Main menu

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားလာမှုအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းများ‌အား မြေပြင်စစ်ဆေးရန် ညွှန်ကြားလာသည်များကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ထူးအိန္ဒြာဗိုလ် (ဒုတိယ ဦးစီးမှူး) ဦးဆောင်သောဝန်ထမ်းများအဖွဲ့သည် အွန်လိုင်းမှတ်ပုံတင် လျှောက်ထားလာသည့် တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိ “Perfect Computer” နှင့်ဆက်စပ်ပစ္စည်း များရောင်းချသည့် လုပ်ငန်းအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ မြေပြင်စစ်ဆေးခဲ့မှုတွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားစဉ်က အချက်အလက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ၊ မရှိ DOCA Mobile Application ဖြင့် စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် အခွင့်အရေး များ၊ မှတ်ပုံတင်၊ သက်တမ်းတိုး၊ ပြင်ဆင်ကြေးတို့အတွက် သတ်မှတ်နှုန်းထားများအကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက် များ၊ ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ရှမ်း)