Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံမှ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

        ၈.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံသည် ပြည်နယ်ဦးစီးမှူးရုံး၌ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံ ခန့်ခွဲမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ဆန်စပါးလုပ်ငန်းကိုလုပ်ကိုင်ပါက မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online- MyRo) တွင် သိုလှောင်ရုံမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း (၁ ရက်မှ ၇) ရက်အတွင်း ထည့်သွင်းရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံသက်တမ်းကုန် ဆုံးပါကလည်း သိုလှောင်ရုံသက်တမ်းတိုးခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် လိုအပ်သော စာရွက်စာတမ်းများနှင့် MyRo တွင် ဖြည့်သွင်းမှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

M/S BAY LINE SHIPPING PTE, LTD (SINGAPORE) ကုမ္မဏီပိုင် M.T TS NINE အမည်နှင့် M.T GENEVIEVE အမည်ရှိ စက်သုံးဆီတင်သင်္ဘောများရောက်ရှိ

      ၅.၁၂.၂၀၂၅ ရက်နေ့ (၁၃:၀၀) နာရီချိန်တွင် M/S BAY LINE SHIPPING PTE,LTD (SINGAPORE) ကုမ္မဏီပိုင် M.T TS NINE အမည်နှင့် M.T GENEVIEVE အမည်ရှိ စက်သုံးဆီတင်သင်္ဘောများ သည် သင်္ဘောကပ္ပတိန် Mr.Jimmy Jerriko Wowoseko ပါ အင်ဒိုနီးရှားနိုင်ငံသား သင်္ဘောသား ၁၀ ဦးတို့ လိုက်ပါလျက် Myanmar Energy King Co.Ltd မှ ပြည်ပမှတင်သွင်းလာသည့် 95(ဓာတ်ဆီ) ၁၆၉ မထ္ထရစ်တန်၊ ဒီဇယ်(ပရီမီယမ်) ၃၉၈ မထ္ထရစ်တန် တင်ဆောင်ကာ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma Power International Port Terminal သို့ ရောက်ရှိလာကြောင်း သိရှိရသည်။

    အဆိုပါနေရာသို့ ပြည်နယ်ရေကြောင်းရဲတပ်ဖွဲ့၊ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ ပြည်နယ်ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာ(မွန်ပြည်နယ်)၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ မုဒုံမြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့စု(မုဒုံ)၊ မမမှူး(မုဒုံ)တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA (မွန်)

လေးမျက်နှာမြို့ အခြေခံပညာအထက်တန်း(ခမောက်စု)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊လေးမျက်နှာမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၅.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့ ခမောက်စုကျေးရွာအုပ်စုရှိ အခြေခံပညာအ ထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၈၂ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရ မည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များ နှင့် အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာ ရောင်းချရန် မုန့်ဈေးတန်း   ရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသားရယူနိုင်ရေး ကွင်းဆင်းဆောင်ရွက်

    ၈.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်းနှင့် မြို့နယ်တာဝန်ခံ ဦးဇော်ဦးတို့သည် ကျိုက်ထို မြို့နယ်၊ ဇေယျာမွန်ရပ်ကွက်ရှိ “Chit Chit Tone” မစ်ရှိတ်နှင့် အချိုရည်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားရယူနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်များသန့်ရှင်းစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ တားမြစ်ဓာတုဆေးဝါးများသုံးစွဲမှုမရှိစေရေး သတိပြုဆောင်ရွက်ရန် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉) ပါပြဋ္ဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြ၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန်လိုအပ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှု ရှိ/မရှိ အတည်ပြုချက်ရယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌  စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခြင်း

       ၆.၁၂.၂၀၂၅ ရက် စနေနေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ် ဈေး၌ Lwin Maung Maung CO. Ltd မှ လက်လီကိုယ်စားလှယ်များမှ စားသုံးဆီ ရောင်းချနေမှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် သတ်မှတ်ထားသော စျေးနှုန်းရောင်းချခြင်း၊ သတ်မှတ်ပိဿာ အတိုင်းရောင်းချခြင်း၊ ဗီနိုင်းတပ်ဆင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၆၉၄၆) ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ (၄၄၀)စီအား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်သို့ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီပေပါများ ရောက်ရှိမှုအခြေအနေအား စစ်ဆေးခြင်း

    ၆.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်သို့ စားအုန်းဆီကုမ္ပဏီများမှ စားသုံးဆီ ရောက်ရှိလာမှုအား သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ရုံးမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်စစ်ဆေးခဲ့ပါသည်။

    ထို့သို့ စစ်ဆေးရာတွင် စားအုန်းဆီကိုယ်စာလှယ်များထံသို့ ယာဥ်အမှတ် (9M-7252)၊ ယာဥ်မောင်း ဦးထွဋ်မြတ်နိုး မော်တော်ယာဥ်ဖြင့် (Myat Ah Kan Co. Ltd) သို့ စားအုန်းဆီ (၁၆) ပေပါ ရောက်ရှိပြီး၊ ယာဥ်အမှတ် (6J-7536)၊ ယာဥ်မောင်း ဦးကျော်မင်းအောင် မော်တော် ယာဥ်ဖြင့် (Lwin Maung Maung Co. Ltd) သို့ စားအုန်းဆီ (၃၉) ပေပါ ‌ရောက်ရှိခဲ့ကြောင်း သိရှိပါသည်။

         DOCA (မွန်)

မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာနှင့်ဂုံညှင်းတန်းကျေးရွာများရှိ စားသုံးဆီ လက်လီဆိုင်များမှ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၅.၁၂.၂၀၂၅) ရက်နေ့ နေ့လည်(၁၂:၀၀) အချိန်တွင် မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာနှင့်ဂုံညှင်းတန်းကျေးရွာများရှိ စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ ၊သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိ‌စေရေး ကွင်းဆင်းစစ်ဆေးခြင်းကို   ဆောင် ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းရာတွင် ခွဲတမ်းရစားအုန်းဆီ ကုန်စုံဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီ ရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ် ရောင်းချပေးရန်၊ ဆီရောင်းချရာတွင် လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေး ထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန် စိစစ် ခဲ့ပြီး၊ စားသုံးဆီ လက်လီဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချလျက် ရှိပြီး၊ အိမ်ထောင်စုများအား ဆီစာအုပ်ဖြင့် ဖြန့်ဝေရောင်းချရာတွင်  တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် (၂)ကြိမ် ရောင်းချကြောင်း ၊ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

သထုံမြို့နယ်အတွင်းရှိ MyRo တွင် မှတ်ပုံတင်ထားသော ဆန်စက်၊ ဆန်သိုလှောင်ရုံများသို့ သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးခြင်း

    ၃.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံ မြို့နယ် ဆန်စက်/ ဆန်သိုလှောင်ရုံပိုင်ရှင်များအား MyRo တွင် မှတ်ပုံတင်ထားသော ဆန်စက်/ဆန်သိုလှောင်ရုံများသို့ သွားရောက်ပြီး ကွင်းဆင်း စစ်ဆေးခြင်းကို ဒီဇင်ဘာ (၃) ရက်နေ့၊ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် သထုံမြို့နယ် ဆန်စက်/ဆန်သိုလှောင်ရုံ ပိုင်ရှင်များအား MyRo တွင် မှတ်ပုံတင်ထားသော ဆန်စက်/ဆန်သိုလှောင်ရုံများသို့ သွားရောက်ပြီး ဆန်/စပါး ကုန်ရ/ကုန်ထုတ်/ ကုန်လက်ကျန် စာရင်းများအား ပုံမှန်လစဥ်ဖြည့်သွင်းနိုင်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

         DOCA (မွန်)

မြန်အောင်မြို့ Online Sale ဖြင့်ရောင်းချသော အလှကုန်၊လူသုံးကုန်၊အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၅.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် အမှတ်(၃)ရပ်ကွက်၊ ညဈေးလမ်းရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော ဝတ်ရည် အလှကုန်၊ လူသုံးကုန်၊ အဝတ် အထည်နှင့် ဆက်စပ်ပစ္စည်းများ လက်လီ/လက္ကား အရောင်းဆိုင်သို့ အွန်လိုင်းမှတ်ပုံတင်ထားမှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် Online စနစ်ဖြင့်ရောင်းချနေသောအ‌ရောင်းဆိုင်တွင် မှတ်ပုံတင်လက် မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာ ပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း ရှိ/မရှိ ၊ မှတ်ပုံတင် လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချနေသော စာရင်း ကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေး ခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/မရှိ ၊စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ လူသုံးကုန်၊ အလှကုန်နှင့် ဆက်စပ်ပစ္စည်းများပေါ်တွင်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှု တို့ကိုစိစစ်ခဲ့ပြီး၊ လုပ်ငန်းရှင် နှင်းဝတ်ရည်ဦး နှင့် တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်းအသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မဲဇလီကုန်းမြို့ “သစ်ဆန်းရတနာ”ဆန်စက်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၅.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၃၀) အချိန်တွင် အင်္ဂပူမြို့နယ်၊ ဘူတာရှေ့လမ်း၊ မဲဇလီကုန်းမြို့ရှိ “သစ်ဆန်းရတနာ” ဆန်စက်သို့သွားရောက်၍ ဆန်/စပါးဈေးနူန်းဈေးကွက်အခြေအနေ၊ ဆန်အိတ်အလေးချိန်မှန်ကန်စေရေး၊ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် စာရင်းများ လစဉ် ထည့်သွင်းနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက  ဆန်စက်လုပ်ငန်းရှင် ဦးထိန်ဝင်းနှင့် တွေ့ ဆုံ၍  မြန်မာဆန်စပါးအွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန် တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ် ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်  ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင် များအနေ ဖြင့်  ကုန်ရ၊ ကုန် ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး ဆွေးနွေးခဲ့ပြီး၊ ဆန်စပါးဈေးနှုန်းဈေးကွက်နှင့် ဆန်စပါးလက်ကျန်အခြေအနေ များအား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ