြီးများဖြင့် တင်ပို့ရောင်းချကြပြီး "ရှမ်းပြည်ထွက်" အမည်နဲ့ လူကြိုက်များကြောင်း သိရှိရသည်။ ညောင်ချဉ်ဖူး ဈေးနှုန်းဟာရာသီအစနဲ့အလှိုင်ပေါ်ချိန်အပေါ်မူတည်ပြီးကွာခြားတတ်သည်။ ပေါ်ဦးပေါ်ဖျားအချိန် တွင်  တစ်ပိဿာကို ၅,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ် ဝန်းကျင်အထိ ရှိတတ်ပြီး၊ လှိုင်လှိုင်ပေါ်ချိန် (ရာသီအလယ်) မှာတော့ ၃,၀၀၀ ကျပ်မှ ၄,၀၀၀ ကျပ် ဝန်းကျင်အထိ ဈေးအနည်းငယ် ကျဆင်းသွားလေ့ရှိကြောင်း သိရသည်။ ဈေးသည်အများစုက ပိဿာလိုက် (သို့မဟုတ်) အပုံလေးများပြုလုပ်၍ ရောင်းချကြကြောင်း သိရသည်။ ရှမ်းမြောက်ဒေသမှာတော့ ညောင်ချဉ်ဖူးကို အသားတု၊ မြေပဲဆုံထောင်းတို့နဲ့ ရောသုပ်စားတာဟာ အင်မတန် ထမင်းမြိန်စေတဲ့ ဒေသစာတစ်မျိုး ဖြစ်ကြောင်း သိရှိရသည်။

DOCA(ရှမ်း)

 

ကျိုင်းတုံမြို့ ဒေသထွက်ဖရဲသီးဈေးကွက်

              ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် နေထိုင်ကြသော တိုင်းရင်းသားများသည် မိုးစပါးရိတ်သိမ်းပြီးပါက လယ်ယာမြေများကို ထွန်းယက်၍ မြေကိုပြုပြင်ပြီး ဆောင်ရာသီး၌ စိုက်ပျိုးလေ့ရှိသည့် ဖရဲသီး သီးနှံကို တပိုင်တနိုင်စိုက်ပျိုးကြပါသည်။ ယခုနှစ် စိုက်ပျိုးကြသည့်ကျေး ရွာ၊ အုပ်စုများမှာ ကတ်တောင်၊ ယန်းကျိန်၊ ယန်းလှ၊ ကတ်ဖအုပ်စုများတွင် အများဆုံးစိုက်ပျိုးကြ ကြောင်းသိရပါသည်။

          နှစ်စဉ် ဒီဇင်ဘာလ၊ ဇန်နဝါရီလတွင် ဖရဲသီးပင်များကိုစိုက်ပျိုးကြပါသည်။ ဖရဲသီးကိုစိုက်ပျိုး ရာတွင် 855 ဟိုက်ဘာ၊ 842 ဟိုက်ဘာ မျိုးစေ့များကို (၄)နာရီခန့် ရေစိမ်ပြီး အခြောက်ခံကာ မျိုးစေ့များကို ဘောင်စနစ်များဖြင့် ၅'ပေ ၆'ပေ အကွာစိုက်ပျိုး၍ ရက်ပေါင်း(၉၀)ခန့်တွင် ထွက်ရှိ ကြောင်းသိရှိရပါသည်။ တစ်ဧကစိုက်ပျိုးမှုအတွက် မြေပြုပြင်ခြင်း၊ သွင်းအားစုများ မျိုးစေ့ ဓာတ်မြေဩဇာ၊ မြေဆွေး၊ နွားချေး၊ ပိုးသတ်ဆေး၊ ရေလောင်း၊ အပင်အုပ်ပလပ်စတစ်၊ လုပ်သားခ စသည်တို့သည့် ယခုနှစ် တစ်ဧကလျှင် စုစုပေါင်း (၄၁) သိန်းခန့် ကုန်ကြကြောင်းသိရှိရပါ သည်။

          ၂၀၂၆ ခုနှစ် မတ်လတွင် ထွက်ရှိသော ဒေသဖရဲသီးများသည် တစ်ဧကလျှင် ဖရဲသီးလုံးပေါင်း ပျှမ်းမျှ(၂၁၀၀-၂၅၀၀)ခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ ဒေသထွက်သော ဖရဲသီးများကို ကျိုင်းတုံ မြို့မဈေး၊ အာခါဈေးနှင့် ယန်းခမ်းဈေးတို့၌ အရွယ်အစားပေါ်မှုတည်၍ လက်ကားဈေးနှုန်း ဖရဲသီး (၁)လုံးလျှင်(၄၀၀၀)ကျပ်မှ (၈၀၀၀)ကျပ်ခန့်ဖြင့် ဖြန့်ဖြူးရောင်းချကြောင်းသိရပါသည် ဖရဲသီးရောင်း ရငွေမှာ လက်ကားဈေးအနိမ့်ဆုံး(၄၀၀၀)ကျပ်ဖြင့်တွက်လျှင် (၈၄) သိန်းခန့် ရရှိ၍ တစ်ဧက၏ အထွေထွေကုန်ကျစရိတ်မှာ (၄၁) သိန်းနုတ်လျှင် ဖရဲသီးစိုက်ပျိုးသည့် တောင်သူကြီးများအနေဖြင့် တစ်ဧကကို အကျိုးအမြတ် (၄၃) သိန်းခန့် ရရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

မြင်းခြံကုန်စည်ဒိုင်(MDCCI)၏ဆီထွက်သီးနှံဈေးနှုန်းဈေးကွက်နှင့်အရောင်းအဝယ်ဖြစ်မှုအခြေအနေ

             မြင်းခြံကုန်စည်ဒိုင်တွင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့် ကြက်သွန်နီသီးနှံမျိုးစုံ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၆ခုနှစ်၊ မတ်လတွင် မြေပဲS1 လုံးဆံ တစ်တင်းလျှင် (၁၆၅၀၀၀)ကျပ်၊ ဆီဆံတစ်တင်းလျှင်(၁၄၄၀၀)ကျပ်၊ ပြန်လုံးဆံတစ်တင်းလျှင်(၁၆၅၀၀၀)၊ ပြန့်ဆီဆံ တစ်တင်းလျှင်(၁၅၈၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၂၅၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၁၁၉၀၀၀)ကျပ်၊  ဆီနေကြာတစ်ပိဿာလျှင် (၇၈၀၀-၈၀၀၀) ကျပ်တို့ဖြင့် အ‌ရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက  ယခုလတွင် မြေပဲဆံတစ်တင်းလျှင် (၅၅၀၀)ကျပ်ခန့် ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်းသိရှိရသည်။  နေ့စဉ် အိတ်ရေ (၂၅၀-၃၀၀) အိတ်ခန့်အရောင်းအဝယ် ပြုလုပ်ကြကြောင်း၊ စားသုံးမှုအနေဖြင့် ဒေသတွင်းဆီကြိတ်ခွဲ စားသုံးကြသလို ပဲကြော်လုပ်ငန်း များမှလည်း ဝယ်ယူအသုံးပြုကြကြောင်း၊ ဈေးကွက် တင်ပို့မှုအနေဖြင့် လှိုင်သာယာမြို့၊ ရွှေပြည်သာမြို့နှင့်မန္တလေးမြို့၊ ပခုက္ကူမြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရသည်။ အရောင်းအဝယ်ပြုလုပ်ရာတွင် ကုန်စည်ဒိုင်၏ စည်းမျဉ်းစည်ကမ်းများအတိုင်း အရောင်းအဝယ်ပြုလုပ်ကြကြောင်း ပွဲရုံလုပ်ကိုင်သူတစ်ဦးပြောပြချက်  အရသိရှိရသည်။ 

DOCA(မန္တလေး)

 

 

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၃၁-၃-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၃၁-၃-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

“စဉ့်ကိုင်မြို့နယ်၏ငရုတ်ဆောင်းထွက်ရှိမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

           မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်သော ကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဈေးကွက်ဝယ်လိုအားရှိသော ငရုတ်သီးနှံကိုလည်း စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြပါသည် ။ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ခရိုင် အတွင်း ငရုတ်ဆောင်းစိုက်ဧက(၄၉၉၀)ဧက စိုက်ပျိုးထားရှိပြီး စဉ့်ကိုင်မြို့နယ်တွင် (၁၀၀၃)ဧက စိုက်ပျိုးထားရှိပြီ ယခုအချိန်တွင် ငရုတ်များစတင်ထွက်ပေါ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ အများဆုံး စိုက်ပျိုးသောမျိုးများမှာ သာမို၊ ဒီမွန်နှင့်(၆၉၂) မျိုးများ ဖြစ်ပြီး အထွက်နှုန်းကောင်းသော (၆၉၂)မျိုးကို ပိုမိုစိုက်ပျိုးကြကြောင်း၊ ငရုတ်ဆောင်းကို နိုဝင်ဘာလ နှင့်ဒီဇင်ဘာလများတွင်စတင်စိုက်ပျိုးခဲ့ပြီး မတ်လဆန်းမှစတင်၍ ငရုတ်ဆောင်း (၁)ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအာစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၅)သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်တွင် (၁)ဧက အထွက်နှုန်းအနေဖြင့် ငရုတ်အခြောက် ပိဿာ(၄၀၀-၄၅၀) ခန့်ထွက်ရှိကြောင်း၊ ငရုတ်သီးအညှာပါ အခြောက်(၁)ပိဿာလျှင်(၁၁၀၀၀/-)ကျပ်၊ ငရုတ်သီးအညှာခြွေ(၁)ပိဿာလျှင် (၁၃၀၀၀/-) ကျပ်တို့ဖြင့် ရောင်းဝယ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် (၂၉)သိန်းကျပ်ခန့် မြတ်ခဲ့ကြောင်း၊ ယခု အချိန်တွင် ငရုတ်ပင်များ အသီးအပွင့်ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခုအချိန်တွင်ဆောင်းငရုတ်များလှိုင်လှိုင်ထွက်ပေါ်လာချိန်တွင် စျေးနှုန်းအနေဖြင့် ငရုတ်သီး အညှာပါ အခြောက်(၁)ပိဿာလျှင် (၂၂၀၀၀/-)ကျပ်၊ ငရုတ်သီး အညှာခြွေ(၁)ပိဿာလျှင်(၂၅၀၀၀/-) ကျပ်တို့ ဖြင့်ရောင်းဝယ်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ငရုတ်သီးများထွက်ပေါ်ချိန်တွင် ငရုတ်စိုက် တောင်သူ များမှ ပွဲရုံများသို့ တိုက်ရိုက်ရောင်းချကြကြောင်း၊ ၄င်းမှတဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည်။

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း