Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စက်တင်ဘာလ စတုတ္ထပတ်တွင် ရောင်းချနေသော ခရမ်းချဉ်သီးနှင့် အာလူးဈေး

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ပြည်ထောင်စုဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် စက်တင်ဘာလ တတိယပတ်တွင် ရောင်းချနေသော ခရမ်းချဉ်သီးနှင့် အာလူးဈေးနှုန်းများအနေဖြင့်  ခရမ်းချဉ် တိုင်ထောင်သီး / အင်းသီး (၂၅) ကျပ်သားလျှင် ( ၁၀၀၀) ကျပ်၊ ( ၅၀ ) ကျပ်သားလျှင် (၂၀၀၀) ကျပ်၊ ၁ပိဿာ လျှင်  (၃၇၀၀) ကျပ်ဖြင့်လည်းကောင်း၊ အာလူး အလုံးလှ ( ၂၅ ) ကျပ်သား လျှင် ( ၁၅၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် ( ၃၀၀၀)ကျပ်နှင့် ( ၁ ) ပိဿာလျှင် ( ၆၀၀၀) ကျပ်ဖြင့် ရောင်းချခဲ့ရာ ယခုစက်တင်ဘာလ စတုတ္ထပတ်တွင် အာလူးဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး ခရမ်းချဉ်ဈေးနှုန်းမှာ ယခင် တတိယပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက (၁ )ပိဿာလျှင် ( ၅၀၀)ကျပ်ခန့် ကျဆင်းသွားကြောင်း၊ အဝင်များနေ၍ ဈေးနှုန်းဆက်လက်ကျဆင်းနိုင်ကြောင်း သိရသည်။  

DOCA(စစ်ကိုင်း)

 

စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကုလားပဲ၊ ပဲနီလေးနှင့် မြေပဲလုံးဆံ ဖြူဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံစက်တင်ဘာလ စတုတ္ထပတ်အတွင်း ကုလားပဲ၊ ပဲနီလေးနှင့် မြေပဲလုံးဆံ ဖြူဈေးနှုန်းရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း စက်တင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်းများအနေဖြင့် ကုလားပဲ ( ၁ )ပိဿာလျှင် ( ၆၈၀၀)ကျပ်၊ ပဲနီလေး ( ၁ ) ပြည်လျှင် ( ၁၅၀၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ ( ၁ ) ပိဿာလျှင် ( ၈၄၀၀)ကျပ် ဈေးနှုန်းရှိခဲ့သည်။ ယခု စက်တင်ဘာလ စတုတ္ထပတ်နှင့် နှိုင်းယှဉ်ပါက ပဲနီလေးနှင့် ကုလားပဲဈေးများ ဈေးနှုန်းတည်ငြိမ် နေပြီး မြေပဲဆံဈေးမှာ ( ၉၀၀၀)ကျပ်ဖြစ်ရာ ( ၆၀၀) ကျပ်ခန့်မြင့် တက်လာခဲ့ကြောင်း မုံရွာမြို့ရှိ ပဲမျိုးစုံကုန်စည်ဒိုင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ထားဝယ်မြို့၊ ကမ်းနားပျံကျစျေးတွင် ဖြစ်ပေါ်နေသော ဂေါ်ဖီထုပ်နှင့် ထိုင်ဝမ်မုန်ညှင်းဈေးနှုန်း

  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ကမ်းနားပျံကျစျေးတွင် စားဖိုဆောင်သီးနှံများ၊ အသားမျိုးစုံ၊ ရေထွက်ပစ္စည်းမျိုးစုံနှင့် သစ်သီးဝလံမျိုးစုံ စုံလင်စွာရောင်းချလျက်ရှိရာ ဂေါ်ဖီထုပ်နှင့် ထိုင်ဝမ်မုန်ညင်း များကိုလည်းရောင်းချလျက်ရှိကြောင်း သိရပါသည်။ ဂေါ်ဖီထုပ်တွင် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ခြင်း၊ ဓာတ်ဆိုးဆန့်ကျင်ပစ္စည်းပါဝင်ခြင်း၊ ဗီတာမီဓာတ်အချို့နှင့် သတ္တုဓာတ်များ လည်းပါဝင်သဖြင့်  ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိသောကြောင့် လူတိုင်းစားသုံးသင့်သော အစားအစာတစ်မျိုးဖြစ်သကဲ့သို့ မုန့်ညှင်းပင်များတွင်လည်း အင်တီအောက်ဆီးဒင့်ဓာတ်ပေါင်းများပါ ဝင်သဖြင့် ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ်သော အဖုအကျိတ်များကို တားဆီးနိုင်သည့် အကျိုးကျေးဇူး များပေးစွမ်းနိုင်သော အစားအစာတစ်မျိုးဖြစ်ပါသည်။  ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ တတိယပတ်တွင် ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အထုပ်ကြီး (၁) ထုပ်လျှင် (၅၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ အထုပ်သေး (၁) ထုပ်လျှင် (၃၀၀၀-၄၀၀၀) ကျပ်ဖြင့် လည်းကောင်း ရောင်းချလျက်ရှိပြီး၊ ထိုင်ဝမ်မုန်ညှင်း (၁) စည်းလျှင် (၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ (၃) စည်းလျှင် (၁၄၀၀) ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်ရောင်းချ သူများထံမှသိ ရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိရောင်းချနေသောကြံဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြပါသည်။ ယခုမိုးရာသီ တွင် ကြံများကို ပိုမိုစိုက်ပျိုးကြကြောင်းလည်း တွေ့ရှိရပါသည်။ ကြံများကို တနင်္သာရီမြို့၊ ပုလော နှင့် ကဘင်းရွာများတွင် အများဆုံးထွက်ရှိကြကြောင်းလည်း တွေ့ရှိရပါသည်။ ကြံများသည် ရာသီ မရွေးထွက်ပေါ်သော်လည်း အောက်တိုဘာလများတွင် ပိုမိုထွက်ရှိကြောင်းလည်း တွေ့ရှိရပါ သည်။

          ယခု၂၀၂၅ခုနှစ် စက်တင်ဘာလနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်း ချနေသောစျေးနှုန်းမှာ ထွက်ရှိမှုများသောရာသီတွင် ကြံဈေးနှုန်းမှာ (၁၀)ချောင်းတစ်စည်းလျှင် (၁၀၀၀၀)ကျပ်ရှိပြီး ထွက်ရှိမှုနည်းသောကာလတွင် (၁၀)ချောင်းတစ်စည်းလျှင် (၁၂၀၀၀)ကျပ်ရှိ ကြောင်း ကြံများရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ဆန်ဈေးနှုန်းကျဆင်းမှုအခြေအနေ

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ပြည်သူများ စားသုံးရန် အတွက် ဒေသထွက်ဆန်များ မဖူလုံပါသဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်မြို့တို့မှ သယ်ယူ ၍ သက်သာသောဈေးနှုန်းထားဖြင့် မြိတ်မြို့ပေါ်ရှိ ဆန်ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များ အသင်းဝင် ဆန်အရောင်းဆိုင်(၄၂)ဆိုင်မှ လစဥ်ရောင်းချပေးလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဧည့်မထဆန်မှာ တစ်ပြည်လျှင် (၃၀၀၀)ကျပ် ဖြင့်ရောင်းချခဲ့ပြီး ယခုစက်တင်ဘာလစတုတ္ထပတ် တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဧည့်မထဆန်မှာ တစ်ပြည်လျှင် (၂၅၀၀)ကျပ်မှ (၂၈၀၀)ကျပ်အထိဈေးနှုန်းဖြင့် ရောင်းချပြီး ဈေးနှုန်းများကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ငါးချဉ်၊ ပုဇွန်ချဉ်ဈေးနှုန်း

   တနင်္သာရီတိုင်း‌ဒေသကြီး၊မြိတ်မြို့သည် ကမ်းရိုးတန်းဒေသဖြစ်ပြီး ရေထွက်ပစ္စည်းများ၊ စိုက်ပျိုးသီးနှံများနှင့် ဒေသတွင်းထွက်ရှိသော စားဖိုဆောင်သီးနှံများကို အကြီးအကျယ်ရောင်းချ လျက်ရှိပါသည်။ ထိုသို့ရောင်းချရာတွင် စျေးကွက်၌ အရည်အသွေးကောင်းသည်ဟု ထင်ရှားသည့် ငါးချဉ်၊ ပုဇွန်ချဉ်တို့သည်လည်း မြိတ်မြို့ပေါ်ရှိ ဈေးကွက်တွင် အလွန်ရောင်းအားကောင်းပါသည်။ ဧည့်သည်များအတွက် အိမ်ပြန်လက်‌ဆောင်ထည့်ပေးရာတွင် မျက်နှာပန်းလှသည့်အပြင် လူကြိုက်များသော အစားအစာတစ်ခုဖြစ်ပါသည်။ ထမင်းဖြူ၊ ဆားနှင့်ရောနယ်၍ လေလုံသော ပလပ်စတစ်ဘူး(သို့)ဖန်ပုလင်းထဲသို့ ထည့်သိပ်အချဉ်ဖောက်ပြီးရလာသော ဒေသအစားအစာ တစ်မျိုးဖြစ်သည်။ အစိမ်းပဲသုပ်စားစား ကြော်ပြီးပဲစားစား စားတွင်းကောင်း၍ ထမင်းမြိန်စေသော အဖိုးတန် အစားအစာတစ်မျိုးဖြစ်ပါသည်။

          ယခု ၂၀၂၅ခုနှစ်၊ စက်တင်ဘာလတွင် ငါးချဉ် တစ်ဆယ်သား(၄၅၀၀)ကျပ်နှင့် ပုဇွန်ချဉ် တစ်ဆယ်သား(၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိမန်ကျည်းသီးနုဈေးနှုန်း

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ဒေသထွက်ကုန်များ၊ ရေထွက်ကုန်များနှင့် စိုက်ပျိုးသီးနှံများကို တစ်နိုင်တစ်ပိုင်ရောင်းချလျက်ရှိပါသည်။ ယခုမိုးရာသီတွင် ခြံထွက်သီးနှံ ဖြစ်သည့် မန်ကျည်းသီးသည်လည်း မြိတ်မြို့ပေါ်ရှိ စျေးကွက်များတွင် ရောင်းချလျက်ရှိပါသည်။

   မြိတ်မြို့ပေါ်ရှိစျေးများတွင် မန်ကျည်းသီးနုဈေးနှုန်းစုံစမ်းချက်အရ ယခင်၂၀၂၅ခုနှစ်၊ သြဂုတ်လတွင် မန်ကျည်းသီးနု နို့ဆီဘူးတစ်ပုံး(၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိခဲ့ရာမှ ယခု ၂၀၂၅ခုနှစ်၊ စက်တင်ဘာလတွင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရေငန်ငါးရံ့ခြောက်နှင့်ပုဇွန်ခြောက်ဈေးနှုန်း‌ဈေးကွက်အခြေအနေ

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ စည်ပင်သာယာဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက်ကုန်ပစ္စည်းဖြစ်သော ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို လည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ငါးရံ့ခြောက်နှင့်ပုဇွန်ခြောက်များကို  မြိတ်ကမ်းရိုး တန်း ပင်လယ်ပြင်မှ ဖမ်းယူလျက်ရှိပြီး ငါးရံ့ခြောက်နှင့်ပုဇွန်ခြောက်များကို ဒေသထွက်ကုန် တစ်ခုအနေဖြင့်ထုတ်လုပ် ရောင်းချလျက်ရှိပါသည်။ ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို အသိ မိတ်ဆွေများအား လက်ဆောင်ပေးခြင်းအတွက်သော်လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန် အတွက်သော်လည်းကောင်း ဝယ်ယူကြပြီး မြန်မာနိုင်ငံအနှံ့ဖြန့်ဖြူး‌‌ရောင်းချလျက်ရှိပါသည်။

   ယခု ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသော ငါးရံ့ခြောက် နှင့် ပုဇွန်ခြောက်ဈေးနှုန်းများမှာ ငါးရံ့ခြောက်အသေး(၁၂)ကောင်ပါ (၁)ပိဿာလျှင် (၁၃၀၀၀၀) ကျပ်၊ ငါးရံ့ခြောက် အကြီး(၆)ကောင်ပါ(၁)ပိဿာလျှင်(၁၅၀၀၀၀)ကျပ်နှင့် ပုဇွန်ခြောက်အသေး (၁)ပိဿာလျှင် (၈၅၀၀၀) ကျပ်၊ ပုဇွန်ခြောက်အသေး(၅၀)ကျပ်သားလျှင်(၄၂၅၀၀)ကျပ်၊ ပုဇွန်ခြောက် အကြီး(၁)ပိဿာလျှင်(၁၇၀၀၀၀)ကျပ်၊ ပုဇွန်ခြောက်အကြီး(၅၀)ကျပ်သားလျှင် (၈၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ရှင်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ဒေသထွက် ကန်စွန်းဥ စိုက်ပျိုးမှုနှင့် စျေးကွက်အခြေအနေ

    ကန်စွန်းဥ(Taro)ကို စားသုံးခြင်းဖြင့် အစာအိမ်ကျန်းမာရေးအတွက် ကောင်းမွန်ပြီး ဗီတာ မင် E/ C/ B ကြွယ်ဝ၍ အဟာရဓါတ်ပြည့်ဝပြီး အလေးချိန်ထိန်းချုပ်ချင်သူများနှင့် ဆီးချိုရောဂါရှိ သူများ အဓိကစားသုံးကြောင်း၊ ကန်စွန်းဥကို ရေနွေးပူပူတွင်ပြုတ်၍ စားသုံးခြင်း၊ မုန့်များတွင် ထည့်သွင်းစားသုံးခြင်း၊ ထန်းလျက်/ သကြားနှင့်ပေါင်းပြီးမုန့်ချိုအဖြစ်စားသုံးခြင်း၊ ဝက်သား/ ကြက်သားတို့နှင့်ရော၍ ဟင်းချက်စားသုံးခြင်းများလုပ်ဆောင်ကြကြောင်း၊ ကန်စွန်းဥကို အစိမ်း စားပါက ပါးစပ်ယားယံခြင်းနှင့် အရေပြား ယားယံခြင်းများဖြစ်တတ်ကြောင်း လေ့လာသိရှိရပါ သည်။

          ကန်စွန်းဥကို အများအားဖြင့် မိုးရာသီအစ(မေ-ဇွန်)လများတွင် စတင်စိုက်ပျိုးကြသော် လည်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၌ မိုးရွာသွန်းမှုကောင်း၍ (ဧပြီ)လ ကတည်းက စိုက် ပျိုးပြီး ဥအပိုင်းများကိုဖြတ်၍ စိုက်ပျိုးကာ စက်တင်ဘာလဆန်းပိုင်း၌ စတင်တူးဖော်ပြီး စျေးကွက် အတွင်း ရောင်းချလျက်ရှိကြောင်းနှင့် လက်ရှိ မြိတ်ခရိုင်၊ ပုလောဒေသမှထွက်ရှိသော ကန်စွန်းဥ (အကြီး)တစ်ပိဿာ(၅၅၀၀)ကျပ်၊ ကန်စွန်းဥ(အသေး)တစ်ပိဿာ(၄၀၀၀)ကျပ်နှုန်းတို့ဖြစ် ရောင်း ချ၍ စိုက်ပျိုးသူတောင်သူများအတွက် တွက်ချေကိုက်ပြီး စိုက်ပျိုးသင့်သောသီးနှံတစ်မျိုးဖြစ် ကြောင်း လေ့လာသိရှိရပါ်သည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့၌ ရောင်းချနေသော ကျောက်ဖရုံယိုနှင့်မြေပဲပွကြော်ဈေးနှုန်း

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့်ဒေသ တွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အ ခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကျောက်ဖရုံယိုနှင့် မြေပဲပွကြော်တို့ကို  ရွှေဘိုမြို့ရှိ လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

   ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ် ရောင်းချနေသော ကျောက်ဖရုံယိုနှင့်မြေပဲပွ ကြော်ဈေးနှုန်းတို့မှာ ကျောက်ဖရုံယို()ပိဿာ လျှင် (၁၁၅၀၀)ကျပ်၊ ကျောက်ဖရုံယို (၅၀)ကျပ် သားလျှင် (၆၀၀၀)ကျပ်၊ ကျောက်ဖရုံယို(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် မြေပဲပွကြော်() ပြည်လျှင်(၅၅၀၀)ကျပ်နှင့် ()ဘူးလျှင်(၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိ ရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း