Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မြေထောက်ပဲ(အညို)ဈေးနှုန်း

         ရွှေဘိုမြို့ ဈေးကွက်အတွင်းသို့ ဒေသထွက်မြေထောက်ပဲ(ညို)အသစ်များဇန်နဝါရီလ၊ ဒုတိယအပတ်မှစတင်၍ဝင်ရောက်ခဲ့ပြီး ဇန်နဝါရီလ၊ တတိယအပတ်တွင်ရောင်းချသည့် မြေထောက်ပဲ(ညို)အသစ် ဈေးနှုန်းမှာ ()ပြည်လျှင်(၇၅၀ဝိ/-)ကျပ်နှင့်တစ်တင်းလျှင်(၁၂၀၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌

               မြေထောက်ပဲ(ညို)()ပြည်လျှင် (၇၅၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ မြေထောက်ပဲ(ညို)အသစ်များ ဈေးကွက်အတွင်းဝင်ရောက်သော်လည်း အရောင်းအဝယ်အေးနေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ပဲပြုတ်ရောင်းချသူများ၊အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

သာယာဝတီမြို့ရှိဈေးကောင်းရနေတဲ့ တံမြတ်စည်း

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်မှာရှိတဲ့ တံမြတ်စည်းများဟာ ဈေးကောင်းရလျက်ရှိပါသည်။ ယခုအချိန်ဟာ မြတ်တံမြတ်စည်းထွက်ရှိတဲ့ အချိန်ကာလဖြစ်ပြီး တံမြတ်စည်းပြုလုပ်တဲ့ ကုန်ကြမ်းပစ္စည်းဖြစ်သော ကိုင်းမြက်များကို သာယာဝတီမြို့နယ် အရှေ့ဘက်တောင်ပေါ်များမှ ခုတ်ယူရရှိပြီး ထုတ်လုပ်လျက်ရှိပါသည်တံမြက်စည်း၁ချောင်းကို ၁၈ကျပ်သားမှ ၂၀ကျပ်သားခန့်ကို အလုံးလေးရှစ်လုံးခန့်လုံးပြီး ဆယ်ပင်ချည်ကြိုးဖြင့်ပတ်၍ ပြီးသည်နှင့် လက်ကိုင်အစွတ် စွပ်ပါသည်။တံမြက်စည်းကိုမြက်သား ကျွတ်မထွက်စေရန် ချုပ်သား (၃)ကြောင်းနိုင်လွန်ကြိုးဖြင့် ချည်နှောင်ကာ အလယ်တွင်ဝါးတုတ်တံထည့်တံမြက်စည်းပြီး ထိပ်သား များညီညာစေရန်ကပ်ကြေးဖြင့် ဖြတ်ရပါသည်ထို့နောက်ပလတ်စတစ်ဖြင့် မြက်သားကိုစွပ်ပြီး တံဆိပ်ကပ်ရပါသည်။ ပြီးလျှင် (၁၀)ချောင်းတစ်တွဲတွဲကာ ပီနံအိတ်ထဲထည့်၍ ဈေးကွက်သို့တင်ပို့ ရောင်းချရပါသည်။ ဈေးကွက်သို့တင်ပို့ရောင်းချရသည့် ဈေးနှုန်းများမှာ ယခင်နှစ်က တစ်ချောင်းလျှင် ၂၀၀၀ကျပ်မှ၂၅၀၀ ကျပ်ခန့်သာ ရောင်းချရသော်လည်း ယခုနှစ်တွင်တံမြက်စည်းတစ်ချောင်းလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ ဈေးကောင်းရနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့ ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက် လာပင်စင်စားများအားစားအုန်းဆီရောင်းချမှု

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် လစဉ် ကျန်းမာရေးဆေးဝါး စောင့်ရှောက်မှု့ခံယူရန် လာရောက်ကြသော ပင်စင်စားဝန်ထမ်းများအား ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၁ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် စားအုန်းဆီရောင်းချပေးခဲ့ပါသည်။

        စားအုန်းဆီရောင်းချပေးရာတွင်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းများမှကြီးကြပ်၍ ဆီကိုယ်စားလှယ်မှလာရောက်ရောင်းချပေးခဲ့ရာ လစဉ် ပင်စင်ထုတ်ရက်၌ ကျန်းမာရေးစောင့်ရှောက်လာ ပင်စင်စားဘိုးဘွားများ စုစုပေါင်းဦးရေ (၇၀)ဦး လာရောက် ဆေးပြသကြသော်လည်း၊ စားအုန်းဆီဝယ်ယူသူပင်စင်စားဦးရေမှာ(၆၅)ဦးဖြစ်ပါသည်။ ဆီတစ်ပိဿာလျှင် (၆၈၀၀)  ကျပ်ဖြင့် တစ်ဦးလျှင် တစ်ပိဿာနှုန်းစီဖြင့် ဆီပိဿာစုစုပေါင်း (၆၅)ပိဿာ၊ ကို ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့ပေါ်ရှိစျေးများမှအာလူးစျေးနှုန်းစျေးကွက်

            အာလူးသီးနှံသည် အာဟာရတန်ဖိုးမြင့်မားသောကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် အဓိက အစားအစာအဖြစ် စားသုံးလျက်ရှိသောသီးနှံဖြစ်ပါသည်။ မြန်မာ့အာလူးစိုက်ဧရိယာ၏ (၇၅)ရာခိုင်နှုန်းကျော် ကိုရှမ်းပြည်နယ်တွင် စိုက်ပျိုးပြီး စိုက်ပျိုးသူအတွက်အကျိုးအမြတ်ရှိသည့် သီးနှံဖြစ်သည့်အပြင် စားသုံးသူတို့အတွက်လည်း အာဟာရတန်ဖိုးမြင့်မားသဖြင့် မြန်မာနိုင်ငံအတွင်း စိုက်ပျိုးဖြစ်ထွန်းသောဒေသများ၌ တိုးချဲ့စိုက်ပျိုးလျက်ရှိသည်။ အာလူးသီးနှံသည် အေး၍သမရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ မိုးရေချိန်(၄၀-၈၀)လက်မရွာသွန်းသောဒေသများတွင် ဖြစ်ထွန်းပါသည်။ ဆည်ရေ၊ မြောင်းရေရရှိသည့်ဒေသများတွင် ဆောင်းရာသီ၌ စိုက်ပျိုးကြပါသည်။ အာလူးစိုက်ပျိုးဖြစ်ထွန်းသည့် အသင့်တော်ဆုံးအပူချိန်မှာ (၁၆-၂၇)ဒီဂရီစင်တီဂရိတ်ဖြစ်၍ (၂၈)ဒီဂရီစင်တီဂရိတ် ထက်ကျော်လွန်ပါက အပင်ကြီးထွားမှုနှေးကွေးသွားပါသည်။ အာလူးပင်၏သက်တမ်းမှာ ပုံမှန်အားဖြင့် ၃လခွဲ-၄ လအတွင်းရှိပြီး နေ့တာရှည်ပါက သက်တမ်းအနည်းငယ်ပိုရှည်၍ နေ့တာတိုပါက သက်တမ်းအနည်းငယ်တိုပါသည်။ ပဲခူးမြို့ပေါ်ရှိစျေးများတွင် ယခုဇန်နဝါရီလတတိယအပတ်တွင် အာလူးစျေးနှုန်းမှာ အကြီးတစ်ပိဿာလျှင် လက်လီစျေး(၅၈၀၀-၆၀၀၀)ခန့်ရှိပြီး၊ လက်ကား စျေးနှုန်းမှာ (၅၀၀၀)ကျပ်ခန့်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့ပေါ်ရှိမရမ်းသီးစျေးကွက်

          ပဲခူးမြို့ပေါ်ရှိစျေးများထဲတွင် ယခုဇန်နဝါရီလအတွင်း မရမ်းသီးများစတင်ပေါ်ထွက်လာပီ ဖြစ်ပါသည်။ မရမ်းပင်သည် သားစဥ်မြေးဆက်စိုက်ပျိုးထုတ်လုပ်စီးပွားဖြစ်ထွန်းစေသော အပင်တစ်မျိုးပင်ဖြစ်ပါသည်။ အချို၊ အချဥ်အရသာနှစ်မျိုးရှိပြီး မရမ်းသီးအစိမ်းအတိုင်းကို မရမ်းသီးထောင်း၊ မရမ်းသီးကြော်စသည်ဖြင့် စားသောက်ကြသကဲ့သို့ အခြောက်လှမ်း၍ မရမ်းပြား၊ မရမ်းပေါင်း၊ မရမ်းယိုများအဖြစ်လည်း စားသုံးကြပါသည်။ မွန်လူမျိုးများဟင်းချက်သည့်အခါ မရမ်းပြားကို ထည့်ချက်လေ့ရှိကြောင်း တွေ့ရတတ်သည်။ မရမ်းသီးမှည့်သည် အရောင်တဝင်းဝင်းနှင့် ရာသီပေါ်ချိန်ဆိုလျှင် အရောင်းသွက်လှပါသည်။ မရမ်းသီးကို အရသာအလိုက် အချိုမျိုးနှင့် အချဥ်မျိုးဟူ၍ နှစ်မျိုးခွဲထားပါသည်။ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် အများဆုံးစိုက်ပျိုးဖြစ်ထွန်းကြသည်။

          ပဲခူးမြို့ပေါ်ရှိစျေးများထဲတွင် ယခင်ဇန်နဝါရီလ ပထမအပတ်တွင် မရမ်းသီးတစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ တစ်ဆယ်သားလျှင် ၂၅၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ယခု ဇန်နဝါရီလ တတိယအပတ်တွင် မရမ်းသီးတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ တစ်ဆယ်သားလျှင် ၁၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော အမဲသား ဈေးနှုန်း

                 ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါ တွင် လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

                အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကား ရောင်းချလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်၏ အမဲသား ဈေးနှုန်းများ အနေဖြင့် အမဲသားရှယ်(တစ်တုံးထဲသား) လက်လီ တစ်ပိဿာလျှင် (၃၂၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၆၀၀၀)ကျပ်၊ အမဲသားရိုးရိုး (အသားပြွန်း) လက်လီ တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာ လျှင်(၁၆၀၀၀)ကျပ်၊ အမဲသား အတိုအစ တစ်ပိဿာ(၁၂၀၀၀)ကျပ်၊ အမဲခေါင်းသား တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ အမဲသွေးခဲ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ အမဲအူ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ် နှင့် အမဲရိုး တစ်ပိဿာ(၈၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အမဲသားသည် ထံမှ သိရပါသည်။   DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ဈေးနှုန်းဆက်လက်ကျဆင်းနေသော ဝက်ကောင်ပေါက်များ

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာ ကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင်၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူ‌ရေးကို အဓိကထား လုပ်ကိုင်ကြရာမှ ဝက်မွေးမြူရေးလုပ်ငန်းကိုပါ‌ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

             ယခုလို ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိရာတွင် အသားတိုးဝက်နှင့် အသားကျဝက်ဟု နှစ်မျိုးမွေးမြူကြပါသည်။ ဝက်သားကျ မွေးမြူသူများမှ သားဖောက်ရောင်းသော သားပေါက်ကလေးများကို အသားတိုးဝက်မွေးမြူရန်အတွက် ဝက်ပေါက်ကလေး တစ်လခွဲသားများကို ဝယ်ယူပြီး မွေးမြူရကြောင်း၊ ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဝက်သားပေါက် ဈေးနှုန်းများမှာ အကောင်အကြီးအသေး နှင့် မျိုးကောင်း မကောင်း အပေါ်မူတည်၍ ဝက်သားပေါက် အကြီး တစ်ကောင်လျှင်(၂၈၀၀၀၀)ကျပ်၊ ဝက်သား ပေါက် အလတ် တစ်ကောင်လျှင်(၂၇၀၀၀၀)ကျပ်၊ ဝက်သားပေါက် အသေး တစ်ကောင်လျှင်(၂၅၀၀၀၀)ကျပ် ဈေးအထိ ဈေးနှုန်းအစားစားဖြင့် ရောင်းချလျက်ရှိပြီး ရာသီဥတု အအေးဒဏ်နှင့် ကားလမ်းများပိတ်ဆို့မှု ကြောင့် ဝက်ကောင်ပေါက် ဈေးနှုန်းများ ထပ်မံကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကံကောင်းလာဘ်ရွှင်စေသော ဇော်စိမ်းပန်းစျေးကွက်

           ဇော်စိမ်း၊ ဇော်ကျား၊ဇော်လုံးစသည့် ပန်းပင်များမှာ အမျိုးအစားတူညီကြပြီး မြန်မာလူမျိုးတို့နှင့်ရင်းနှီးသော ပန်းပင်များဖြစ်ကြပါသည်။ ဇော်စိမ်းကို အချို့နေရာများတွင် ကျောက်စိမ်းပင်၊ ကျောက်စိမ်းပန်းဟူ၍လည်း ခေါ်ဆိုကြပါသည်။ ပတ်ဝန်းကျင်တွင် အလေ့ကျပေါက်ရောက် လေ့ရှိသလို ဘုရားပန်းထိုးရန်အတွက် မိမိတို့၏နေအိမ်ခြံဝန်းများအတွင်း၌လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလေ့ရှိကြသည်။ ဇော်စိမ်းပင်များသည် သဘာဝအရအကြမ်းခံပြီး အိမ်တွင်းအိမ်ပြင် အလွယ်တကူစိုက်ပျိုးနိုင်သော အပင်မျိုးဖြစ်သည်။ မြေအမျိုးအစားနှင့် ရာသီမ‌ရွေးစိုက်ပျိုးနိုင်သော အပင်မျိုးဖြစ်သည်။ အပင်ပိုင်းမျိုးပွားနည်းနှင့်ကိုင်း၊ အတက်တို့ကို မြေကြီးထဲသို့ထိုးစိုက် ထားရုံမျှဖြင့် ရှင်သန်ကြီးထွားနိုင်ကြပါသည်။ အိုးနှင့်စိုက်ပျိုးမည်ဆိုပါက ရေမဝပ်ဘဲလေဝင်လေထွက်ကောင်း သောပန်းအိုးကိုရွေးချယ်ရပါမည်။ အပင်၏ပတ်ပတ်လည်တွင် အမြစ်များကြီးထွားပွားများနိုင်ဖို့အတွက် သင့်တင့်သောနေရာရနိုင်မည့် ပန်းအိုးများဖြစ်ရန်လိုအပ်သည်။ ထို့နောက် မိမိအိမ်တွင် ရှိသောအပင်(သို့မဟုတ်) ကိုင်းကို အိုးထဲသို့ထည့်စိုက်ပြီး စိုက်ပျိုးနိုင်ပါသည်။ အပင်စိုက်ပျိုးထားသော အိုးထဲကမြေသည် အစိုဓာတ်အမြဲရရှိနေရန်လိုအပ်ပေသည်။

      အိုးနှင့်မဟုတ်ဘဲမြေကြီးပေါ်တွင် ချစိုက်မည်ဆိုပါက ဘောင်ဖော်ပြီးစိုက်ပျိုးလျှင်ပိုကောင်းသည်။ ဘောင်ဖော်ရာတွင် အမြစ်ကောင်းကောင်းကြီးထွားနိုင်ရန်အတွက် အနက် ၆လက်မဝန်းကျင် ရရှိအောင်ပြုလုပ်ထားသင့်ပါသည်။ နွားချေး၊ မြေဆွေး အလွယ်တကူရနိုင်မည်ဆိုလျှင် ဘောင်ပြုလုပ်ရင်းကြိုတင်ထည့်ထားသင့်ပါသည်။ အပင်စိုက်ပျိုးရာတွင် ၆လက်မအကွာအဝေး ထားပြီးစိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးပြီး ၁၀-၁၅ရက်အကြာတွင် အမြစ်နှင့်အညွှန့်လေးများ ထွက်လာမည်ဖြစ်သည်။ ယခု ဇန်နဝါရီလတတိယအပတ်တွင် ပဲခူးမြို့ရှိစျေးများထဲတွင် ဇော်စိမ်းပန်းစည်း အကြီးအသေးအရွယ်အစားပေါ်မူတည်၍ စျေးနှုန်း ကျပ်(၂၀၀၀-၃၀၀၀-၃၅၀၀)အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မြစ်ကြီးနားမြို့အတွင်းဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်းအခြေအနေ

  ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင် ဆောင်ရွက်လျက်ရှိသောဒေသတစ်ခုဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကို သီးနှံအထွက်နှုန်းပိုမိုကောင်းမွန်စေ‌ရေးအတွက် အသုံးပြု လျက်ရှိရာ မြစ်ကြီးနားမြို့ပေါ်ရှိ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးအ‌ရောင်းဆိုင်များမှ ဝယ်ယူအသုံး ပြုလျက်ရှိကြောင်းသိရှိရပါသည်။

              မြစ်ကြီးနားခရိုင်အတွင်းရှိ စိုက်ပျိုးရေလုပ်ငန်းသုံး ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး စျေးနှုန်းများအနေဖြင့် ၂၀၂၆ ခုနှစ် စတုတ္ထအပတ်အတွင်း ဖြစ်ပေါ်နေသော ဓာတ်မြေသြဇာ စျေးနှုန်း များမှာ ယူရီးယား(50)kg တစ်အိတ်လျှင်ကျပ် ၂၃၀၀၀၀၊ တီစူပါ(သံကွင်း) (50)kg တစ်အိတ်လျှင် ကျပ် ၂၁၀၀၀၀၊ ရွှေကောမတ် (50)kg တစ်အိတ်လျှင်ကျပ် ၂၁၀၀၀၀၊ပိုတက် (50)kg တစ်အိတ်လျှင် ကျပ် ၂၀၅၀၀၀ ၊ကွန်ပေါင်း (၉:၉:၉) (50)kg တစ်အိတ်လျှင် ကျပ်၂၀၀၀၀၀၊ ကွန်ပေါင်း (၁၅:၁၅:၁၅) (50)kg တစ်အိတ်လျှင်ကျပ်၂၄၀၀၀၀ ၊ အာမို(၁၆:၁၆:၁၆) (50)kg တစ်အိတ်လျှင်ကျပ် ၂၄၅၀၀၀ ဈေးနှုန်း အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

              ပိုးသတ်ဆေးဈေးနှုန်းအနေဖြင့်လည်း ယခုပတ်အတွင်းရောင်းချနေသော ဈေးနှုန်းများမှာ ဆိုင်ရာမို(500)cc တစ်ပုလင်းလျှင်ကျပ် ၁၈၀၀၀၊ Rocket (100)cc တစ်ပုလင်းလျှင် ကျပ် ၁၈၀၀၀၊  အီဗာလန်ဒါ  (100)g တစ်ထုပ်လျှင်ကျပ် ၁၈၀၀၀၊အလန်း   (100)g တစ်ထုပ်လျှင် ကျပ်၁၅၀၀၀၊ ဘတ်စတား(10)g တစ်ထုပ်လျှင်ကျပ် ၅၀၀၀ ဖြင့်ရောင်းချလျက်ရှိ‌ကြောင်းသိရပါသည်။ မြေပြင် ကွင်းဆင်းစစ်ဆေးချက်များအရ ယခုလက်ရှိ မြစ်ကြီးနားမြို့ပေါ်တွင် ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ကချင်)

 

မအူပင် မြို့ မြို့မရပ်ကွက်တွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော မုန့်ဖတ်လုပ်ငန်း

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသေးစား၊ အလတ်စား၊ အငယ်စား ဖွံ့ဖြိုးတိုးတက်ရန် ကူညီ အားပေးဆောင်ရွက်လျက်ရှိသည်။ ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဈေးကွက်ရရှိရေး ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မုန့်လုပ်ငန်းများ တပိုင်တနိုင် ထုတ်လုပ်မှုမှ စီးပွားဖြစ်လုပ်ကိုင်နိုင်ရေး နည်းလမ်းကောင်း ရှာဖွေပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 

          မအူပင်မြို့ မြို့မရပ်ကွက်ရှိ ဦးထွန်းဝေ မုန့်ဟင်းခါးဖတ်ထုတ်လုပ်သော လုပ်ငန်းသည် ၁၂ ရပ်ကွက် တွင် ထုတ်လုပ်ကြောင်း သိရပြီး ကုန်ကြမ်းအနေဖြင့် ဆန်(ကရင်မ)နှင့် ဆန်ကွဲကိုသာ အသုံးပြုကြောင်း၊ ထုတ်လုပ်မှု အနေဖြင့် တစ်နေ့ကို ၂၄ပြည် ဆန် ၃အိတ် ကုန်ကျပြီး တစ်နေ့ ရင်းနှီးမြုပ်နှံမှု ကုန်ကျစရိတ်  ၃၅၀၀၀၀ကျပ်မှ -၄၀၀၀၀၀ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်းသိရသည်။ မုန့်ဖတ် ထွက်ရှိမှု အနေဖြင့် တစ်နေ့ထုတ်လုပ်မှု၏ ပိဿာချိန် ၂၀၀မှ ၃၀၀ခန့် ထွက်ရှိသည်၊၊ မုန့်ဖတ်ရောင်းချ မှု ဈေးနှုန်းအနေဖြင့် လက်ကားဈေး ၂၅၀၀ကျပ် လက်လီဈေး ၃၀၀၀ကျပ်ဖြင့် ရောင်းချပြီး မအူပင်မြို့အတွင်းသာ ရောင်းချကြောင်း သိရသည်။ တစ်နေ့ထုတ်လုပ်မှု ထွက်ရှိမှုအပေါ် ရရှိသော အကျိုးအမြတ် အနေဖြင့် ငွေကျပ် ၁၅၀၀၀၀-၂၀၀၀၀၀/-ကျပ် ခန့် ရရှိကြောင်း၊ အလှူ၊ မင်္ဂလာရက်များ ရှိပါက မုန်ဖတ်ပိုမိုထုတ်လုပ်ရောင်းချရသည်။ မုန့်ဖတ်ထုတ်လုပ်သည့် လုပ်ငန်းကို ၁၉၉၀ခုနှစ် ကတည်းက လုပ်ကိုင်လာခြင်းဖြစ်ပြီး စီးပွားဖြစ် တပိုင်တစ်နိုင်လုပ်ကိုင်လျက်ရှိကြောင်း မုန့်ဖတ်ထုတ်လုပ်သူပိုင် ရှင်ထံမှ သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း