
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ငရုတ်သီးစိမ်း၊ ခဝဲသီး၊ ဗုံလုံသီး သင်္ဘောသီး ကင်မုံသီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းသီး၊ ခရမ်းကြွပ်သီး နှင့် ခါကြက်ဥ(ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင် ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမအပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချနေသော ခါကြက်ဥ၊ ဂျူးမြစ် နှင့် မုံညှင်းထုပ် ဈေးနှုန်းအနေဖြင့် ခါကြက်ဥ(ဗမာ)ဥ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်ဥ)တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၉၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း ၊ ဂျူးမြစ် ဈေးနှုန်းမှာ ဂျူးမြစ် လက္ကား တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဂျူးမြစ် လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊၅၀ကျပ်သားလျှင်(၅၀၀၀)ကျပ်၊၂၅ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့်ဂျူးမြစ် (၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ မုံညှင်းထုတ် ဈေးနှုန်းအနေဖြင့် မုံညှင်းထုတ် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် ခါကြက်ဥ(ဗမာ) (၁)ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်ူး ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
