Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ဂန္ဓမာပန်းပင် စိုက်ပျိုးဝင်းငွေတိုး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာ ကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက် လျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့တွင် အပိုဝင်ငွေရရှိရန် အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ  ဂန္ဓမာပန်းပင်ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာ ကြသည်။

   ဂန္ဓမာပန်းပင် စိုက်ပျိုးရန်အတွက် ပန်းပျိုးပင်မျာကို ပြင်ဦးလွင်မြို့မှ ပျိုးပင်သက် ()လခွဲသားများကို မှာယူကာ အိမ်အရောက် တစ်ပင်(၃၀)ကျပ်ဖြင့်ဝယ်ယူရပါကြောင်း၊ ယခု စိုက်ပျိုး ထား သောဂန္ဓမာပန်း အမျိုးအစားများမှာ မြနှင်းဖြူမျိုး၊ စံပယ်ဖြူမျိုး နှင့် ပဲနီမျိုးတို့ဖြစ်ပါကြောင်း၊ ဂန္ဓမာပန်းပင် စိုက်ပျိုးမှုပုံစံမှာ မြေဘောင်တင်စနစ်၊ မြေအောက်ရေတင်စနစ်တို့ဖြင့် မြေအကျယ်အဝန်းမှာ(၆၀)ပေပတ်တွင် အပင်အရေ (၂၅၀၀)ခန့် စိုက်ပျိုးထားပါကြောင်း၊ ပျိုးပင် ဝယ်ယူခြင်း၊ မြေဘောင် တင်ခြင်း မြေပြုပြင်ခြင်း၊ သွင်းအားစုထည့်ခြင်း၊ ရေပေးခြင်း တို့အတွက် ကုန်ကျစရိတ် စုစုပေါင်း (၅၀၀၀၀၀)ကျပ်ခန့် ကုန်ကြပါကြောင်း၊ ဂန္ဓမာပန်းသည် အသစ်စိုက်လျှင် စိုက်ပျိုးပြီး()လအကြာတွင် စတင် ချိုးယူ ခူး ဆွတ် ရောင်းချရပြီး  ပြုစုပျိုးထောင်နိုင်မှု ကောင်းလျှင် ()သားလောက် အထိ ချိုးယူခူးဆွတ်ရောင်းချရပါကြောင်း၊  တစ်ကြိမ်ခူးဆွတ်ပြီးသားအခင်းကို သွင်းအားစု ထည့်ပြီး ပြုစုပျိုးထောင်လျှင် ()လကြာသည့်အခါ ပြန်လည်ချိုးယူရောင်းချပါကြောင်း သိရသည်။

    ဂန္ဓမာပန်းများကို တစ်ရက်လျှင် အစည်းအရေအတွက်(၁၀၀ မှ ၁၅၀)ထိ ရောင်းချရပြီး တစ်ခါ စိုက်လျှင် တစ်လခွဲခန့်ကြာအောင် ခူးဆွတ်ရောင်းချရပါသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ် ဂန္ဓမာပန်း ဈေးနှုန်းအနေဖြင့် ဂန္ဓမာပန်းတစ်စည်းလျှင် လက္ကား ဈေးနှုန်းမှာ (၁၀၀၀)ကျပ်ဈေးနှုန်း လက်လီ ဈေးနှုန်းမှာ တစ်စည်းလျှင်(၁၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချရကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ခရမ်းသီး နှင့် ခဝဲသီး ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင် သီးနှံဖြစ်သည့် ခရမ်းသီးနှင့်ခဝဲသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီးဈေးနှုန်း အနေဖြင့် ခရမ်းသီး လက်လီ တစ်ပိဿာလျှင်(၂၄၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၀၀)ကျပ်နှင့် (၂၅)ကျပ် သားလျှင်(၆၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ခဝဲသီးဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၃၀၀၀)ကျပ် (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချခဲ့ပြီး၊ ယခု ဩဂုတ်လ ပထမပတ်တွင် ခဝဲသီး တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀)ကျပ် ဈေး နှုန်းတို့ဖြင့်  ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျဆင်းလျက် ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့၏ တောကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး နှင့် ခဆော့သီး ဈေးနှုန်း

   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံ နှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးလျက်ရှိရာ တောကြက်ဟင်းခါးသီး၊ ကြောင်လျှာသီးနှင့် ခဆော့သီးကိုလည်း စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချလျက် ရှိသည့် တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တစ်ပြည်လျှင်(၅၅၀၀)ကျပ်၊ နို့ဆီ တစ်ဘူးလျှင်(၇၀၀)ကျပ်၊ အလုံးကြီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးဖြင့်လည်းကောင်း ၊ ခဆော့သီး တစ်ပြည်လျှင် (၃၂၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ၊ ကြောင်လျှာသီး အကြီး တစ်တောင့်လျှင်(၁၅၀၀)ကျပ်၊ ကြောင်လျှာသီး အသေး တစ်တောင့်လျှင် (၁၀၀၀)ကျပ်နှုန်းတို့ ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက  ဈေးနှုန်း ငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

     DOCA (စစ်ကိုင်း)

မုံရွာမြို့ရှိ ကန်စွန်းရွက်နှင့် ဆူးပုတ်ရွက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ  ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်း များကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ဂွေးတောက်ရွက်၊ ကန်ဇွန်းရွက်၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီးနှင့်  ခရမ်းသီးများကို စိုက်ပျိုး လျက်ရှိပါသည်။ စိုက်ပျိုးထွက်ရှိသော ကန်ဇွန်းရွက်နှင့် ဂွေးတောက်ရွက်များ မုံရွာမြို့၊ ဈေးဟောင်းနှင့် မြသလ္လာဈေးတို့တွင် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင် ဈေးဟောင်းနှင့် မြသလ္လာဈေးတို့တွင် ဖြစ်ပေါ် နေသော ကန်ဇွန်းရွက်ဈေးနှုန်းများမှာ ကန်ဇွန်းရွက် တစ်စီးလျှင်(၂၀၀)ကျပ်၊ (၃)စည်း လျှင် (၅၀၀)ကျပ်ဖြစ်ပြီး  ဆူးပုတ်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၃၅၀) ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

ကန်သာယာဈေးရှိ ကင်ပွန်းချဉ်ရွက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ရာသီပေါ်သီးနှံ များကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကင်ပွန်းချဉ်ပင်များကို နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာကွက်ခြံစည်ရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချ လျက်ရှိကြောင်း သိရသည်။ ကင်ပွန်းပင်သည် ကင်ပွန်းချဉ်ရွက်အပြင် ကင်ပွန်းသီးများကိုပါ ရရှိနိုင်ပါသည်။ ကင်ပွန်းသီးသည် ခေါင်းလျှော်ရည်ထဲတွင် ထည့်သွင်းအသုံးပြုနိုင်ပြီး ကင်ပွန်းရွက်မှာ အိမ်ရှင်မများ ချက်ပြုတ်ရာတွင် ဟင်းရည်သောက်အဖြစ် အသုံးပြုနိုင်ပြီး ကျန်းမာရေးနှင့်ညီညွတ်သောအပင်တစ်မျိုးဖြစ်ပါသည်။ ကန်သာယာဈေး၌ ဩဂုတ်လ ပထမ ပတ်တွင် ကင်ပွန်းချဉ်ရွက်ဈေးနှုန်းမှာ (၁) စည်းလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ဂေါ်ရခါးသီးစိုက်ပျိုးမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

     ဂေါ်ရခါးသီး၏ အင်္ဂလိပ်အမည်မှာ CHAYOTE ၊ ရုက္ခ‌ဗေဒအမည်မှာ Sedium edute နှင့် မျိုးရင်း အမည်မှာ CUCURBITACEAE ဖြစ်ပြီး မူရင်းဒေသမှာ အမေရိကန်နိုင်ငံ၊ မက္ကဆီကိုနိုင်ငံနှင့်် အလယ်ပိုင်း အမေရိကအပူပိုင်းဒေသများဖြစ်သည်။ မြန်မာနိုင်ငံတွင် ဂေါ်ရခါးသီးကို ဟင်းသီးဟင်းရွက်တစ်မျိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စားသုံးကြပါသည်။ အသီးအရွယ်အစား၊ အသီးပုံသဏ္ဌာန်နှင့် အစေ့တည်ရှိမှု ပုံသဏ္ဌာန် အမျိုးမျိုးရှိနိုင်ပါသည်။ ဂေါ်ရခါးမျိုးတွင် အသီးအရောင်အစိမ်းဖြူရောင်မျိုးနှင့် အသီးစိမ်းရောင်မျိုးဟူ၍ (၂)မျိုးရှိပါသည်။ ဂေါ်ရခါးသီးတစ်လုံးကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အမြစ်အုံကိုသားခွဲယူခြင်း (သို့မဟုတ်) အကိုင်းဖြတ်မျိုးပွား၍လည်း စိုက်ပျိုးနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်နှင့်ပြင်ဦးလွင်မြို့နယ် များတွင် ပင်ကြား၊ တန်းကြားကို (၆x၆) ပေထား၍ တစ်နေရာလျှင် (၂-၃) လုံးထားကာ မြေပုံ၍ စိုက်ပျိုး ကြပါသည်။ စိုက်ပျိုးပြီး ရက်ပေါင်း ၁၈၀ မှ ၂၀၀ အတွင်း အသီးစတင်သီးပါသည်။  သီးထွက်နှုန်းမှာ ဂေါ်ရခါးတစ်ပင်မှ အသီး (၈၀၀)လုံးထိခူးဆွတ်ရနိုင်ပြီး ပျမ်းမျှတစ်ပင်လျှင်(၂၀၀-၃၀၀) လုံး ထိခူးဆွတ် နိုင်ပါသည်။ မျိုးအဖြစ်ထားရှိမည့်အသီးကို အသီးခံသော် ပန်းပွင့်ပြီးနောက် (၄၀-၅၀) ရက်သားတွင် ခူးဆွတ်ရပါသည်။ ခူးဆွတ်ထားပြီး အသီးများကို (၁၂)ဒီဂရီစင်တီဂရိတ်တွင် ကြာရှည်သိုလှောင်နိုင်ပြီး သိုလှောင်ရာတွင် သေတ္တာများ၊ တောင်းများတွင် ကောက်ရိုးခံပေးရပါသည်။ ဈေးကွက်အတွင်းတွင် ဂေါ်ရခါးသီးတစ်လုံးလျှင် လက်လီဈေးနှုန်း(၃၀၀-၄၀၀)ကျပ်၊ လက်ကားဈေးနှုန်း(၂၀၀-၂၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အသီးများကို ရန်ကုန်၊ မန္တလေး၊ စသည့်မြို့ကြီးများသို့ အဓိကတင်ပို့ ရောင်းချလျက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှသိရပါသည်။

Source:ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း

DOCA (မန္တလေး)

နွားထိုးကြီးမြို့နယ်တွင် ကွမ်းစိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဈေးကွက်

     နွားထိုးကြီးမြို့နယ်သည် ဥယျာဉ်ခြံမြေများ များစွာစိုက်ပျိုးလျက်ရှိရာ ကွမ်းခြံများကိုလည်း ကံနှောင်း၊ နနွင်းတော်ဘိုးရွာ၊ ကံရွာနှင့် လက်ဝဲကျေးရွာများတွင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် နွားထိုးကြီးမြို့နယ်၏ ကွမ်းစိုက်ပျိုးဧက ၄၉၈ ဧကစိုက်ပျိုးထားကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းဇယားများအရ သိရှိရသည်။ ကွမ်းပင်များကို ဝါဆိုလ(ဇွန်လ)တွင် စတင်စိုက်ပျိုးပြီး၊ စိုက်ပျိုးချိန်မှ (၃)လအကြာ စက်တင်ဘာလတွင် ကွမ်းရွက်များခူးဆွတ်နိုင်ကြောင်း သိရှိရသည်။ ကွမ်းခြံတစ်ခြံစိုက်ပျိုးထားလျှင် (၄-၅)နှစ်ခန့်အထိ ခူးဆွတ်ရောင်းချရကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်နောက်ဆုံးပတ်တွင် ကွမ်းရွက်တစ်ပိဿာလျှင် (၁၅၀၀-၄၅၀၀)ကျပ် ပေါက်ဈေးများရှိကြောင်း၊ ဈေးကွက်တွင် ကွမ်းယာစားသုံးမှုများပြားသောကြောင့် ကွမ်းရွက်များ ဈေးကျချိန်တွင်လည်း အရင်းမရှုံးသော ကွမ်းပင်များကို တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရှိရသည်။

DOCA (မန္တလေး)

အထက်မင်းလှမြို့၌ ကီလိုမာလကာသီးလှိုင်လှိုင်ထွက်ပေါ်၍ ဈေးနှုန်းကျဆင်း

    မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးအတွင်းရှိ သစ်သီးဆိုင်များနှင့် မြို့ပေါ် ရပ်ကွက်များရှိ သစ်သီးဆိုင်များတွင် ကီလိုမာလကာသီးများကို ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသများမှ မှာယူရောင်းချသည့်အပြင် မင်းလှမြို့ ပတ်ဝန်းကျင်ရှိကျေးရွာများတွင် စိုက်ခင်းအဖြစ်သီးသန့် စိုက်ပျိုး ကြသလို မြို့ပေါ်ရပ်ကွက်များရှိ အိမ်ခြံမြေများတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချကြကြောင်း သိရသည်။

 ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ကီလိုမာလကာသီး(အလုံးအကြီး၊ အသေး)အလိုက် ကျပ်(၅၀၀-၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ကီလိုမာလကာသီး စတင်ထွက်ပေါ်စအချိန် ဇွန်လ(ပထမပတ်)တွင် ကျပ်(၇၀၀-၉၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ် ပတ်တွင် (၁)လုံးလျှင် ကျပ်(၂၀၀-၃၀၀)ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ မင်းလှမြို့၌ ဇွန်လမှစတင်၍ ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသဘက်မှဝင်ရောက်လာသည့် ကီလို မာလကာသီးများသာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ဇူလိုင်လ(စတုတ္ထပတ်)တွင် မြို့နယ်အတွင်း ကျေးရွာများမှ  စိုက်ပျိုးထွက်ရှိသည့် ကီလိုမာလကာသီးများ ဈေးကွက်အတွင်း ဝင်ရောက်မူ များလာ သည့်အတွက် ဈေးနှုန်းမှာကျဆင်းရခြင်းဖြစ်ကြောင်း၊ ယခုအချိန်သည် ကျောင်းဖွင့်ရာသီဖြစ်သည့် အတွက် ကျောင်းမုန့်ဈေးတန်းဆိုင်များတွင်လည်း ကီလိုမာလကာသီးများ အရောင်းသွက်လျက်ရှိ ကြောင်း သိရှိရသည်။

DOCA(မကွေး)

မကွေးဈေးကွက် ကြက်ဥဈေးနှုန်းအခြေအနေ

      မကွေးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းများတွင် ဥစားကြက် မွေးမြူသူများအနေဖြင့် ဈေးကောင်းရ၍ ဈေးကွက်ဝယ်လိုအားများနေသော်လည်း အစာဖိုးကုန်ကျစရိတ်သည် ထုတ်လုပ်မှုစုစု ပေါင်း ၇၀% ဖြစ်ကြောင်း သိရှိသည်။ ကြက်များအား အစာကျွေးမွေးရာတွင် အသင့်စားနှင့် ရောစပ် စာဟူ၍ ()မျိုးရှိသော်လည်း မွေးမြူရေးသမားများအနေဖြင့် ရောစပ်စာမှာ အသင့်စားအစာထက် ငွေကုန်ကြေးကျသက်သာသောကြောင့် ယေဘူယျအားဖြင့် ရောစပ်စာကိုသာ အများဆုံးကျွေးမွေးကြ ကြောင်းလဲ သိရပါသည်။ ရောစပ်စာတွင် ပါဝင်သော ကုန်ကြမ်းများမှာ ဆန်ကွဲ၊ ဖွဲနု၊ ပြောင်း၊ ပဲဖက်၊ နှမ်းဖက်၊ ပဲပုပ်ဖက်တို့ဖြစ်ကြကြောင်းလည်း သိရှိရသည်။

      ကြက်ဥသည် ပရိုတင်းဓါတ်ကြွယ်ဝသည့်အပြင် အခြေခံလူတန်းစားများ လက်လှမ်းမီသော ဟင်းစာတစ်မျိုးလည်းဖြစ်သည်။ မကွေးဈေးကွက်အတွင်းရှိ လက်လီ ကြက်ဥဈေးနှုန်းများအနေဖြင့် ဇူလိုင်လ(ပထမပတ်)တွင် ကြက်ဥအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ကျပ်(၄၀၀ / ၄၅၀/ ၅၀၀) ဈေးနှုန်းအသီးသီးရှိပြီး ဩဂုတ်လ(ပထမပတ်)တွင် ကြက်ဥအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ကျပ်(၄၂၀/ ၄၆၀/ ၅၂၀)ဈေးနှုန်းအသီးသီးရှိသောကြောင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်ဥဈေးနှုန်းမှာ မြင့်တက်လာကြောင်း သိရသည်။

DOCA(မကွေး)

မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင်ဆန်၊ စားအုန်းဆီနှင့် ကြက်ဥများအားသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်(၂၈.၇.၂၀၂၅)ရက်နေ့ နံနက်(၀၆:၃၀) နာရီအချိန်မှစတင်၍ အခြေခံစားသောက်ကုန် ဆန်၊ ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေးလျက်ရှိပါသည်။ ဆန်နှင့် စားအုန်းဆီများရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဘိုဘိုနှင့် မြို့နယ် စားအုန်းဆီလက္ကားကိုယ်စားလှယ်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ရောင်းချရာတွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် စားအုန်းဆီ (၅၀ ကျပ်သား)ဘူးခွံအပါ တစ်ဗူးလျှင် ၃၅၀၀/- ကျပ်နှုန်းဖြင့် ပိဿာချိန် (၁၀၀)နှင့် ဆင်းသု ခ ဆန်တစ်ပြည်လျှင် ၂၀၀၀/- ကျပ်တစ်ဦးလျှင် (၂)ပြည်နှုန်းဖြင့် ဆန်(၇)အိတ်၊ ကြက်ဥတစ်လုံးလျှင် (၃၅၀)ကျပ်ဖြင့် အလုံးရေ (၆၀၀)လုံးအား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ရောင်းချခြင်းကို ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း