Main menu

အထက်မင်းလှမြို့နယ်၌ ပဲတီစိမ်းသီးနှံထွက်ပေါ်၍ အထွက်နှုန်းများကောင်းလျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ပြီး ပြောင်း၊ ဝါ၊ နှမ်း၊ နေကြာ၊ ကြက်သွန်နီ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်းနှင့် ဂန္ဓာပန်းတို့ကို ရာသီအလိုက်စိုက်ပျိုးကြောင်း၊ ပဲတီစိမ်းသီးနှံကို ၂၀၂၆ခုနှစ်၊ မေလတွင် တောင်သူ(၃၀)ဦးမှ (၂၀)ဧကခန့်စိုက်ပျိုးခဲ့ပြီး ဩဂုတ်လ(ပထမပတ်)တွင် စတင်ရိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။             

           မယ်ဇလီတောကျေးရွာတောင်သူတစ်ဦးက ၎င်းအနေဖြင့် ရေဆင်း(၁၁)မျိုးဖြစ်သည့် ပဲတီစိမ်း (၂)ဧကခန့်ကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးခဲ့ကြောင်း၊ မျိုးအနေဖြင့် ယခင်နှစ်က ပဲတီစိမ်းစိုက်ခင်းများမှ စိုက်ပျိုးထွက်ရှိထားသည့် ပဲတီစိမ်းစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ပြီး (၁)ဧကလျှင် မျိုး(၄)ပြည်ခန့်ကုန်ကျကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ်(၄၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁၂)တင်းထိထွက်ရှိပြီး (၁)တင်းလျှင် ကျပ်(၇၅၀၀၀)ခန့်ရရှိကာ အကျိုးအမြတ်အနေဖြင့် ကျပ်(၅၀၀၀၀၀)ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မကွေး)