Main menu

မြေပဲစိုက်ပျိုးထွက်ရှိမှု ဈေးနှုန်းဈေးကွက်နှင့်တောင်သူ အကျိုးအမြတ်ရရှိမှုအခြေအနေ

Powered by Drupal

                                      မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ် သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီးဆောင်းမြေပဲကိုအနည်းငယ်သာအနည်းငယ်သာစိုက်ပျိုးမှုရှိပါသည်။၂၀၂၅ခုနှစ်တွင်မိုးမြေပဲကိုစိုက်ပျိုးရန်လျာထားမှုအနေဖြင့်(၆၃၅၀၀)ဧကဖြစ်ပြီး၊ စိုက်ပျိုးမှုမှာ (၆၅၅၇၃)ဧက စိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းဧကအနေဖြင့်(၆၅၅၇၃)ဧက အထွက်နှုန်းမှာ(၅၁.၅၉)တင်းနှုန်းဖြင့် အထွက်တင်းစုစုပေါင်း (၃၃၈၃၀၇၈)တင်း ထွက်ရှိခဲ့သည်။ ဆောင်းမြေပဲစိုက်ပျိုးရန်လျာထားမှု (၃၁၉) ဧက ရှိပြီး(၁၈၅)ဧက စိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းဧကမှာ(၁၈၅)ဧက ရိတ်သိမ်းခဲ့ပြီး တစ်ဧကပျမ်းမျှ အထွက် နှုန်းမှာ(၄၈.၁၃)တင်းနှုန်းဖြင့် အထွက်တင်း စုစုပေါင်း(၈၈၀၄)တင်းထွက်ရှိခဲ့သည်။ ထွက်ရှိသောမြေပဲ များကို ကျောက်ပန်းတောင်းမြို့နှင့် ထိစပ်လျက်ရှိသော ကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များ သို့ လာရောက်ရောင်းချကြပါသည်။

              ၂၀၂၅-၂၀၂၆ ခုနှစ်၊ မတ်လတွင် မြေပဲဆီဆံတစ်တင်းလျှင်(၁၅၇၅၀၀)ကျပ်၊ မြေပဲလုံဆံ တစ်တင်း လျှင်(၁၇၆၀၀၀)ကျပ်နှင့် မြေပဲမျိုးဆံတစ်တင်းလျှင်(၁၉၅၀၀၀)ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ယခင်နှစ်ကာလတူတွင် မြေပဲဆီဆံတစ်တင်းလျှင် (၁၂၇၅၀၀) ကျပ်၊ မြေပဲလုံးတစ်တင်း လျှင်(၁၃၂၀၀၀)ကျပ်နှင့် မြေပဲမျိုးဆံတစ်တင်းလျှင်(၁၃၅၀၀၀)ကျပ်ဝန်းကျင် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ကြသည်။

          ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲတစ်ဧကကုန်ကျစရိတ်အနေဖြင့် (၉၄၁၀၀၀)ကျပ်ဝန်းကျင်ကျသင့်ပြီး တစ်ဧကပျမ်းမျှအထွက်တင်းမှာ(၅၁.၅၉)တင်းနှုန်းထွက်ရှိခဲ့သည်။ ယခုမြေပဲတောင့်တစ်တင်းလျှင်(၄၂၀၀၀)ကျပ်နှုန်းရောင်းချခဲ့ရပြီး တစ်ဧကဝင်ငွေ(၂၁၆၆၇၈၀)ကျပ် နှုန်း ရရှိ၍ တစ်ဧကတောင်သူအကျိုးအမြတ်မှာ(၁၂၂၁၇၈၀)ကျပ်ရရှိခဲ့သည်။ ဒေသထွက်မြေပဲများကို ယခင် က အခြားဒေသများသို့ တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် ပြည်ပသို့ရောင်းချမှုနည်းပါး လာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာသည်။ တောင်သူအကျိုးအမြတ်ရရှိသော မြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချမှုမပြုဘဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများပြု လုပ်ပါက ဒေသတွင်းဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစားအစာများပေါများလာခြင်း၊ ဒေသတွင်း လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသော ဆီများ စားသုံးရခြင်းကြောင့် ကျန်းမာရေးညီညွတ်ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိစေသည့်အတွက်အကျိုးကျေးဇူးများစွာရရှိစေသောဆီထွက်သီးနှံမြေပဲကိုပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါသည်။  DOCA(မန္တလေး)