Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျေးလက်ပြည်သူများထံဆီဝယ်ယူခွင့်စာအုပ်ဖြင့်ဆီရောင်းချနေမှုအားမြေပြင်ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် တာဝန်ခံနှင့်အဖွဲ့သည်(၅-၁၀-၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် လေးမျက်နှာမြို့နယ် ၊

ခတ္တူအုပ်စု၊ အလယ်ရွာကျေးရွာရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်များဖြင့် စားသုံးသူ ပြည်သူများထံသို့ ဆီရောင်းချပေးမှုအခြေအနေများ၊ သတ်မှတ်ရည်ညွှန်းဈေးထက်ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင်အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံမှု အားကောင်းစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းများဖြင့် အရေအတွက်၊ အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာဖြင့် ပြည်သူများသို့ ဖြန့်ဖြူးရောင်းချပေးနေမှုတို့ကို ကွင်းဆင်းစစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆီစာအုပ်ဖြင့်ဝယ်ယူနေသော အိမ်ထောင်စုများအား တစ်လ အတွင်း ဆီရရှိမှုအကြိမ်အရေအတွက်နှင့် လေးမျက်နှာမြို့နယ်၊ ခတ္တူအုပ်စု ၊ အလယ်ရွာကျေးရွာ၊ လက်လီအရောင်း ဦးထွန်းထွန်းကျော်မှ မိမိကျေးရွာရှိ အိမ်ထောင်စု ( ၆၄ )စုအား စားအုန်းဆီ ဝယ်ယူ ခွင့်စာအုပ်ဖြင့် ဆီရောင်းချနေမှုကိုသတ်မှတ်ရည်ညွန်းဈေးဖြင့်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်း ချမှုမရှိဘဲ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရေး စိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA ဧရာဝတီ

 

အသင့်စားသောက်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ၊မရှိ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်တာဝန်ခံသည်(၄-၁၀-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၀၀)အချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့ပေါ်ရပ်ကွက်နှင့် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင်ရောင်းချလျက်ရှိသော အသင့်စားသောက်ကုန်စည် အမျိုးမျိုးပေါ်တွင် ကုန်အညွှန်းအမှတ်အားဖော်ပြခြင်းရှိ၊ မရှိ နှင့် သက်ဆိုင်ရာဌာနထောက်ခံချက်များ ဖော်ပြမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

                 ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကို လိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသောညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များအကြောင်း၊တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ အရောင်းဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA ဧရာဝတီ

စားသုံးဆီဖြန့်ဖြူးကြီးကြပ်ရေးအဖွဲ့မှ အိမ်ထောင်စုအလိုက် ဆီဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

           ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၅ ရက် နံနက်(၀၉:၀၀)အချိန်တွင် ဟင်္သာတမြို့နယ် ဒူယားအမှတ်(၁)၊ (၂) ရပ်ကွက်များသို့ ဟင်္သာတမြို့ လက်ကားကိုယ်စားလှယ် Than Thar ကုမ္မဏီမှ ရပ်ကွက်/ကျေးရွာ အရောက်အိမ်ထောင်စုများအား စားသုံးဆီများသတ်မှတ်ရည်ညွှန်းစျေးနှင့်အညီ ရောင်းချပေးမှုကို စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဟင်္သာတမြို့နယ်ဦးစီးမှုးတို့ ကွင်းဆင်းခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းရာတွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း စားအုန်းဆီရောင်းချရာ တွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့ စပ်စပ်ရောင်းချလျက်ရှိပြီး၊ ဆိလက်လီ၊ လက်ကား ကိုယ်စားလှယ်များမှလည်း ဆီရောင်းချရာတွင် Daily စာရင်းများပြုစုထားရှိကြောင်း၊ သတ်မှတ်ရည် ညွှန်းဈေးထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေး ရေးသား ထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန် စိစစ်ခဲ့ပြီး၊ စားသုံးဆီလက်လီ/ လက္ကားဖြန့်ဖြူး ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။   

DOCA ဧရာဝတီ

ဟင်္သာတမြို့နယ် စက်မှုလုပ်ငန်းသုံးဆီထုတ်ယူမည့် လုပ်ငန်းရှင်များနှင့်အစည်းအဝေးပြုလုပ်

              ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ဟင်္သာတ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ဟင်္သာတမြို့နယ်အတွင်းစက်မှုလုပ်ငန်း သုံးဆီထုတ်ယူသုံးစွဲနေသော လုပ်ငန်းရှင်(၁၅၀)ဦးအား မြို့နယ်စားသုံးဆီဖြန့်ဖြူးလုပ်ငန်းကြီးကြပ် ရေးအဖွဲ့ ဥက္ကဌမှ တွေ့ဆုံ၍ ဟင်္သာတမြို့နယ်၏ လစဥ်ဆီရရှိမှုဖြန့်ခွဲရောင်းချမှုအပေါ် ကြီးကြပ် ဆောင်ရွက်မှုများအားပြောကြားခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံမှဖြန့်ဖြူးရောင်းချကြီးကြပ်ခြင်းလုပ်ငန်းများအားအသေးစိတ် PowerPointဖြင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က ၂၀၂၆ ခုနှစ် အောက်တိုဘာလ (တတိယ အကြိမ်)အတွက် ခွဲဝေရရှိသည့် လုပ်ငန်းသုံးဆီများအား လုပ်ငန်း ကြီး၊ လတ်၊ ငယ် အမျိုးအစား အလိုက် မိမိတို့ အမှန်တစ်ကယ် လိုအပ်သော ဆီများ ထုတ်ယူသုံးစွဲနိုင်ရေး၊  စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းတွင်အသုံးပြုလျက်ရှိသော  ဆီလို အပ်ချက်များတင်ပြရာတွင် အမှန်တစ်ကယ်သုံးစွဲ‌နေသော လိုအပ်ချက်စာရင်းကိုသာ တင်ပြလျှောက် ထားရန်၊ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုချက်များနှင့် အခွန်ပေးဆောင်မှု အထောက်အထားများထားရှိစေ‌ရေး၊ မိမိတို့လုပ်ငန်းအတွက်သာ သုံးစွဲရန်လိုအပ်ကြောင်း၊ ပြင်ပရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ခွဲတမ်းရရှိထားသော ဆီပေပါများအား လုပ်ငန်းရှင်များလိုအပ်ချက် စာရင်းများနှင့် ကိုက်ညီ၍ အချိုးကျ စာရင်းခွဲဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး ထုတ်ယူသုံးစွဲရန် လိုအပ် ကြောင်း၊ လုပ်ငန်းရှင်များမှ သိလိုသည်များမေးမြန်းဆွေးနွေးခဲ့ပြီးအစည်းအဝေးကို နေ့လည်(၁၄:၃၀) အချိန် တွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA ဧရာဝတီ

ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်တာဝန်များ အသိပညာပေး

            စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၅ ရက် နံနက်(၁၀:၃၀)နာရီ အချိန်တွင် ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန် များ အကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်၊စည်းကမ်းများနှင့်အညီ ရောင်းဝယ်မှု ပြုလုပ်နိုင်ရေး အသိပညာ ပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

                   ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက  ၂၀၁၅ခုနှစ် စားသုံးသူကာကွယ်ရေး ဥပ‌ဒေပါ အခန်း ၁၀ ပုဒ်မ ၂၁။တွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များနှင့် စားသုံးသူများအသုံးပြုမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့်လိုက်နာဆောင်ရွက် သွားရန် အသိပညာပေးဆွေးနွေးခြင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်အညီ လိုက်နာဆောင်ရွက်ရန်အချက်များ၊ လုပ်ငန်းရှင် များအနေဖြင့် သက်ဆိုင်ရာဌာန၏ထောက်ခံချက်ရရှိပြီးသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချရန်နှင့် စားအုန်းဆီများသိုလှောင်ဖြန့်ဖြူးမှုရောင်းချမှုနှင့် ပတ်သက်၍လည်း ဒေသ အရောက်ဈေးနှုန်းများအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်ခစရိတ် အပါအဝင် သတ်မှတ် ရည်ညွှန်းဈေး၊အလေးချိန်၊အကြိမ်အရေအတွက် မှန်ကန်စွာရောင်းချရန် မှာကြားခဲ့ပြီး၊ သတ်မှတ် ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ စားသုံးသူ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

ကျန်းမာသန့်ရှင်းသောအစားအသောက်များ ရောင်းချရေးနှင့် စည်းကမ်းထိန်းသိမ်းရေး စားသုံးသူရေးရာဦးစီးဌာနက ဟောပြောဆွေးနွေး

           (၅.၁၀.၂၀၂၆) ရက်နေ့ နေ့လည် (၁၄:၀၀) နာရီတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ကျန်းမာသန့်ရှင်းသောအစားအသောက်များ ရောင်းချရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီအဖွဲ့က ဦးဆောင်၍ မြို့နယ်အတွင်းရှိ ဈေးဆိုင်များမှ အစားအသောက်ရောင်းချသူများအား ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော အစားအသောက်များကို စည်းကမ်းနှင့်အညီ ရောင်းချနိုင်ရေးကို မြို့နယ်စားသုံးသူ‌ရေး ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင်မှ ဈေးဆိုင်လုပ်ငန်းရှင် (၃၀)ဦးအား  ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

             အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်ခဲ့ပြီး ဈေးဆိုင်များအနေဖြင့် အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ရောင်းချခြင်း၊ အစားအသောက်များအား အညစ်အကြေးနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် အရာများမှ ကင်းဝေးစေရန် ထားသိုခြင်းနှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် ထို့အပြင် စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချသူများက တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများအနေဖြင့်လည်း စည်းကမ်းနှင့်အညီ ရောင်းချမှုရှိ/မရှိကို ဆက်လက်ပူးပေါင်းကြီးကြပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့ ၌ စားအုန်းဆီ စနစ်တကျရောင်းချရေး ကွင်းဆင်းစစ်ဆေး

               ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ စားအုန်းဆီများ စနစ်တကျ ရောင်းချမှု ရှိ/မရှိနှင့် စျေးနှုန်း မြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က  အောက်တိုဘာလ ၁ ရက်နေ့ နေ့လည်၁၂ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊မြို့နယ် မြို့မိမြို့ဖများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်တုန်းမြို့မအတွင်းရှိ စားအုန်းဆီရောင်းချသည့်ဆိုင်များသို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။

           ထိုသို့ စစ်ဆေးစဉ် ပူးပေါင်းအဖွဲ့မှ စားအုန်းဆီ ရောင်းချသူများအနေဖြင့် နေ့စဉ်ရရှိသော စားအုန်းဆီများကိုကပြည်သူများသို့ စာအုပ်ဖြင့် စနစ်တကျ ရောင်းချရန်၊  ပြင်ပမှ စားအုန်းဆီများ ဝယ်ယူသိုလှောင် သိမ်းဆည်းခြင်းနှင့် စျေးနှုန်းမြှင့်တင် ရောင်းချခြင်းများကို လုံးဝ(လုံးဝ) မပြုလုပ်ကြရန်၊ ရောင်းချရာတွင်လည်း အလေးချိန် မှန်ကန်စွာ ချိန်တွယ်ရောင်းချရန် စသည့် အချက်များကို အသိပေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

မြိတ်ဆန်တင်ရေယာဉ်အားကွင်းဆင်းစစ်ဆေး

              ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက် နေ့၊ ညနေ့ (၁၆:၃၀)အချိန်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ပြီး၊ ခရိုင်စား သုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် လဝကဦးစီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး စသည့် ပူးပေါင်းအဖွဲ့များဖြင့် ဖျာပုံမြို့နယ် သလိပ်ကလေးကျေးရွာ ရွှေပြည်မိုးဆန်စက် ဆိပ်ကမ်း၌ ပြည့်ဖြိုးအောင် ၉ ဆန်တင်သင်္ဘောအား သွားရောက်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ဖြိုးအောင်၉ ရေယာဉ်၌ တင်ဆောင်ထားသော ဧည့်မထ ဆန်(၂၅၀၀)နှင့် ကောက်ညှင်းဆန် (၃၀၀) စုစုပေါင်းဆန် (၂၈၀၀)အား သေချာစွာစစ်ဆေးခဲ့ပြီး သင်္ဘော၌ပါလာသော သင်္ဘောသားများအား လမ်းခရီးတစ်လျှောက်တွင် ခွင့်ပြုချက်မရှိသော ကုန် ပစ္စည်းများအား သယ်ဆောင်ခြင်းမပြုရန် မှာကြားခဲ့ပြီး တရားမဝင်ကုန်စည်လွဲပြောင်းပို့ဆောင်ခြင်း များ ပြုလုပ်ခဲ့ကြောင်းကို တစ်ချိန်ချိန်မှာ စစ်ဆေးတွေ့ရှိရပါက တည်ဆဲဉပဒေများဖြင့် အရေးယူ ဆောင်ရွက်သွားမည်ကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဒေးဒရဲမြို့နယ်တွင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအားစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

               ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာ၀န်ခံသည်(၂၀၂၆)ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နေ့၊ နေ့လည်(၁၂:၃၀)နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံး၌ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူ အခွင့်များ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက် များသိ ရှိရန်၊ ဆီရောင်းချမှုနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များ၊ လမ်းညွှန်ချက်များကို လုပ်ငန်းရှင်များအား လင်းရှင်းဖတ်ကြား ဆွေးနွေးပြီး၊ ရရှိသော ဆီခွဲတမ်းများကို သတ်မှတ်နေရာများ အမှန်တကယ် ရောက်ရှိ ရောင်းချနိုင်စေရေး အသိပညာပေးခြင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက် အလက်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး စားသုံးသူများနစ်နာမှုရှိပါက ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးသို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် ဒေးဒရဲမြို့နယ် အတွင်းရှိဆီလုပ်ငန်းရှင်လက်လီ/ လက်ကားကိုယ်စားလှယ်( ၄၆ )ဦးတက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့မှ ဆေးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

      ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့များဖြစ်သော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောမတီ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည် တွင်းအခွန်၊ ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ စက်တင် ဘာလ(၂၉)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့ မြို့မဈေးအတွင်းရှိ ဆေးဆိုင်များ သို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနမှ တရားဝင်မှတ်ပုံတင်လိုင်စင်များပါရှိ ကြောင်း ဆေးနှင့်ဆေးပစ္စည်းများ လက်ကားဈေးပေါ်တွင် ပိုမိုရောင်းချနေခြင်းရှိ/မရှိ၊ လက်လီ ရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ကွင်းဆင်း စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်း၌ ဆေးများအား လက်ကားဈေးပေါ်တွင် ဒေသပေါက်ဈေး ထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ