
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် ခရမ်း၊ ရုံးပတီ၊ ပဲတောင့်ရှည်၊ တန်ဆောင်မုန်းပဲသီး ၊ ချဉ်ပေါင်ရွက်၊ ကိုက်လန်၊ မုံညှင်း၊ နံနံ စသည်တို့အပြင် ကန်ဇွန်းဥ၊ ပိန်းဥ နှင့် အာတာလွတ်ဥတို့ကို တစ်ပိုင်တစ်နိုင် မိသားစု အိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင်သာ စိုက်ပျိုးကြပြီး စားသုံးသူပြည်သူများနှင့် စည်ကားလျက်ရှိသည့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမအပတ်တွင် သစ်ရာမြိုင်ဈေးအတွင်း ရောင်းချနေသော ကန်ဇွန်းဥ၊ ပိန်းဥ နှင့် အာတာလွတ်ဥ ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၈၀၀)ကျပ် နှင့် ပိန်းဥ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၅၀၀) ကျပ် နှင့် အာတာလွတ်ဥ တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၆၀၀)ကျပ် နှင့် ၂၅ကျပ်သား လျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် အပတ်ထက် ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
