Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘားအံမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

        ၂၀၂၅ ခုနှစ်၊ ဩဂုတ်လပထမပတ်အတွင်း ဘားအံမြို့တွင် အခြေခံစားကုန်များ ဖြစ်သော ပေါ်ဆန်းဆန် တစ်ပြည် (၆၀၀၀) ကျပ်၊ ဧည့်မထဆန်(မနောသုခ) တစ်ပြည် (၃၆၀၀) ကျပ်၊ ဆန်ကွဲ တစ်ပြည် (၂၆၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စားအုန်းဆီ (ရည်ညွှန်းဈေး) တစ်ပိဿာလျှင်(၆၉၀၀) ကျပ်၊ မြေပဲဆီတစ် ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ် နှင့် ကြက်သွန်ဖြူ (ရှမ်းစ) ထူး တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ သကြားတစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ လျှင် (၆၀၀၀) ကျပ်၊ မန်ကျည်းမှည့်အသီး တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဂျင်း တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ငရုသီးခြောက် တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ကုလာပဲခြမ်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ မြေပဲဆံတစ်ပြည် (၉၅၀၀၀) ကျပ်၊ ရိုးရိုးဆားပိဿာလျှင် (၁၇၀၀)ကျပ် ၊ အာပြဲခြောက် တစ် ပိဿာလျှင် (၈၀၀၀၀) ကျပ်၊ ကြက်ဥတစ်လုံး (၅၀၀) ကျပ်၊ ဘဲဥတစ်လုံး (၆၀၀) ကျပ် တို့ဖြစ် အရောင်းအဝယ်ကြကာ ယခုလအတွင်းဈေးနှုန်း အနည်းငယ် ပြောင်းလဲလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

 

အစေ့ထုတ်ပြောင်းတစ်ဧကအကျိုးအမြတ်နှင့်ဈေးနှုန်းဈေးကွက်

   မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်သည် ဆည်ရေသောက် အသင့်အတင့်ရှိပြီး ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြကြောင်း၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ကြက်သွန်နီများကို စိုက်ပျိုးလျက်ရှိရာ အစေ့ထုတ်ပြောင်းသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊ မြင်းခြံမြိုနယ်တွင်၂၀၂၄-၂၀၂၅ခုနှစ်၊ ဆောင်းစေ့ထုတ်ပြောင်းစိုက်ဧကကို (၉၄၀၀) ဧကစိုက်ပျိုး ထားကြောင်း၊ ထိုစိုက်ဧက အားလုံးမှာ ရာနှုန်းပြည့် ရိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။

            အစေ့ထုတ်ပြောင်း(ဆောင်း)သီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုး ပြီး လေးလခန့်အကြာ ဖေဖော်ဝါရီ၊ မတ်လနှင့် ဧပြီလ တို့တွင် ရိတ်သိမ်းရကြောင်း၊ အစေ့ထုတ် ပြောင်း (ဆောင်း)သီးနှံအား ထယ်ရေး (၂-၃) ကြိမ်ထိုးပြီး သဘာဝမြေဩဇာဖြစ်သော နွားချေး ထည့်ပြီး တန်းကြား စနစ်ဖြင့်ချစိုက်ပျိုးကြောင်း၊ မြေပြုပြင်ခြင်း၊ သွင်းအားစု၊ မျိုး၊ လုပ်အားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် (၁၀၈၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ တစ်ဧကလျှင် အထွက်နှုန်း အနေဖြင့် (၇၅) တင်း နှုန်းခန့်ထွက်ရှိကြောင်း၊ ထွက်ပေါ်ချိန် ရောင်းဈေးမှာ တစ်တင်းလျှင်(၂၆၆၄၀)ကျပ်၊  တစ်ဧကအကျိုး အမြတ်အနေဖြင့် (၉၁၈၀၀၀) ကျပ် ခန့်ရရှိကြောင်း၊ တောင်သူများက မြင်းခြံမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချကာ အကျိုး အမြတ် ရရှိကြောင်း အစေ့ထုတ်ပြောင်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ မြင်းခြံမြို့နယ် တွင် ၂၀၂၅-၂၀၂၆ခုနှစ် မိုးအစေ့ထုတ်ပြောင်း စိုက်ဧကကို ယခုဇူလိုင်လတွင် စိုက်ပျိုးမှု မရှိသေးကြောင်း၊ ရှေ့လာမည့် ဩဂုတ်လတွင်စိုက်ပျိုးမည်ဖြစ်ကြောင်း တောင်သူ၏ ပြောပြချက် အရသိရရှိသည်။ ၂၀၂၅ ခုနှစ်၊     ဇူလိုင်လနောက်ဆုံးပတ်တွင် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၇၃၆၀) ကျပ် ပေါက်ဈေး များရှိကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့သို့တင်ပို့ကြောင်း မြင်းခြံ ကုန်စည် ဒိုင်၏တာဝန်ရှိသူ၏ ပြောပြချက်အရသိရှိရပါသည်။

                                                                                                    

Doca(မန္တလေး)

                                                                                               

ကြောင်လျှာသီးဈေးနှုန်းဈေးကွက်

    မြင်းခြံမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ခြံဝန်းများနှင့် ဥယျာဉ်ခြံများတွင် ကြောင်လျှာပင်များကိုစိုက်ပျိုးထားကြောင်း၊ ၎င်းသည်နှစ်ရှည်ခံအပင်ဖြစ်ပြီး၊ ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် အသီးများလှိုင််လှိုင်ထွက်ပေါ်ကြောင်းသိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လနောက် ဆုံးပတ်တွင် ကြောင်လျှာသီးတစ်တောင့်လျှင် (၈၀၀-၁၀၀၀) ကျပ်ပေါက်ဈေးများရှိ‌ကြောင်း၊ ထွက်ရှိသောကြောင်လျှာသီးများကို ‌ဒေသတွင်းဖြန်ဖြူးရောင်းချကြောင်း၊ စားသုံးမှုများပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ၎င်းသည်မြန်မာနိုင်ငံနေရာအနှံအပြားတွင် ပေါက်ရောက်ကြောင်း၊ ဆေးဖက်ဝင်သော  ကြောင်လျှာသီးများကိုစားသုံးခြင်းဖြင့်  နာတာရှည် ရောင်ရမ်းတာနှင့် အဆစ်နာ ရောဂါကို သက်သာစေကြောင်း၊ ဓာတုဆေးဝါးများ သောက်သုံး ခြင်းကြောင့်အသည်း ထိခိုက်ပျက်စီးခြင်းကို  ကြောင်လျှာသီးက အထိရောက်ဆုံးကာကွယ်ပေးကြောင်း၊ ကျောက်ကပ်မှ အဆိပ်အတောက်တွေကို ဖယ်ရှားပေး၍ ကျောက်တည်ခြင်းကိုလည်း သက်သာစေပြီး အကောင်းဆုံးအားဖြည့်ပေးကြောင်း၊ သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးပြီး ရုတ်တရက် သွေးချိုတက်တာမျိုး မဖြစ် အောင် ကာကွယ်ပေးသလို ဆီးချိုမဖြစ်အောင် လည်းကာကွယ်ပေးကြောင်း၊ အစာခြေအက်ဆစ်ကို ထိန်းညှိပေးပြီး ရင်ပူတာ၊ အစာမကြေတာ၊ လေထိုးလေအောင့်တာတွေကိုလည်း သက်သာစေနိုင်ကြောင်း၊ ကင်ဆာဆဲလ်တွေ မပြန့် အောင်လည်း ကာကွယ်ပေးကြောင်း၊ စားသုံးမှုအနေဖြင့် ကြောင် လျှာသီးကို မီးလေးအုံး စားစား၊ ပြုတ်ပြီးတို့တို့၊ ပါးပါးလှီးပြီး ချဉ်ဖက်စိမ်စားစား၊ ဆီချက်၊ ပဲမှုန့်တို့နဲ့သုပ်စားစား စားရသူ တိုင်းခံတွင်းတွေ့စေသည့် ဆေးဖက်ဝင်ခါးသက်သက် ပူရှိန်းရှိန်းလေး အရသာရှိသော ကြောင်လျှာ သီးကို စားသုံးမှုများပြား ကြောင်းသိရှိရသည်။

Doca(မန္တလေး)

ဒေသထွက်ကြောင်လျှာသီးဈေးနှုန်း

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လပထမပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင်  ကြောင်လျှာသီးများ အရောင်သွက်လျက်ရှိကြောင်း  သိရသည်။

     ရာသီစာဖြစ်သည့် ဒေသထွက်ကြောင်လျှာသီးကို ဘားအံမြို့ အနီးတဝိုက်ကျေးရွားများမှ ဘားအံမြို့ပေါ်ဈေးသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ကြောင်လျှာသီးပင်ကို အပိုဝင်ငွေရရှိရန်အတွက် အိမ်ခြံဝန်းအတွင်း တနိုင်တပိုင်စိုက်ပျိုးကြသည်။ ကြောင်လျှာသီးသည် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်တာကြောင့် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေခြင်းကိုလည်း ဖယ်ရှားပေးနိုင်သည့် အာနိသင်ရှိ၍ စာသုံးသင့်သော အစားအစာဖြစ်သည်။ ကြောင်လျှာသီးဈေးနှုန်းမှာ အရွယ်အစားလိုက်၍ ဈေးနှုန်းကွာဟချက်ရှိသည် ကြောင်လျှာသီး အနုကြီး တစ်ထောင့်လျှင်(၁၅၀၀)ကျပ်၊ကြောင်လျှာသီး အနုသေး တစ်ထောင့်လျှင်(၁၀၀၀)ကျပ်တို့ဖြစ် ရောင်းချကြသည်။ယခင်ဇူလိုင်လ ကြောင်လျှာသီးဈေးနှုန်းမှာ ကြောင်လျှာသီးအနုကြီး တစ်ထောင့်လျှင်(၂၀၀၀/၂၅၀၀) ကျပ်နှင့် ကြောင်လျှာသီးအနုသေး တစ်ထောင့်လျှင် (၁၅၀၀)ကျပ် ဖြစ်ကြောင်းနှင့် ယခုလို ဈေးနှုန်းကွာဟခြင်းမှာ ပေါ်ဦးပေါ်ဖျားထွက်ခြင်းနှင့် လိုင်လိုင်ထွက်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

ရှမ်းနံနံစိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဈေးကွက်

        မြင်းခြံမြို့နယ်အတွင်းရှိ အနိမ့်ရွာ၊ ပတ္တာရွာနှင့် ဒါးကျွန်းကျေးရွာများသည် ဧရာဝတီ မြစ်ကမ်းဘေးတွင်တည်ရှိ၍ ၎င်းကျေးရွာများတွင် ဟင်းခတ်အမွှေးအကြိုင်ဖြစ်သော ရှမ်းနံနံများကို မိသားစုစားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြောင်းသိရှိရသည်။ ရှမ်းနံနံသည် သဲနှုန်းမြေနှင့် သစ်ဆွေးများ သောမြေကို နှစ်သက်ပြီး၊ စိုက်ခင်းများတွင် တိုက်ရိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ အပင်ပေါက်ရန် (၇-၁၄) ရက်ကြာကြောင်း၊   အပင်ခြေတွင် စိုစွတ်ခြင်းကို ကြိုက် နှစ်သက်၍ ရေမဝပ် ရန် ဂရုစိုက်ရကြောင်း၊ နေရောင်ခြည်အပြည့်အဝ ရရှိသော နေရာတွင် စိုက်ပျိုးရကြောင်း စိုက်ပျိုးပြီး (၄-၆) ပတ်အတွင်း အပင်များကို ခူးဆွတ်၍ ဈေးကွက်သို့ ရောင်းချရကြောင်း၊ အပွင့်မပွင့်မီ (အသီးမတင်မီ) ခူးပါက အရသာပိုကောင်းကြောင်း၊ စိုက်ခင်း များမှထွက်ရှိသော ရှမ်းနံနံများကို ဒေသအတွင်းရှိ အေးမြသီတာဈေး၊ စံပြဈေးနှင့် တောင်သာမြို့ သို့လည်း တင်ပို့ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်တွင် ရှမ်းနံနံပင်ရွက် လက်လီဈေး တစ်စီးလျှင် (၅၀၀) ကျပ်၊ လက်ကားဈေး အစီး (၅၀) ပါ တစ်ထုံးလျှင် (၁၅၀၀၀/-) ကျပ် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးမှု ကုန်ကျစရိတ် နည်းပြီး ဝင်ငွေရရှိကြောင်း တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

Doca(မန္တလေး)

ငရုတ်သီးစိမ်းဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လပထမပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင် ငရုတ်သီးစိမ်းဈေး အနည်းကျနေကြောင်း သိရသည်။

    ငရုတ်သီးစိမ်းကို ဘားအံမြို့ အနီးတဝိုက် ကျေးရွားများတွင် တနိုင်တပိုင်စိုက်ပျိုးကြသည့် အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ ငရုတ်သီးစိမ်းမှာလည်း မိုးမျှော်ငရုတ်သီး၊ ငရုတ်သီး အရှည်၊ ငရုတ်သီးအပု၊ ငရုတ်သီးအပွဆိုပြီး အမျိုးမျိုးရှိကြသည်။ ငရုတ်သီးပင်သည် နွေ၊မိုး၊ဆောင်း ရာသီမရွေး ဖူးဖွင့်ကာအသီးသီးလျက် ရှိသည်။ ငရုတ်သီးစိမ်းဈေးနှုန်းများမှာ မိုးမျှော်ငရုတ်သီး လက်ကားဈေးနှုန်း  တစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှင့်လက်လီဈေးနှုန်း(၉၀၀၀)ကျပ်၊ ငရုတ်သီးစိမ်း အရှည် လက်ကားဈေးနှုန်း တစ်ပိဿာလျှင်(၄၀၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၅၀၀၀/၆၀၀၀)ကျပ်၊ ငရုတ်ပွ လက်ကားဈေး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်နှင့်လက်လီဈေးနှုန်း တစ်ပိဿာလျှင်(၄၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ကရင်ပြည်နယ် ဘားအံမြို့အတွင်းဖြစ်ပေါ်နေသော ဇူလိုင်လနောက်ဆုံးပတ်နှင့်ဩဂုတ်လ ပထမပတ်ဈေးနှုန်း နှိုင်းယှဉ်မှုများအရ ကရင်ပြည်နယ်အတွင်း ငရုတ်သီးဈေးနှုန်းအနည်းငယ်ကျလျက် ရှိကြောင်းနှင့် ယခုလို ငရုတ်သီးစိမ်းဈေးနှုန်းအနည်းငယ်ကျရခြင်းမှာ ငရုတ်သီးပေါ်ချိန်တွင် မိုးများ၍ ရေကြီးခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)                                                                                                

မြန်အောင်မြို့မနေခြည်ဈေးရှေ့တွင် အခြေခံစားသောက်ကုန် ဆန်၊ ဆီ နှင့် အသားများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီမှဦးဆောင်ကာ(၂၇.၇.၂၀၂၅)ရက်နေ့နံနက်(၀၈:၀၀) နာရီအချိန်မှစတင်၍အခြေခံစားသောက်ကုန်  ဆန်၊ ဆီနှင့် အသားများအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေး လျက်ရှိပါသည်။ ဆန်၊ အသားနှင့် စားအုန်းဆီများရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်နှင့် မြန်အောင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

             ထိုသို့ရောင်းချရာတွင် ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်  စားအုန်းဆီ တစ်ပိဿာလျှင် ၆၇၀၀/- ကျပ်နှုန်းဖြင့် ပိဿာချိန် (၁၁၀)နှင့် ဆင်းသုခ ဆန်တစ်ပြည်လျှင် ၂၀၀၀/- ကျပ် တစ်ဦးလျှင် (၂)ပြည်နှုန်းဖြင့် ဆန်(၅)အိတ်နှင့် ဝက်သား တစ်ပိဿာလျှင် ၂၀၀၀၀/-ကျပ်နှုန်းဖြင့် ပိဿာချိန်(၃၀)အား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ရောင်းချခြင်းကို ပြည်သူ များ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဖရုံစေ့လှော်ဈေးနှုန်းဈေးကွက်

    ဖရုံစေ့လှော်စားသုံးခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး အာဟာရ ဓာတ်များလည်း ကြွယ်ဝစွာပါဝင်ကြောင်း၊   မြင်းခြံမြို့နယ်အတွင်း ရောင်းချနေသော ဖရုံစေ့လှော် များကို မုံရွာမြို့နှင့် ပခုက္ကူမြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင် နောက်ဆုံးပတ်တွင် ဖရုံစေ့လှော်  နို့ဆီဗူးတစ်ဗူးလျှင် (၃၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၁၁၅၀၀)ကျပ် ပေါက်ဈေးများရှိကြောင်း၊ ဒေသတွင်းစားသုံးမှုများပြီး ဈေးကွက်တွင် အရောင်းအဝယ် သွက်လျက် ရှိကြောင်း၊ ဖရုံစေ့လှော်ကို တစ်နေ့လျှင် လက်တစ်ဆုပ်စာခန့် စားသုံးပေးခြင်းဖြင့် ပရိုတင်း ဓာတ်ကြွယ်ဝကြောင်း၊ ကြွက်သား နှင့် ဆဲလ်များ အားကောင်းစေပြီး အရိုးကျန်းမာရေး၊ နှလုံးကျန်းမာရေး ကိုအထောက် အကူပြုကြောင်း၊ ဦးနှောက်လုပ်ဆောင်မှုနှင့် အရေပြား ကျန်းမာရေးကို လည်းအထောက်အကူ ပြုကြောင်း သိရှိရသည်။ အမျှင်ဓာတ်ပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေကာ အူလမ်းကြောင်းကျန်းမာရေးကို ကောင်း မွန်ကြောင်း၊ ဖရုံစေ့လှော်စားသုံးခြင်းဖြင့် ဆီးကျိတ်ရောင်ရမ်းခြင်း လက္ခဏာတွေကို သက်သာ စေကြောင်း၊ ညအိပ်မပျော် ဖြစ်နေသော သူများအတွက် မအိပ်ခင် ဖရုံစေ့လှော် နည်းနည်းစားပေးပါက ၎င်းတွင်အမိုင်နိုအက်ဆစ် ပါဝင် သောကြောင့် အိပ်စက်ခြင်းကို အထောက် အကူပြုကြောင်း  ဖရုံစေ့လှော်သည် အာဟာရဓာတ် များစွာပါဝင်သောကြောင့် လူတိုင်းစား သုံးသင့်ကြောင်း သိရှိရသည်။

 

Doca(မန္တလေး)

မြင်းခြံမြို့နယ်၏ပဲတောင့်ရှည် စိုက်ပျိုးထားရှိမှုနှင့် တစ်ဧကအကျိုးအမြတ် ဈေးနှုန်းဈေးကွက်

       မြင်းခြံမြို့နယ်သည် ဥယျာဉ်ခြံမြေများ၌ စားဖိုဆောင်သီးနှံများ စိုက်ပျိုးလျက်ရှိကြောင်း၊ ဒေသအတွင်းရှိ ကျေးရွာများဖြစ်သော အနိမ့်ရွာ၊ သာပေါင်း၊ ခေါင်းကွဲကျေးရွာများတွင် ပဲတောင့် ရှည်များကို စီးပွားဖြစ် တစ်နိုင်တပိုင်စိုက်ပျိုးထားကြောင်း သိရှိရသည်။ ပဲတောင့်ရှည်တွင် အပင်ပုမျိုး (နွယ်မဲ့မျိုး)နှင့် အပင်ရှည်မျိုး(နွယ်တက်မျိုး)ဟူ၍ နှစ်မျိုးရှိပြီး အပင်ရှည်မျိုးကို တိုင်ထောင်၍ စိုက်ပျိုးကြကြောင်း၊ အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင်ဟူ၍ အမျိုးမျိုးရှိကြောင်း၊ ပဲတောင့်ရှည်သည် မြေအမျိုးမျိုးတွင် စိုက်ပျိုး၍ရကြောင်း၊ မြေကောင်းလျှင် အထွက်ပိုကောင်း ကြောင်း၊ စိုက်ပျိုးရာတွင် ရေမဝပ်သော မြေတွင် စိုက်ပျိုးပြီး ထွန်ရေးအသင့်အတင့်ဖြင့် စိုက်ပျိုး နိုင်ကြောင်း သိရှိရသည်။ မျိုးစေ့ချရာတွင် အစိုဓာတ်များလွန်းက ပုပ်သွားတတ်ကြောင်း၊ တိုက်ရိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး တိုင်‌ထောင်ပဲကို တစ်တန်းနှင့်တစ်တန်း သုံးပေခြား၍ တစ်ပင် နှင့်တစ်ပင် (၉-၁၀)လက်မ ခွာ၍စိုက်ပျိုးကြကြောင်း၊ အပင်များရှည်လာသောအခါ အနည်း ဆုံး (၇)ပေခန့်ရှည်သော ဝါးတိုင် (သို့မဟုတ်)သစ်သားတိုင်များကို အပင်၏ တိုင်ခြေတွင် ထောင်ပေး ရကြောင်း၊ အပင်ခြေတွင် ရေမဝပ်ရန် သတိပြုရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး (၃၀) ရက်အကြာ  အစေ့နုသော အချိန်တွင် ပဲတောင့်ရှည်များကို ခူးဆွတ်ရကြောင်း၊ တစ်ဧက လျှင် အထွက်နှုန်း (၉၅၀)ပိဿာခန့်ထွက်ရှိကြောင်း၊ မြေပြင်ခ၊ မျိုး၊ ဝါးဖိုး၊ လုပ်သားခ၊ သွင်းအားစု၊ စိုက်ပျိုး စရိတ်အပါအဝင် တစ်ဧကကုန်ကျစရိတ်(၁၈)သိန်းခန့် ကုန်ကျကြောင်း၊ စိုက်ခင်းအရောက် ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်နှုန်းဖြင့် ကုန်သည်များကိုယ်တိုင် စိုက်ခင်းများသို့ လာ ရောက် ဝယ်ယူကြကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၁၀၅၀၀၀၀)ကျပ်ခန့် ရရှိကြောင်း၊ တောင်သူများအနေဖြင့် ကုန်ကျစရိတ်နည်းပြီး ကာလတိုအတွင်း စီးပွားဖြစ် တွက်ခြေကိုက်သော သီးနှံဖြစ်ကြောင်း ပဲတောင့်ရှည်စိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်နောက် ဆုံးပတ်တွင် မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသော ပဲတောင့်ရှည် လက်လီ ၂၅ ကျပ် သားလျှင် (၁၂၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ ဈေးကွက် အနေဖြင့် ဒေသတွင်းစားသုံးရန်နှင့် အင်းစိန်မြို့ ဘိုကုန်း ဈေးသို့ တင်ပို့ရောင်းချကြောင်းသိရှိရသည်။

 

Doca(မန္တလေး)

ဈေးနှုန်းကျလာသောငါးကြင်းခြစ်(အသား)ဈေးနှုန်းဈေးကွက်

  မြင်းခြံမြို့၊ အေးမြသီတာဈေးရှိ အသားငါးတန်းများတွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးမျိုးစုံရောင်းချလျက်ရှိရာ ငါးကြင်းချစ်(အသား)သည်လည်းဈေးကွက်တွင် လူကြိုက်များ၍ စားသုံး မှုများသောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။  ၂၀၂၅ခုနှစ် ဇူလိုင်လ နောက် ဆုံးပတ်တွင် ငါးကြင်းချစ် ၂၅ ကျပ်သားလျှင် (၇၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၆၅၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊

   ယခင်လ ဇွန်နောက်ဆုံးပတ်တွင် ငါးကြင်းခြစ်အသား (၂၅)ကျပ်သားလျှင်(၇၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၂၉၀၀၀)ကျပ် ပေါက်ဈေးများ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကာလ တူနှိုင်းယှဉ်ပါက ယခု ဇူလိုင်နောက်ဆုံးပါတ်တွင် ငါးကြင်းချစ်တစ်ပိဿာလျှင်ထမပတ်တွင် ငါး ကြင်းခြစ် အသား (၂၅)ကျပ်သား လျှင်(၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်ခန့် ဈေးနှုန်း ကျဆင်းခဲ့ကြောင်း၊ ယခုအချိန်တွင် မြစ်ရေကျချိန်ဖြစ်သောကြောင့် ဒေသတွင်း ငါးများ ပေါများ စွာ ရရှိသောကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း နေ့စဉ် ငါးကြင်းခြစ်အသား (၆-၈ပိဿာ)ခန့် ပုံမှန်ရောင်းချရကြောင်း၊ ဒေသတွင်း စားသုံးရန်နှင့် ထမင်းဆိုင်၊ စားသောက်ဆိုင်များမှ အများဆုံး ဝယ်ယူကြကြောင်း၊ ဒေသတွင်းလိုအပ်သောငါးများ ကို ရန်ကုန်မြို့ရှိကြည့်မြင်တိုင်ဈေးမှ တင်သွင်း ပြီး မြင်းခြံဈေးကွက်တွင် ဖြန့်ဖြူးရောင်းချကြောင်း၊ ငါးကြင်းခြစ်သားသည် အရိုးလွတ်သောကြောင့် လူကြိုက်များပြား၍ နေ့စဉ်အဝယ်ဖြစ်လျှက်ရှိကြောင်း  ငါးရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

Doca(မန္တလေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း