Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာပေါင်းမြို့နယ်၊ ရွှေရောင်မော်ကွန်း ကိုယ်ပိုင်အထက်တန်းကျောင်း၌ Online Sale ရောင်းချခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်း

       ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦိးစီးမှူးဦိးထွန်းမင်းလတ် သည် (၂၄.၁၀.၂၅) ရက်နေ့တွင် လှေကြီးတက်ကျေးရွာအုပ်စု၊ ရွှေရောင်မော်ကွန်းကိုယ်ပိုင် အထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန တို့နှင့် ပူးပေါင်း၍ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၆၀) ဦးတို့အား လက်ကမ်းစာစောင်များဝေငှ၍ Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာများအကြောင်းနှင့် ရောင်းချခြင်းဆိုင်ရာအသိပညာပေး ဟောပြော ပွဲ‌ဆောင်ရွက်ခြင်း၊ သစ်တောဦးစီးဌာနမှ သစ်တောစွမ်းအားဖြင့် စိမ်းလန်းစိုပြေခြင်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ သစ်တောများစနစ်တကျခုတ်ယူခြင်းအကြောင်း ပြောကြားခဲ့ပြီး၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

 

သာပေါင်းမြို့နယ်၊ သီရိရွှေသာဈေးရှိ မုန့်ဟင်းခါးဖတ်ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦိးစီးမှူးဦိးထွန်းမင်းလတ် သည် (၂၄.၁၀.၂၅) ရက်နေ့တွင် သီရိရွှေသာဈေးရှိ ဒေါ်သူဇာ မုန့်ဟင်းခါးဆိုင်သို့ အထွေထွေ အုပ်ချုပ်ရေးဦီးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦီးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့်ပူပေါင်း၍ ခေါက်ဆွဲ/မုန့်ဖတ်များ သန့်ရှင်းသပ်ရပ်စွာ ရောင်းချခြင်း ရှိ/မရှိ၊ ယင်မနားစေရေးနှင့် မုန့်ဟင်းခါးဖတ်များတွင် တာရှည်ခံဆေးဝါးဖော်မလင်မသုံးစွဲစေရေး၊ မုန့်ဖတ်များ အား လတ်ဆက်မှုမရှိပါကမရောင်းချရန်၊ မုန့်များထုတ်လုပ်သည့်နေရာတွင် စနစ်တကျတထုတ်လုပ်ရန် အနံ့အသက်များကောင်းမွန်စေရန် စွန့်ပစ်ရေများအားစနစ်တကျစွန့်ပစ်ရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

(DOCA) ဧရာဝတီ

 

ရေကြည်မြို့နယ်ရှိ စားသောက်ကုန်လုပ်ငန်းများအား ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ရေကြည်မြို့နယ်၊ မြို့မရပ်ကွက်ရှိ မမယ်မ မုန့်ဟင်းခါးအနှစ်ထုပ် စားသောက်ကုန်လုပ်ငန်းရှင် အား စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ပူးပေါင်း၍ စားသောက်ကုန်လုပ်ငန်းများအား ဈေးကွက်မရောက််မီ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများကြောင့် ထိခိုက်နစ်နာမှုမရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိစေရန်၊ အနှစ်ထုပ်ပြုလုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာဆောင်ရွက်ထားမှုရှိ/မရှိ တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

Htet Htet Bkk Store မှ လူသုံးကုန်ပစ္စည်းများအား Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားမှု ကိုက်ညီမှုရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/ မရှိကို (၂၇.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် Htet Htet Bkk Store မှ လူသုံးကုန်ပစ္စည်းများအား အမှတ်(၉၂၅)၊ ကနောင်လမ်း၊ (၃၅)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သွားရောက်၍  စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁၇)ရှိ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိ မှုနှင့် ပတ်သက်၍  အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

MyRo တွင် မှတ်ပုံတင်ထားရှိပြီး လုပ်ငန်းနှင့် စပ်လျဉ်း၍ ဆန်စက်လုပ်ငန်းရှင်မှ  မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေး

      ၂၅-၁၀-၂၀၂၅ ရက်နေ့ မအူပင်ခရိုင်၊ ဓနုဖြုမြို့နယ်ဦးစီးမှူးရုံးသို့ ဓနုဖြူဆန်စက်လုပ်ငန်းရှင်မှ မြို့နယ်ရုံးသို့လာရောက်၍ မှတ်ပုံတင်ဆောင်ရွက်ရာတွင် လုပ်ဆောင်ရန် အခက်အခဲ ဖြစ်မှုများကို တင်ပြလာသဖြင့် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူမှ ကူညီ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

     ဓနုဖြူမြို့နယ်မှ ဆန်စက်လုပ်ငန်းရှင် ၁ဦးသည် MyRo တွင် မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုးရန် လုပ်ငန်းစဉ်များလုပ်ဆောင်ရာတွင် လုပ်ငန်းရှင်၏ ဖုန်းနံပါတ်မှာ ပျောက်ဆုံးသွားသဖြင့် သက်တမ်းတိုးရန် Passward ပါမေ့နေသဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရန် ဆက်သွဘ်လာမှုအပေါ် မြို့နယ်ဦးစီးမှူးရုံးမှ သက်တမ်းဆိုးဆောင်ရွက်ရာတွင် ဖုန့်နံပါတ်အပြောင်းနှင့် မူလလက်ဟောင်း မှတ်ပုံတင်အတိုင်း ပြန်လည်ရရှိနိုင်ရေး  ဆက်သွယ် ဆောင်ရွက်ရနည် နေပြည်တော် ရုံးချုပ်သို့ ဆက်သွယ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ပြီး၊ လုပ်ငန်းရှင်အား ဆန်စပါး စီးပွားရေးလုပ်ငန်းများအား ခေတ်မီ ဒီဂျစ်တယ်နည်းပညာဖြင့် အသွင်ကူးပြောင်း၍ စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရန် အသိပညာပေး ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

အုတ်ကျင်းကျေးရွာ  အ.မ.က ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူအခွင့်အရေး အကြောင်း သိကောင်းစရာဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၅.၁၀.၂၀၂၅ ရက်နေ့ နေ့လယ်  (၁၃:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် အုတ်ကျင်းကျေးရွာ အ.မ.က  ကျောင်း၌ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေး နွေးပွဲပြုလုပ်ခဲ့ပါသည်။
     အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူအခွင့် အရေးနှင့် တာဝန်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် အကြောင်းအရာ
များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား ကျောင်းသာ/ကျောင်း သူများ သိရှိနားလည်စေရန် ရှင်းလင်းပြောခြင်း၊ စားသုံးသူအခွင့် အရေးနစ်နာမှု ရှိလာပါက Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ တစ်ဆင့် တိုင်ကြားလို့ရကြောင်း၊ ပို၍ လွယ်ကူတာ ကတော့  Consumer Call Center  ရယ့်      HOT Line No ဖြစ်တယ့် 1535 ကို  Mytel, Ooredoo , Telenor, MPT အသုံးပြုသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်း အရာတွေကို သိရှိလို သည််ဖြစ်ဖြစ်၊ တိုင်ကြားချင်သည် ဖြစ်ဖြစ်၊ HOT Line No လေးကို  အလွယ်တကူခေါ်ဆိုရုံဖြင့် ဆက်သွယ် တိုင်ကြားလို့ရကြောင်း ထပ်ဆင့် အသိပေးပြောကြား ခဲ့ကြောင်း သိရသည်။

       ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၈၀) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာ စောင်များပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အဆင့်မြင့်စားအုန်းဆီ ဘူးသွင်းထုတ်လုပ်မည့်စက်ရုံအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၂၄.၁၀.၂၀၂၅) ရက်နေ့၌ "ရွှေကောင်း" အမှတ်တံဆိပ်ဖြင့် ဘူးသွင်းထုတ်လုပ်မည့် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၁၀၈)၊ မြခွာညိုလမ်း၊ သာကေတစက်မှုဇုန်၊ သာကေတမြို့နယ်သို့  မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင်"ရွှေကောင်း" အမှတ်တံဆိပ်ဖြင့် အဆင့်မြင့်စားအုန်းဆီအဖြစ် ဘူးသွင်းထုတ်လုပ်မည်ဖြစ်ကြောင်း၊ စံချိန်စံညွှန်းနှင့် အညီထုတ်လုပ်၍ ဈေးကွက်ဖြန့်ဖြူးနိုင်ရေးအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၏ ထောက်ခံချက်နှင့် သက်ဆိုင် ရာဌာနများ၏ ခွင့်ပြုချက်များရရှိထားခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ပြည်တွင်းဈေးကွက်၌ ၅၀ ကျပ် သား (0.9 L) ၊ ၉၆ ကျပ်သား (1. L) ၊ ၂.၈၀ ပိဿာ ၅ ပိဿာ (5. L) ၊ ၁၀ ပိဿာ (18. L)  အစရှိသည့် ထုပ်ပိုးပုံစံ (၄) မျိုးဖြင့် ဘူးသွင်းဆီ (Counsumer Pack) များ ထုတ်ပိုးဖြန့်ဖြူးရောင်းချသွားမှာ ဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း (၁၈) ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိအောင် ရေးသားဖော်ပြရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီ လက်လီ/လက်ကား ရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးဆီရောင်းချမှုနှင့် စပ်လျဉ်း၍ စားသုံးသူအခွင့်အရေး အပြည့်အဝ ရရှိစေရန် ရောင်းချခြင်းလုပ်ငန်းများအကြောင်း ဆွေးနွေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၌မအူပင်ခရိုင် ဆီလုပ်ငန်းရှင် များအသင်းနှင့် ဆီကုန်သည်များနှင့် မအူပင် စားသုံးဆီ လက်လီ/လက်ကား အရောင်းဆိုင်(၁၂)ဦးအား စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် ဖိတ်ကြားတွေ့ဆုံ၍ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ အသိပညာပေး ဆွေးနွေးမှုကို  (၂၅.၁၀.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် ပြုလုပ်ခဲ့ပါသည်။

       ထိုသို့ဆွေးနွေးရာတွင် မအူပင်ခရိုင်တွင် စားအုန်းဆီခွဲတမ်း ရရှိသည် ဆီကိုယ်စားလှယ်များမှ ကုမ္ပဏီ နှစ်ခုဖြင့်သတ်မှတ်စည်းကမ်းများနှင့်အညီ စာချုပ် ချုပ်ဆိုထားပြီး စားဆီ ခွဲတမ်း ရရှိသည့် ဆီအရောင်းဆိုင်များမှ ဗီနိုင်းချိတ်၍နေ့စဉ် ရရှိသော ဆီပေပါ၊ သတ်မှတ်ရည်ညွှန်းရောင်းဈေး၊ များကို ချိတ်ဆွဲ ဖော်ပြ၍ ရောင်းချရန်၊ စစ်ဆေးရေးအဖွဲ့မှအသွင်ယူစစ်ဆေးပါက သတ်မှတ်ချက်များအတိုင်း မညီညွှတ်ပဲ ရောင်းချနေပါကအရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း၊ နေ့စဉ် ရောင်းချရမှု နေ့စဉ်စာရင်းများကို အသင်းသို့ ပေးပို့ရသလို၊ ကုမ္ပဏီသို့ပေးပို့ရကြောင်း၊ ရပ်ကွက်နေပြည်သူများ ဆီထုတ်ယူခွင့်စာအုပ်ဖြင့် အိမ်ထောင်စုအလိုက်အပြည့်အဝရရှိနေပြီး ကျေးရွာများသို့ပါ ရရှိစေရေးအတွက် ဌာနမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ဆေးရေးအဖွဲ့များမှ လည်း လစဉ် စစ်ဆေးဆောင်ရွက်ခြင်းများ မပြတ်စစ်ဆေးမည်ဖြစ်ကြောင်း စနစ်တကျမှန်ကန်စွာ ပုံမှန်ရောင်းချနိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့ပြီး မအူပင်ဆီရောင်းချသူ လုပ်ငန်းရှင် ၁၂ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

       ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့၊ နံနက် (၁:၀၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ Easy Mart ရှိ တာဝန်ခံများနှင့်တွေ့ဆုံ၍ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန်များတွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ပါရှိရမှာဖြစ်ပြီး (၁၀) ဂရမ်အောက် အလှကုန်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်းမရှိသော  အလှကုန်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ‌ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံမှုများနှင့် စပ်လျဉ်း၍ အလွယ်တကူတိုင်ကြားနိုင်ရန် စားသုံးသူရေးရာဦးစီးဌာန၏ Call Center 1535 နှင့် စပ်လျဉ်း၍ အသိပညာပေး

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ မြို့နယ်ရုံးများအနေဖြင့် အများပြည်သူများ ကုန်စည် (သို့) ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲတယ့်အခါ ထိခိုက် နစ်နာမှုတွေရှိရင် ဘယ်လိုနည်းလမ်းတွေကို အသုံးပြု၍ ဘယ်သူတွေတိုင်ကြားနိုင်လည်းဆိုရင် စားသုံးသူရေးရာဦးစီးဌာန၏ Call Center 1535 သို့ ဆက်သွယ်တိုင်ကြား စားသုံးသူအခွင့်အရေး သိရှိလိုပါက မေးမြန်းနိုင်ကြောင်းကို အများ ပြည်သူ ကျယ်ကျယ်ပြန့်ပြန်သိရှိနိုင်ရန်ကို လုပ်ငန်းစဉ်တစ်ရပ်ကဲ့သို့ ပန်းတနော် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လစဉ်လှုပ်ရှား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

            မအူပင်ခရိုင်  ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးတွင် ရပ်ကွက်နေပြည်သူများအား ၂၁-၁၀-၂၀၂၅ ရက်နေ့ နေ့လည် ၁နာရီအချိန်က  စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ်ထားသော Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်သလို စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ သိရှိလိုပါက မေးမြန်းနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် သိရှိလိုပါက မေးမြန်းနိုင်ကြောင်း တက်ရောက်လာသူ ရပ်ကွက်နေပြည်သူများက မေးမြန်းလာရာ စားသုံးသူအရေး ကိစ္စနှင့်ပတ်သက်၍ မည်သည့်နေရာမှ သွားစရာမလိုပဲ မိမိနေအိမ်မှတဆင့် အလွယ်တကူ ခေါ်ဆိုနိုင်သော Call Center 1535 သို့နိုင်ကြောင်း ပြည်သူများ လုပ်ဆောင်တက်စေရန် လက်တွေ့ကူညီ ဆောင်ရွက်ခဲ့ကြောင်း ဘယ်သူတွေကနေ ဘယ်လိုနည်းလမ်းတွေနဲ့ တိုင်ကြားလို့ ရနိုင်ကြောင်းကို ပြည်သူသိရှိနိုင်ရန်အတွက်   တိုင်ကြား လို့ရတယ့်နည်းလမ်း (၇) မျိုးရှိကြောင်း၊  တိုင်ကြားနိုင်တဲ့ နည်းလမ်း အဆင့်ဆင့် တွေကတော့ DOCA Myanmar Application, CICC Naypyi Taw လူမှုကွန်ယက်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ဦးစီးမှူးရုံးတွေကို လူကိုယ်တိုင် (သို့) စာဖြင့် တိုင်ကြားနိုင်၊ CICC ဖုန်း၊ Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ တစ်ဆင့် တိုင်ကြားလို့ရကြောင်း၊ ပို၍ လွယ်ကူတာကတော့  Consumer Call Center  ရယ့်      HOT Line No ဖြစ်တယ့် 1535 ကို  Mytel, Ooredoo , Telenor, MPT အသုံးပြုသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်း အရာတွေကို သိရှိလိုသည်ဖြစ်ဖြစ်၊ တိုင်ကြားချင်သည် ဖြစ်ဖြစ်၊ HOT Line No လေးကို  အလွယ်တကူခေါ်ဆိုရုံဖြင့် ဆက်သွယ် တိုင်ကြားလို့ရကြောင်း ထပ်ဆင့် အသိပေးပြောကြား ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ