
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကြက်သွန်ဖြူကို မိုးစပါးရိတ်သိမ်းပြီး ဒေသအခေါ် လယ်ရိုးပြန်အဖြစ် ကုလားပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို စိုက်ပျိုးကြပါသည်။ ကြက်သွန်ဖြူကို ဒီဇင်ဘာလ၊ ဇန်နဝါရီလတို့တွင် စိုက်ပျိုးပြီး မတ်လ၊ ဧပြီလတို့တွင် ရိတ်သိမ်းကြပါ သည်။ တစ်မြို့နယ်လုံး စိုက်ဧက(၁၂၉)ဧကရှိသည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
ကြက်သွန်ဖြူသီးနှံ၏ တစ်ဧကကုန်ကျစရိတ်မှာ ပေါက်ဒေသဈေးဖြင့် တွက်ချက်ပါက ကျပ် သိန်း (၈၀-၉၀)ဝန်းကျင်ထိ ကုန်ကျကြောင်း သိရှိရပါသည်။ ကုန်ကျစရိတ်ကြီးမြင့်ရခြင်းမှာ လမ်းပန်း ဆက်သွယ် ရေးခက်ခဲသဖြင့် စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးဆေးဝါးများ၏ ဆေးနှုန်းများ တိုးမြင့် လာမှုတို့ကြောင့်ဖြစ်ကြောင်း တောင်သူထံမှသိရှိရပါသည်။ တစ်ဧက ပျမ်းမျှထွက်နှုန်းမှာ ပိဿာ (၁၇၀၀)ကျော်အထိ ထွက်ရှိကြောင်း သိရှိရပါသည်။ တောင်သူများမှရရှိ လာနိုင်သော အကျိုးအမြတ်မှာ လက်ရှိ ဒေသပေါက်ဈေး ကျပ်(၁၀၀၀၀ - ၁၂၀၀၀)ခန့် ဖြစ်ပေါ်နေပြီး အထွက်နှုန်းနှင့် ဈေးနှုန်းကို တွက်ချက် ကြည့်ပါက ကျပ်သိန်း(၁၅၀ - ၁၈၀)ခန့်ရရှိကြောင်း၊ ကုန်ကျစရိတ်ကို ပြန်လည် နှုတ်ယူပါက အသား တင်အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၉၀)ဝန်းကျင်ထိ ကျန်ရှိကြောင်း သိရှိရ ပါသည်။ ရင်းနှီးမြှုပ်နှံမှု သိသိသာသာ လျော့နည်းကျဆင်းလာပါက စိုက်ဧက တိုးတက် လာနိုင်ပြီး တောင်သူ၏ ဝင်ငွေမှာ တိုးတက်လာနိုင်မှာဖြစ်ကြောင်း ကြက်သွန်ဖြူစိုက်တောင်သူထံမှ သိရှိရပါသည်။
DOCA(မကွေး)
