Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အောင်လံမြို့၌ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လုံခြုံ စိတ်ချမှုရှိသော ကုန်စည်များ ဝယ်ယူနိုင်စေရေးတို့အတွက်(၂၃.၁၀.၁၀၂၅) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်မာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ အောင်လံမြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာ ဆေးဆိုင်များတွင် ရောင်းချသည့်ဆေးဝါးများတွင် သက်တမ်းလွန်ဆေးဝါး များရောင်းချမှု ရှိ/မရှိ၊ တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှု ရှိ/မရှိစစ်ဆေးခဲ့ရာ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းအား အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် Online Sale ရောင်းချခြင်းနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၂၅.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် Online Sale ရောင်းချနေသော အလှကုန်ဆိုင်ပိုင်ရှင်များ အား Online ရောင်းချနေမှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော အလှကုန် ရောင်းချသည့် ဆိုင်ရှင်များအား မိတ်ဆက်စကားပြောကြားပြီး၊ Online Sale နှင့်ပတ်သက်သည့် မှတ်ပုံတင် လျှောက်ထားရန် Online Registration မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ် ပါက ကုမ္ပဏီမှတ်ပုံ တင်လက်မှတ် SMS မှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး၊ တစ်ဦးချင်း ဖြစ်ပါက မလိုကြောင်း၊ ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်းရပ်ကွက် ထောက်ခံစာနှင့် ရဲစခန်း ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်သည့်လိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင် email (သို့ ) Mobile Phuon Number ဖြင့်  Sing Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း Online  စနစ်ဖြင့်မှတ်ပုံတင်နိုင်ရန်အတွက် www.ecomreg.gov.mm မှတစ်ဆင့်မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ရောင်းဝယ်ခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)အရ အရေးယူ ခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့အဝတ်အထည်လုပ်ငန်းရှင် များနှင့် အလှကုန်ဆိုင်ပိုင်ရှင်(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk   Show   ပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၁.၁၀.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ စစ်ဆေးရေးအရာရှိ ၏လုပ်ငန်းတာဝန်(၁၁)ချက်အား အသေးစိတ်ပြောကြားခဲ့ပြီး၊ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊  အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၂၃)ပါ တားမြစ်ချက်များ၊ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီဆောင်ရွက်ကြရန်၊စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက် များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov.mmwebsite တွင်လည်း ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါကြောင်း စားသုံးသူများနစ်နာမှုရှိလာပါက  စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်း ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဆင်ပေါင်ဝဲ၌ စားသုံးသူအသိပညာပေး ဟောပြောပွဲ (Talk Show) ပြုလုပ်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် တာဝန်ခံသည် (၂၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူအသိပညာပေး ဟောပြောပွဲ (Talk Show)ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

  ဟောပြောပွဲတွင် ဆင်ပေါင်ဝဲမြို့နယ်တာဝန်ခံက စားသုံးသူမိဘပြည်သူများ အွန်လိုင်းစနစ်ဖြင့် ဈေးဝယ်ယူရာတွင် သိရှိရမည့်အချက်များ အကြောင်း၊ အွန်လိုင်စနစ်ဖြင့် ရောင်းချရာတွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသည့် မှတ်ပုံတင် လက်မှတ်ရရှိပြီးမှသာ ရောင်းချစေရန်နှင့် အွန်လိုင်းတွင်ရောင်းချနေသော လုပ်ငန်းရှင်များ၏ တာဝန် များအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မအူပင်ခရိုင်အတွင်းရှိ စက်မှုဇုန်အတွင်းရှိ စက်ရုံ၃ရုံသို့ ဌာနဆိုင်ရာများ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး သွားရောက်တွေ့ဆုံဆွေးနွေး

      ၂၃-၁၀-၂၀၂၅နေ့ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာ ရှိ စက်မူဇုန်အတွင်းရှိ New Talent Co.ltd နှင့် Wilkes Myanmar Co.ltd များမှလုပ်ငန်းဆောင်ရွက်နေမှုများကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ရှိသူများနှင့်သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

   မအူပင်စက်မှုဇုန်တာဝန်ခံနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင်အတွင်း လေ့လာ၍  ထုတ်လုပ်နေသော အထည်ချုပ်စက်ရုံ ၊ လက်အိတ်စက်ရုံ နှင့် မှိုယာထုတ်လုပ်မှုစက်ရုံ တို့မှ ကုန်ကြမ်းရရှိမှုအခြေအနေများ၊ ကုန်ချောထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှု ဈေးကွက်အခြေအနေများကို မေးမြန်းခြင်း၊ စက်ရုံလုပ်သား အခြေအနေနှင့် အလုပ်သမားအခွင့်အရေးအပြည့်အဝရရှိစေရန် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှု အခြေအနေများကို စက်ရုံတာဝန်ခံများနှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ၂၄-၁၀-၂၀၂၅ နေ့ မနက် ၁၀ နာရီက စားသုံးသူရေးရာကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ခဲ့သည်။

    အဆိုပါ Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ က(Talk Show)ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များသိရှိစေရန်၊ စားသုံးသူများဘေအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေး(၈)ချက်ဖြစ်သည့် စားသုံးသူများအတွက် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ(သို့မဟုတ်)အထောက်အထားရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်တင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်ကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်သစ်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင်  နေထိုင်နိုင်ခွင့်ရရှိစေခြင်း စသည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

DOCA(ဧရာဝတီ)

အသင့်စားခြောက်ဆွဲခြောက်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေး

         မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း အသင့်စားခေါက်ဆွဲခြောက်များ ကုန်အညွှန်းအမှတ်သား ပြည့်စုံမှန်ကန်မူရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အခြားဌာနတို့ ပူးပေါင်းကာ ဈေးကွက်အတွင်း ကုန်စည်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်းကို ၂၅-၁၀-၂၀၂၅ရက်နေ့ (၁၀)နာရီက မြို့နယ်အတွင်းရှိ  စတိုးဆိုင်များတွင် လိုက်လံကွင်းဆင်း စစ်‌ဆေးခဲ့ကြသည်။

       ထိုသို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူ များပူးပေါင်းကာ ဓနုဖြူမြို့နယ် ရပ်ကွက် အသီးသီးရှိ စတိုးဆိုင်များသို့ သွားရောက်ကာ အသင့်စားခေါက်ဆွဲ ခြောက်များတွင် ကုန်အညွှန်းအမှတ်သားပြည့်စုံမှန်ကန်မူရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ရောင်းချနေသော ဆိုင်ရှင်များကို အခန်း(၁၈)ပုဒ်မ ၄၂ အရ  မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သိပ္ပံနည်းကျ သုတေသနပြုဆောင်ရွက်ချက်နှင့် ကျန်းမာရေးအာဟာရဆိုင်ရာ အာမခံချက်များ ဖော်ပြနိုင်ထားသည့် ကုန်စည်များ၊ ပုဒ်မ ၄၃အရ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ကြောင်းကို ဥပဒေအရ လိုက်နာဆောင်ရွက် ထုတ်လုပ်ရမည်ဖြစ်၍ ဈေးကွက်အတွင်းရောင်းချသော လုပ်ငန်းရှင်များပါ မိမိရောင်းသော ကုန်စည်များတွင် ဖော်ပြပါအချက်နှင့် ကိုက်ညီသော ကုန်စည်များကိုရောင်းချရမည် ဖြစ်ကြောင်းကို အသိပညာပေး မှာကြားဆွေးနွေးခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

အခြားပြုပြင်ထုတ်ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၅-၁၀-၂၀၂၅) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် (၆) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ကုန်စုံဆိုင်တွင် ပြုပြင်ထုပ်ပိုး ရောင်းချနေသော လက်ဖက်နှင့်အကြော်စုံ ထုပ်များ၊ ဂျင်းသုတ် အထုတ်များ၊ ဟင်းခတ်မှုန်များ၊ မြေပဲကျော်၊ ပဲလှော်အထုတ်များထုတ်ပိုးရောင်းချသည့် ကုန်စည်များ တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်း စိစစ်ခဲ့ကြပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများက ပြုပြင် ထုပ်ပိုးရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက်တွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) အရ ထုပ်ပိုးပြီးကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြ ထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ ရောင်းချနေသော ပြုပြင်ထုပ်ပိုး အထုပ်များတွင် ပြည့်စုံစွာဖော်ပြထား သည်ကို ကွင်းဆင်းစိစစ်တွေ့ရှိခဲ့ပြီး လုပ်ငန်းရှင်များကို စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ကိုလည်းကောင်း၊ မိမိတို့ထုတ်လုပ်သော ကုန်စည်များသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည် များကို ဦးစားပေး ထုတ်လုပ်ရောင်းချရန်ကို အသိပညာပေး မှာကြားဆွေးနွေးခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

သာပေါင်းမြို့နယ်တွင် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ဆောင်ရွက်ခြင်း

       ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦိးစီးမှူးဦိးထွန်းမင်းလတ် သည် (၂၄.၁၀.၂၅) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဥပဒေဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြေစာရင်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ဆောင်းရာသီ ချေးငွေထုတ်ချေးရန် မြို့နယ်စိုက်ပျိုးစရိတ်ထုတ်ပေးရေး အကြံပေးအဖွဲ့နှင့် အတူ အစည်းအဝေး တက်ရောက်ခဲ့ရာ ယခင်နှစ် ချေးငွေထုတ်ပေးခြင်း၊ ပြန်ဆပ်ခြင်း၊ ကြွေးကျန် ကျန်ရှိမှုအခြေအနေ များနှင့် ယခုနှစ် ပြန်လည်ထုတ်ချေးမှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

 

သာပေါင်းမြို့နယ်၊ ရွှေရောင်မော်ကွန်း ကိုယ်ပိုင်အထက်တန်းကျောင်း၌ Online Sale ရောင်းချခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်း

       ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦိးစီးမှူးဦိးထွန်းမင်းလတ် သည် (၂၄.၁၀.၂၅) ရက်နေ့တွင် လှေကြီးတက်ကျေးရွာအုပ်စု၊ ရွှေရောင်မော်ကွန်းကိုယ်ပိုင် အထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန တို့နှင့် ပူးပေါင်း၍ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၆၀) ဦးတို့အား လက်ကမ်းစာစောင်များဝေငှ၍ Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာများအကြောင်းနှင့် ရောင်းချခြင်းဆိုင်ရာအသိပညာပေး ဟောပြော ပွဲ‌ဆောင်ရွက်ခြင်း၊ သစ်တောဦးစီးဌာနမှ သစ်တောစွမ်းအားဖြင့် စိမ်းလန်းစိုပြေခြင်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ သစ်တောများစနစ်တကျခုတ်ယူခြင်းအကြောင်း ပြောကြားခဲ့ပြီး၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ