
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ဟင်္သာတ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ဟင်္သာတမြို့နယ်အတွင်းစက်မှုလုပ်ငန်း သုံးဆီထုတ်ယူသုံးစွဲနေသော လုပ်ငန်းရှင်(၁၅၀)ဦးအား မြို့နယ်စားသုံးဆီဖြန့်ဖြူးလုပ်ငန်းကြီးကြပ် ရေးအဖွဲ့ ဥက္ကဌမှ တွေ့ဆုံ၍ ဟင်္သာတမြို့နယ်၏ လစဥ်ဆီရရှိမှုဖြန့်ခွဲရောင်းချမှုအပေါ် ကြီးကြပ် ဆောင်ရွက်မှုများအားပြောကြားခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံမှဖြန့်ဖြူးရောင်းချကြီးကြပ်ခြင်းလုပ်ငန်းများအားအသေးစိတ် PowerPointဖြင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က ၂၀၂၆ ခုနှစ် အောက်တိုဘာလ (တတိယ အကြိမ်)အတွက် ခွဲဝေရရှိသည့် လုပ်ငန်းသုံးဆီများအား လုပ်ငန်း ကြီး၊ လတ်၊ ငယ် အမျိုးအစား အလိုက် မိမိတို့ အမှန်တစ်ကယ် လိုအပ်သော ဆီများ ထုတ်ယူသုံးစွဲနိုင်ရေး၊ စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းတွင်အသုံးပြုလျက်ရှိသော ဆီလို အပ်ချက်များတင်ပြရာတွင် အမှန်တစ်ကယ်သုံးစွဲနေသော လိုအပ်ချက်စာရင်းကိုသာ တင်ပြလျှောက် ထားရန်၊ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုချက်များနှင့် အခွန်ပေးဆောင်မှု အထောက်အထားများထားရှိစေရေး၊ မိမိတို့လုပ်ငန်းအတွက်သာ သုံးစွဲရန်လိုအပ်ကြောင်း၊ ပြင်ပရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ခွဲတမ်းရရှိထားသော ဆီပေပါများအား လုပ်ငန်းရှင်များလိုအပ်ချက် စာရင်းများနှင့် ကိုက်ညီ၍ အချိုးကျ စာရင်းခွဲဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး ထုတ်ယူသုံးစွဲရန် လိုအပ် ကြောင်း၊ လုပ်ငန်းရှင်များမှ သိလိုသည်များမေးမြန်းဆွေးနွေးခဲ့ပြီးအစည်းအဝေးကို နေ့လည်(၁၄:၃၀) အချိန် တွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA ဧရာဝတီ
