Main menu

ဆောင်းရာသီ သီးနှံများဖြစ်သည့် ကိုက်လန်ဖူး(ခေါ်)ကန့်လန့်ဖူး၊ မုံညှင်းဖူး ၊ မုံညှင်းရွက်များ စိုက်ပျိုးရောင်းချလျက်ရှိ

Powered by Drupal

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ရာသီအလိုက် သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာမှ ဆောင်းရာသီသီးနှံဖြစ်သည့် ကိုက်လန်ဖူး(ခေါ်)ကန့်လန့်ဖူး၊ မုံညှင်းဖူး၊ ပန်းမုံလာ၊ မုံလာထုပ်၊ ခရမ်းချဉ်သီးနှင့် မုံညှင်းရွက်များကို မိမိတို့ အိမ်ယာများအတွင်းနှင့် တောင်ယာ များတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကာ ဈေးကွက်အတွင်းသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ကိုက်လန်ဖူး (ခေါ်)ကန့်လန့်ဖူး ဈေးနှုန်းများမှာ ကိုက်လန်ဖူး(ခေါ်)ကန့်လန့်ဖူး(၁၀)စီးပါ တစ်ထုံးလျှင် (၈၀၀၀)ကျပ်၊ ကိုက်လန်ဖူး(ခေါ်)ကန့်လန့်ဖူး(၁)စီးလျှင်(၁၀၀၀/၈၀၀)ကျပ်၊  မုံညှင်းဖူး တစ်စီးလျှင် (၅၀၀)ကျပ်၊ ငွေကျပ်(၂၀၀၀)ဖိုး(၅)စီးလျှင် နှင့် မုံညှင်းရွက်(၁)စီးလျှင်(၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ရှမ်းစုကျေးရွာတွင် ဆောင်းရာသီသီးနှံမျိုးစုံ စိုက်ပျိုးရောင်းချနေသော တောင်သူထံမှ သိရသည်။

DOCA(စစ်ကိုင်း)