
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့်အနီးပတ်ဝန်းကျင်ကျေးရွာများသည် လူဦးရေထူထပ်လာသည်နှင့် အမျှ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အလွန်အရေးပါသော ဘိလပ်မြေများကို ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကြီးများတွင် ဝယ်ယူကြပါသည်။ ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ကြီးများတွင် ရောင်းချလျက်ရှိသော ဘိလပ်မြေစျေးနှုန်းများမှာ ကြံ့နှစ်ကောင်အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ် လျှင် (၂၅၅၀၀)ကျပ်ရှိပြီး ပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများသည်လည်း အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကိုသာ အဓိကလုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုလုပ် လျက်ရှိပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် သီးနှံများဖြစ်ထွန်းအောင်မြင်ရန်အတွက် အဓိကလိုအပ်လျက်ရှိသည့် ကုန်ကြမ်းပစ္စည်းမှာ ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေးများဖြစ်ပါသည်။ ထားဝယ်မြို့ရှိ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်ကြီးများမှရောင်းချလျက်ရှိသော ဓါတ်မြေ သြဇာစျေးနှုန်းများမှာ မြင်းပျံ၊ အာမို၊ သြဘာ အမှတ်တံဆိပ် ယူရီးယား ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၆၁၀၀၀) ကျပ်၊ သံကွင်း အမှတ်တံဆိပ် တီစူပါ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၈၀၀၀၀)ကျပ်၊ တိုတာ၊ ဂျာမနီ အမှတ်တံဆိပ် ပိုတက်ရှ် ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၇၀၀၀၀)ကျပ်၊ အာမို အမှတ်တံဆိပ် ၁၅ ပတ်လည် ၅၀ ကီလိုဂရမ် တစ်အိတ်လျှင်(၂၂၇၀၀၀)ကျပ် ခန့်အသီးသီးရှိပြီး ပိုးသတ်ဆေးစျေးနှုန်းများအနေဖြင့် မာလာမြိုင် Cyper (10%) (100) CC တစ်ဗူးလျှင် (၈၃၀၀)ကျပ်၊ သန်းဒါးတစ်ဗူးလျှင် (၁၂၂၀၀)ကျပ် အသီးသီးရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
