Main menu

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဂန္ဓမာပန်း ဈေးနှုန်း

Powered by Drupal

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း (အောင်သပြေ) အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။  

       ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ဂန္ဓမာပန်း ဈေးနှုန်းအနေဖြင့် ဂန္ဓမာပန်း စံပါယ်ဖြူ အပွင့်ကြီး(၅)ခက်ပါ တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ဂန္ဓာမာပန်း စံပါယ်ဖြူ အပွင့်သေး တစ်စီးလျှင်(၂၀၀၀)ကျပ်၊ ဂန္ဓမာ အပွင့်သေး အညိုရောင်၊ အဝါရောင်၊ ခရမ်းရောင် နှင့် ပန်းရောင်တို့မှာ တစ်စီးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)