Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိရောင်းချနေသောကြံဈေးနှုန်းနှင့် ကြံရည်ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များတွင် ရေလုပ်ငန်းအပြင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြပါသည်။ ဒေသ တွင်း စိုက်ပျိုးရေးလုပ်ငန်းမှ နွေရာသီတွင် ရောင်းအားကောင်းသော ကြံသည် ယခု မိုးရာသီတွင် ပိုမိုစိုက်ပျိုးကြကြောင်းလည်း တွေ့ရှိရပါသည်။ ကြံများကို တနင်္သာရီမြို့၊ ပုလောနှင့် ကဘင်းရွာ များတွင် အများဆုံးထွက်ရှိကြကြောင်း ကြံများသည် ရာသီမရွေးထွက်ပေါ်သော်လည်း အောက်တို ဘာလများတွင် ပိုမိုထွက်ရှိကြောင်း စျေးကောင်းရလျက်ရှိကြောင်း သိရှိရပါသည်။

    ယခု၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလတတိယပတ်များတွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော အထွက်များသောရာသီတွင် ကြံဈေးနှုန်းမှာ (၁၀)ချောင်းတစ်စည်းလျှင်(၁၃၀၀၀)ကျပ်ရှိပြီး ထွက်ရှိ နည်းသောကာလတွင် (၁၀)ချောင်းတစ်စည်းလျှင် (၁၅၀၀၀)ကျပ်ရှိကြောင်း ကြံများရောင်းချသူများ ထံမှ သိရှိရပါသည်။ မြိတ်မြို့၊ အအေးဆိုင်များနှင့်လမ်းဘေးကြံရည်ဆိုင်များတွင် ကြံရည်များကို တစ်ခွက်လျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြင်းခြံမြို့၊အေးမြသီတာဈေးရှိအခြေခံစားကုန်ဈေးနှုန်းများ

    မြင်းခြံမြို့နယ်အတွင်းရှိ အေးမြသီတာဈေး၌ စားသောက်ကုန်အမျိုးမျိုး၊ လူအသုံးအဆောင်ပစ္စည်းအမျိုးမျိုး၊ သစ်သီးဝလံဟင်းသီးဟင်းရွက်နှင့် အသားငါးမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရောင်းချလျက်ရှိသော အခြေခံစားကုန် လက်လီလက်ကား ဈေးနှုန်းများအနေဖြင့် ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင် (၇၅၀၀ - ၇၆၀၀) ကျပ်၊ ဆီ(စားအုန်းဆီ) ၁ ပိဿာလျှင်(၇၁၃၈ -၇၃၇၅) ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၅၀၀၀- ၁၅၅၀၀) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာလျှင် (၁၅၀၀ - ၁၇၀၀) ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာလျှင် (၅၅၀၀ - ၆၀၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် (၂၃၀၀၀-၂၅၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား) ၁ ပိဿာလျှင် (၂၈၀၀၀-၃၀၀၀၀) ကျပ်၊ အမဲသား ၁ ပိဿာလျှင် (၂၂၀၀၀-၂၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းအကောင်လိုက် ၁ ပိဿာလျှင် (၁၂၀၀၀ - ၁၄၀၀၀) ကျပ်၊ ကြက်သား(မွေးမြူရေးကြက်) အကောင်လိုက် ၁ ပိဿာ လျှင်(၂၁၀၀၀ - ၂၂၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၅၀-၄၈၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၆၀၀-၇၀၀) ကျပ်ပေါက်ဈေး များဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လထက်  ယခုလတွင် ကြက်သွန်ဖြူ၊ ငါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများမှာ ဈေးတည်ငြိမ်လျက်ရှိပြီး၊ ပဲဆီသန့်၊ ကြက်သွန်နီ၊ အမဲသားနှင့် ကြက်သားဈေးများမှာ ဈေးနှုန်းမြင့်တက်ခဲ့၍ စားအုန်းဆီ ဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မြိတ်ခရိုင်ဒေသထွက် ကွမ်းသီးစျေးနှုန်း ကျဆင်းနေ

    မြိတ်ဒေသတွင် ဒေသထွက်ကုန်ဖြစ်သော ရာဘာ၊ သီဟိုဠ်၊ ဆီအုန်း၊ ကွမ်းသီးများစိုက်ပျိုး လျက်ရှိပြီး ပြည်တွင်းပြည်ပတင်ပို့လျက်ရှိရာ ဒေသထွက်ကွမ်းသီးစျေးနှုန်းများ ကျဆင်းလာကြောင်း သိရှိရပါသည်။ ကွမ်းသီးကို မြိတ်ခရိုင်ရှိ မြို့နယ်များဖြစ်သော ပုလော၊ တနင်္သာရီ၊ ကျွန်းစု၊ ဘုတ်ပြင်း မြို့နယ်များတွင် အများဆုံးထွက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတိုင်းတို့အား တင်ပို့ရောင်းချလျက်ရှိသည်။  ၎င်းတို့မှတစ်ဆင့်ဒေသထွက်ကုန်ကွမ်းသီးများကို ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချကြပြီး ယခုအခါ အထွက်နှုန်းကောင်းမွန်ခြင်း၊ လမ်းပမ်းဆက်သွယ်ရေးအခြေအနေများကြောင့်နှင့် ဝယ်လိုအား လျော့ နည်းလာခြင်းတို့ကြောင့် မြိတ်ဒေသထွက် ကွမ်းသီးများစျေးနှုန်းကျဆင်းလာ‌ကြောင်း သိရှိရပါသည်။ ယခင်နှစ်က ကွမ်းသီးအလုံးတစ်ပိဿာစျေးနှုန်း ၂၀၀၀၀ကျပ်ခန့် ပတ်လည်ဝန်းကျင်ရှိရာမှ ယခု စျေးနှုန်းတစ်ပိဿာ ၁၄၀၀၀ကျပ်ခန့်ထိစျေးကျဆင်းသွားကြောင်း သိရှိရပါသည်။ ယခုလအတွင်း ကွမ်းသီးရောင်းချသူခန့်မှန်းပြောကြားချက်အရ ၁၃၀၀၀ကျပ်ခန့်အထိ စျေးကျဆင်းသွားမည်ဖြစ် ကြောင်းသိရှိရပါသည်။ မြိတ်ဒေသတွင် ကွမ်းသီးအလုံး၊ ခွဲခြမ်း၊ အနု ဟူ၍ ရောင်းချကြရာမှ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကွမ်းသီးအလုံးတစ်ပိဿာစျေးနှုန်းမှာ ၁၄၀၀၀ကျပ်၊ ခွဲခြမ်းတစ်ပိဿာစျေးနှုန်းမှာ ၁၁၀၀၀ ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဟင်္သာတ ကုန်စည်ဒိုင်တွင် ပြည်ပပို့ကုန် မတ်ပဲအသစ်များဈေးကွက်ဝင်ရောက်

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် မိုးစပါးရိတ်သိမ်းပြီးချိန်၌ သီးထပ်အဖြစ် ပဲမျိုးစုံကို စိုက်ပျိုးကြပြီး ပြည်ပပို့ကုန်တစ်မျိုးဖြစ်သော ဆောင်းသီးနှံမတ်ပဲကို အများဆုံး စိုက်ပျိုးကြပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သီးထပ်ရာသီတွင် မတ်ပဲစိုက်ဧက ၂၆၀၀၀၀ ကျော် စိုက်ပျိုးခဲ့ပါသည်။၂၀၂၅ ခုနှစ် အောက်တိုဘာလ ပထမ သီတင်းပတ်တွင်စတင် စိုက်ပျိုးသော မတ်ပဲသီးနှံများသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ တတိယသီတင်းပတ်တွင် ဈေးကွက်ဝင်ရောက်လာကာ ဟင်္သာတ ကုန်စည်ဒိုင်တွင် နေ့စဉ် မတ်ပဲအိတ် ၄၀၀၀ မှ ၅၀၀၀ ကြား အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၇.၁.၂၀၂၆ နေ့တွင် မတ်ပဲ တစ်တင်းဈေးနှုန်းမှာ ၉၂၀၀၀ ကျပ် ဈေးပေါက်လျက်ရှိပါသည်။ မတ်ပဲ တစ်ဧကအထွက်နှုန်းမှာ ပျမ်းမျှ (၁၅)တင်းခန့်ထွက်ရှိပြီး တစ်ဧက ကုန်ကျစရိတ်မှာ ၇ သိန်းကျပ် ဝန်းကျင်ရှိသည့်အတွက် မတ်ပဲစိုက်တောင်သူတို့အနေဖြင့် တစ်ဧကလျှင် ၇ သိန်းကျပ်ဝန်းကျင်ခန့် အကျိုးအမြတ် ရရှိလျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၂၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၀  ရက်နေ့မှ ၂၆  ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင်ငွေကျပ် ၆,၂၅၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။       

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

             ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ  ၅.၂.၂၀၂၆ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၉၁၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ် အိတ်လျှင် ၃၁၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၆၀၀၀၀ ကျပ်ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၉၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခင်တစ်ပတ်တွင် မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၉၅၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၉၁၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ် ပိဿာလျှင် ၉၄၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၉၀၀၀ ကျပ်ခန့်၊ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ် လျှင် ၃၀၀၀၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၃၁၀၀၀၀ ကျပ်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA (ရန်ကုန်)  

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၉-၂-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၉-၂-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ဖေဖော်ဝါရီလ ပထမပတ် စက်သုံးဆီဈေးနှုန်း အခြေအနေ

    စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၆-၂-၂၀၂၆ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance ၂၄၅၀ ကျပ်၊ 95 Octance ၂၅၁၀ ကျပ်၊ ရိုးရိုးဒီဇယ် ၂၅၇၅ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၅၅ ကျပ်ဖြစ်ကြောင်း  သိရှိရသည်။

     မြင်းခြံမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် ၂၄ ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်း များအနေဖြင့် 92 Octance ၂၅၁၀ ကျပ်၊ 95 Octance ၂၅၇၀ ကျပ်၊ ရိုးရိုးဒီဇယ်  ၂၆၃၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၉၁၅ ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ် ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် 92 Octance တွင် ၂၀ ကျပ်၊ 95 Octance တွင်  ၃၅ ကျပ်၊ ရိုးရိုးဒီဇယ်တွင် ၈၀ ကျပ်၊ ပရီမီယမ်ဒီဇယ်တွင် ၈၅ ကျပ်တို့ အသီးသီးဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ညောင်တုန်းမြို့နယ် ကုမ္ပဏီများမှ စပါးဝယ်ယူမှုအခြေအနေ

      မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် လယ်ယာမြေစိုက်ပျိုးခြင်း၊ မွေးမြူရေး လုပ်ငန်းပြုလုပ်ခြင်း လုပ်ငန်းတို့ဖြင့် ဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်သည်။ ညောင်တုန်း မြို့နယ် နေ့စဉ် စပါးဝယ်ယူနေပြီး ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ပထမပါတ်အတွင်း  မြို့နယ်တွင်းနှင့် တိုင်းဒေသကြီးအတွင်း အခြားမြို့နယ်များမှ စပါးများကို ဝယ်ယူလျက်ရှိကြောင်း သိရသည်။

        စပါးဝယ်ယူမှုအနေဖြင့် ရွှေဝါနဒီကုမ္ပဏီမှ ကရင်မစပါးအခြောက်  (၃၀၂၃)တင်း ငွေကျပ် ၁၄၇၀၀၀၀/-ဖြင့်၊ အဖျောက်မြို့နယ်မှ ဝယ်ယူခြင်း၊ အသွယ်စပါး အစို (၆၅၉၆)တင်း ငွေကျပ် ငွေကျပ် ၁၃၁၇၀၀၀/-ကျပ် ၁၂၆၆၅၀၀/-ကျပ်ဖြင့် ဘောလယ်ကျေးရွာနှင့် လေးမျက်နှာဘက်မှ စပါးအစိုဝယ်ယူခြင်း၊ ဆင်းသုခစပါး (၅၅၈၈)တင်း ငွေကျပ်၊ ၁၄၅၃၀၀၀/-ကျပ် ၁၄၇၀၀၀၀/-ကျပ် ဖြင့် ရွှေတောင်မှော်ကျေးရွာ၊ မအူပင်မြို့နယ်မှ စပါးအခြောက် ဝယ်ယူခဲ့ပြီး ဝယ်ယူသော ကုမ္ပဏီမှာ (၅၀)ပေါင် စပါးတင်း (၁၀၀)ဈေးနှုန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

          GoodBrother ကုမ္ပဏီမှ ဆင်းသုခစပါး (၂၄၄)တင်း ငွေကျပ်၊ ၁၄၇၀၀၀၀/-ကျပ်၊   GW-11 စပါးအခြောက် (၉၅၂၄)တင်း ငွေကျပ်၊ ၁၃၇၀၀၀၀/-ကျပ်၊ ၁၃၉၀၀၀၀/-ကျပ်ဖြင့် ကျောင်းကုန်း မြို့နှင့် ညောင်တုန်းမြို့တွင်းမှလည်းကောင်း၊ ကရင်မစပါး (၄၃၈၄)တင်း ငွေကျပ်၊ ၁၄၈၀၀၀၀/-ကျပ်၊ဖြင့် မအူပင်မြို့နယ်မှဝယ်ယူခြင်း၊ ထွန်းပု စပါး တင်း (၅၀၀) ငွေကျပ် ၁၅၆၀၀၀၀/-ကျပ်ဖြင့် ညောင်တုန်းမြို့နယ်အတွင်းမှဝယ်ယူခဲ့ပြီး ပေါင်(၅၀) တင် ၁၀၀နှုန်းဖြင့်ဝယ်ယူခဲ့ကြောင်းသိရသည်။  ညောင်တုန်းမြို့နယ် ကုမ္ပဏီများမှ နေ့စဉ် စပါးဝယ်ယူမှု များကို မြို့နယ်ဦးစီးမှုးရုံးသို့ နေ့စဉ် စပါးဝယ် ယူမှုရှိ/ မရှိ အခြေအနေ စာရင်း အား  ပြုစုပေးပို့ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကောင်းရလျက်ရှိသော ကွမ်းဈေးနှုန်း

 ဧရာဝတီတိုင်းဒေသကြီး၌ ကွမ်းရွက်ပင်ကို မြို့တိုင်းနီးပါး စိုက်ပျိုးကြပြီး ပုသိမ်ခရိုင် ၊ကျုံပျော် ခရိုင်၊ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်၊ ဖျာပုံခရိုင်နှင့် မအူပင်ခရိုင်တို့မှ စုစုပေါင်း ကွမ်းစိုက်ဧက(၁၀၇၆၈) ဧက ခန့်ရှိ၍ ယခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်တွင် ကွမ်းရွက် တစ်ပိဿာလျှင် ၃၃၀၀/- ကျပ်၊  ဈေးဖြင့် ရောင်းချရလျက်ရှိပါသည်။ ယခင် ကာလတူ ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက တစ်ပိဿာ လျှင် ၁၀၀၀၀/- ကျပ်ခန့် ပိုရလျက်ရှိပြီး ကွမ်းစိုက် တောင်သူတို့ ဈေးကောင်းရလျက်ရှိပါသည်။ဒေသမျိုးကွမ်းညွန့်များကို တစ်ညွန့်လျှင် ၈၀ ကျပ်ခန့်ပေးရပြီး အပင် ၅၀၀၀ ခြံ၊ ၁၀၀၀ခြံ စသည်ဖြင့်စိုက်ပျိုးကြပါသည်။ အပင်အညွန့်တင်ရန် လက်ညှိုးလုံးခန့်ရှိသော ကွမ်းခြံတိုင် ဝါးလေးများ ကိုအသုံးပြုရပြီး ယခုနှစ်တွင် ကွမ်းခြံဝါးတစ်လုံးလျှင် ၁၆၀ ကျပ်ခန့်ကျ သင့်ပါသည်။

          ကွမ်းရွက် အပင် ၅၀၀၀ ခြံမှ တစ်ပတ်ခူးဆွတ်လျှင် ၅၀ ပိဿာခန့်ရရှိကြပါသည်။ အပင်၏ ကျန်းမာသန်းစွမ်းမှုကိုလိုက်၍ တစ်နှစ်ပတ်လုံးခူးဆွတ်နိုင်ကြပြီး နွေရာသီတွင်ရေလောင်းပေးရပါ သည်။ အပင်ကောင်းပါက နောက်နှစ် စိုက်ပျိုးချိန် ကာလအထိ ၎င်း အညွန့်ကို မျိုးပြန်ယူ၍  ပြန်လည် စိုက်ပျိုးကြပါသည်။အပင် ၅၀၀၀ ခြံမှ ၁၅ ရက်တပတ်လျှင် ကွမ်းရွက် ပိဿာ ၅၀ ခန့်ထွက်ရှိသည့် အတွက် ယခုဈေးတစ်ပိဿာ ၃၃၀၀၀ ကျပ်ဖြင့်တွက်ပါက တစ်လလျှင် ၃၃ သိန်း ကျပ်ခန့် ကွမ်းစိုက် တောင်သူတို့ ဝင်ငွေရလျက်ရှိပါသည်။ ကွမ်းရွက်ကို ဒေသတွင်းစားသုံးမှုအပြင် ရန်ကုန်သီရီမင်္ဂလာ  ဈေးရှိ ကွမ်းဒိုင်များသို့ နေ့ချင်းအရောက် တင်ပို့၍ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

 (DOCA ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း