Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ရှိ ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး(၃)ဦးသည် “ခရိုင်ဆန် သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများမရှိစေ‌ရေး ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ နေ့လယ် (၁၄း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ရှိ ”သိန်းထိုက်အောင်” ဆန်အရောင်းဆိုင်သို့ ကွင်းဆင်း၍ ဈေးနှုန်းဈေးကွက် အခြေအနေများ၊ စီးဝင်/စီးထွက်မှု အခြေအနေများ၊ သယ်ယူခနှုန်းထားများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊  ဖြန့်ဖြူးရောင်းချမှုများ ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်း ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဆန်အိတ် (၅၀၀)နှင့်အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံမှတ်ပုံတင် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ရှိ ဆန်အရောင်းဆိုင်ဖြစ်သော ”သိန်းထိုက်အောင်” ဆန်ဆိုင်အနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံးဝယ်ယူရောင်းချကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးစွဲမှု အများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များကို အများဆုံးရောင်းချသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုးအစားအလိုက် (၂၄) ပြည်တစ်အိတ် ဈေးနှုန်းများမှာ ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရွှေဘိုပေါ်ဆန်း(သစ်) (၂၄၀၀၀၀)ကျပ်၊ ဧရာမင်း(သစ်)(၁၈၀၀၀၀)ကျပ်၊ မနောသုခ(သစ်) (၉၈၀၀၀)ကျပ်များဖြင့် အရောင်းအဝယ်ရှိကြောင်း သယ်ယူခနှုန်းထားများမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၈၀၀၀) ကျပ်မှ   (၁၀၀၀၀)ကျပ်ရှိကြောင်း ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ   လိုသလောက်သာ မှာယူရောင်းချသောကြောင့် ဆန်သိုလှောင်သော ဆန်ဂိုဒေါင်များမရှိပါကြောင်း၊ အရောင်းဆိုင်များတွင် ရောင်းအားရှိသလောက် ဝယ်ယူရောင်းချနေကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ညောင်ရိပ်သာရပ်ကွက်၊  ပိတောက်လမ်းရှိ အလှကုန်ရောင်းချသည့် လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်

      ၁.၁၀.၂၀၂၆ ရက်နေ့ နေ့လယ် (၁၄း၀၀) နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်၊ မုံရွာခရိုင်ဦးစီးမှူး ဒေါ်မိုးသီတာလင်းမှ ဦးဆောင်၍ မုံရွာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်း (၃)ဦး တို့သည်မုံရွာမြို့နယ်၊ မုံရွာတောင်၊ ညောင်ရိပ်သာရပ်ကွက်၊ ပိတောက်လမ်းရှိ “   Scent Diary Perfume    ” ( စန့် ဒိုင်ယာရီ ပါဖူးမ်) အမည်ဖြင့် အလှကုန် များ လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဖြူးမြို့တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း(MyRO)နှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show ဆောင်ရွက်

                 စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုး (ဒု-ဦးစီးမှူး)သည် (၂၃.၉. ၂၀၂၆)ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနရုံးရှိ  လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆန်စပါးသို လှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ (MyRO) နှင့် ပတ်သက်၍ အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် မြို့နယ်တာဝန်ခံမှ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့်ပါတ်သက်၍ ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါး သိုလှောင်မှု လုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့် နိုင်ငံအနှံ့ရှိ သိုလှောင်ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျ မှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online-MyRO )အား အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုပုံစံဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်အရစီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန်(၂၅) တန်နှင့်အထက် သိုလှောင်ရုံ သို့မဟုတ်စပါးတင်း(၂၅၀၀)နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင် မှတ်ပုံတင်လျှောက်ထား ရမည်ဖြစ်ပြီး မှတ်ပုံတင်လျှောက်ထားပြီးသည့် လုပ်ငန်းရှင်များ အနေဖြင့် လည်း အဆိုပါစနစ်တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်လချုပ် Update စာရင်း ရေးသွင်းခြင်းကို လစဉ် လကုန်ပြီး (၁၀)ရက်အတွင်း မပျက်မကွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆန်စပါးလုပ်ငန်း လုပ်ကိုင် နေသော သူများအနေဖြင့် MyRO တွင် မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်လျှောက်ထားမှုမရှိသည်ကို စိစစ်တွေ့ ရှိပါက စီမံခန့်ခွဲမှု ပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ပါ၍ သတ်မှတ်ထားသည့်ပမာဏများကို သိုလှောင် ထားရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် MyRO တွင် မှတ်ပုံတင်ကြရန်လိုအပ်ပါကြောင်းနှင့် ဆန်စပါးသိုလှောင်ရုံများ  မှတ်ပုံတင်ရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းအဆင့်ဆင့်များ၊ မှတ်ပုံတင်သက်တမ်းကာလနှင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်လချုပ် ထည့်သွင်းရမည့်နည်းလမ်းများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ပဲခူး)

သဲကုန်း(အ.ထ.က)ကျောင်း မုန့်ဈေးတန်းအားကွင်းဆင်းစစ်ဆေးခြင်း

            ပဲခူးတိုင်းဒေသကြီး(အနောက်)၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် (၁၇.၉.၂၀၂၆) ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်တွင် သဲကုန်း (အ.ထ.က)ကျောင်းမုန့်ဈေးတန်းအား သဲကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ သဲကုန်းမြို့နယ်မှ ဒေါ်ဆွေဆွေမွန် (ဦးစီးမှူး)တို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကျောင်းသား/သူများ စားသောက်မည့် အစား အစာများ ဘေးအန္တရာယ်ကင်းရှင်းစေရေး မသန့်ရှင်းသော အသုပ်၊ လက်လုပ်ချဉ်များ၊ ကျန်းမာ ရေးနှင့် မညီညွတ်သော အစားအသောက်များ ရောင်းချမှုမရှိစေရေးအတွက် အစားအသောက်များ ခြင်၊ယင်နားမှုမရှိစေရန် အဖုံးအအုပ်ထားရှိရန်၊ လက်ဆေးခြင်းပြုလုပ်ရန်၊ လက်အိတ်အသုံးပြုရန်၊ ကျန်းမာရေးအရ မက်တပ်ဆင်ရန်၊ အမှိုက်ပုံး၊ အမှိုက်အိတ် ထားရှိရန်၊အသင့်စားမုန့်ထုတ်များ ကုန်အညွှန်းအမှတ်အသားမရှိသော မုန့်များရောင်းချခြင်း မပြုရန် နှင့် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းဈေးရောင်းချသူများ ကျန်းမာရေးစစ်ဆေးမှုပြုနိုင်ရန်နှင့် ဘေးပတ်ဝန်းကျင် သန့်ရှင်းရေးများ ပြုလုပ်ရန်အတွက် အကြံပြုပြီး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်မရောက်မီကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊နတ်တလင်း ခရိုင်ဦးစီး မှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ် အသား များပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်မရောက်မီ ကုန်စည်နှင့်ဈေးကွက်ရောက် ပြီးကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျှက်ရှိရာ နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်တာဝန်ခံဦးဆောင်၍ မြို့နယ်တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံတို့သည် (၁၄.၉.၂၀၂၆) ရက်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် ပေါင်းတည်မြို့၊ အနောက်ညောင်ကုန်းရွာတွင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် ပုဂံသားပဲကြော် လုပ်ငန်းအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           ထိုသို့  ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအကြောင်းအရာများ၊ ပေါင်မုန့်အမျိုးမျိုးတွင် ကုန်စည်များ၏ အမည်၊ အရွယ်အစား၊ အ‌ရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို သိသာထင်ရှားစွာဖော်ပြရန် စီးပွားရေးလုပ်ငန်းရှင်အား အသိပညာ ပေးဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆ခုနှစ်၊ စက်တင်ဘာအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့် စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

         ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းစားသုံးသူရေးရာဦးစီးဌာနများမှ တစ်ဆင့်တင်ပြ လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား တင်ပြလျှောက်ထားမှုနှင့် စပ်လျဉ်း၍ ဌာနမှ မည်သည့်စာရွက်စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်ကျစရိတ် ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်း အသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

       စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီ ကုန်စည်များအားသွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေး ခြင်းများဆောင်ရွက်ရာတွင် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလတွင် မြေပဲဆီသန့်စက်လုပ်ငန်းရှင်၊ ‌သောက်ရေသန့်လုပ်ငန်းရှင်၊ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းရှင်၊ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းရှင်၊ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ဆန်၊ ဆီနှင့် ပဲမျိုးစုံ‌ရောင်းဝယ်‌‌ရေးလုပ်ငန်းရှင်၊  ပဲစိမ်းကြော်လုပ်ငန်းရှင်၊ မုန့်မျိုးစုံလုပ်ငန်းရှင်၊ ပဲခွဲစက်လုပ်ငန်းရှင်၊ စားသောက်ကုန်လုပ်ငန်းရှင်၊ ဆီစက်လုပ်ငန်းရှင်၊ ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်၊ အိန္ဒိယသုံးဘီးအပိုပစ္စည်းလုပ်ငန်းရှင်၊ စလေဘီမုန့်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်နှင့် Perfect-2 Fashion Guitar Shop လုပ်ငန်းရှင်တို့အား တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း (၂၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူခရိုင်အတွင်းရှိ ဈေးဝယ်စင်တာ၊စတိုးဆိုင်များနှင့်ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်း ပြည်ပမှ ထုတ်လုပ်တင်သွင်းသော ကုန်စည်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ/မရှိနှင့် ကုန်အညွှန်း အမှတ် အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖော်ပြခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အတွင်း၌ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးနိုင်ရေးအတွက် တိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၂/၂၀၂၅)၌ ဦးစာပေးကုန်စည်(၁၀)မျိုးအား အတည်ပြု ဆုံးဖြတ်ခဲ့ပါသည်။

              သို့ဖြစ်ရာ (၂၁-၉-၂၀၂၆)ရက်နေ့တွင် တောင်ငူခရိုင်ဦးစီးမှူး နှင့် ဒုတိယခရိုင်ဦးစီးမှူး၊ တောင်ငူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)တို့သည် တိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီ၏ အတည်ပြု ဆုံးဖြတ်ချက်အရ (၉/၂၀၂၆) လတွင် ဦးစားပေး ကုန်စည်ဖြစ်သော ကလေးအဟာရ ဖြည့်စွက်စာ အမျိုးမျိုး အား တောင်ငူခရိုင် အတွင်းရှိ ICON ဈေးဝယ်စင်တာ၊ Win Mart Mini Mart၊ စိန်တိုက် စတိုး၊ ရသာစုံ စတိုး၊ Nant Thar Mart၊ နှင်းဆီနီစတိုးတို့တွင် ရောင်းချလျက်ရှိသော ကလေးအဟာရဖြည့်စွက်စာ အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့် စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

     ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များ၊ စက်ရုံများ၊  ဆေးဝါးမျိုးစုံနှင့် စက်သုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ရာ (၂၄) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၁၀) မျိုးဖြစ်သည့် အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုး၊ အာဟာဖြည့်စွက်စာအမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဟင်းလျာများတွင်အရောင်၊ အနံ၊ အရသာအတွက်အသုံးပြုသောပစ္စည်းအမျိုးမျိုး၊ ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူ နိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/ မရှိ စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)  

ရေတာရှည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

      ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်ရုံးမှ  ဒေါ်ပပလင်း၊ ဒု-ဦးစီးမှူးသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန၊ ဥပဒေရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ရေတာရှည်မြို့အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယင်းနေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ယင်းကျောင်းရှိ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ က ကုန်စည် နှင့် ဝန်ဆောင်မှုများ အကြောင်း၊စားသုံးသူအကြောင်း၊သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွန်းအမှတ် အသား ပြည်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးပြောကြားခြင်း၊ စားသုံးသူများ၏ အခွင့်အရေးများ အကြောင်း၊ကုန်အညွှန်းအမှတ် အသားအရေးပါ ပုံများအား အသိပညာပေး ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ မြို့နယ်တာဝန်ခံ ဒေါ်ပပလင်းက   စားသုံးသူအခွင့်အရေးများ ထိခိုက်နစ်နာ မှုများ ကြုံ တွေ့ရပါက သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဥပဒေရေးရာမှ ဦးစီးအရာရှိ ဦးမျိုးလှိုင်ဝင်း မှ ဥပဒေရေးရာနှင့် ပတ်သက်သည့် ကိစ္စရပ်များနှင့် ယစ်မျိုးဆိုင်ရာများအကြောင်း၊ပြန်/ဆက်မှ ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်မှ ကလေးအလုပ်သမားပပျောက်ရေး အကြောင်းအရာများအား ရှင်းလင်းပြော ကြားခဲ့ကြပါသည်။

          ထို့နောက် အဆိုပါ ပူးပေါင်းအဖွဲ့သည် ကျောင်းမုန့်ဈေးတန်း ရောင်းချသူများအား စားသုံးသူ ကာကွယ်ရေးဥပဒေနှင့် အညီ လုံခြုံစိတ်ချရသော ကုန်ပစ္စည်းများသာ ရောင်းချရန်၊ သက်တမ်း လွန် စားသောက်ကုန်များ မရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောကုန်ပစ္စည်းများကိုသာ ရောင်း ချ ရန်နှင့် သန့်ရှင်းသပ်ရပ်စွာ ရောင်းချရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

             အဆိုပါ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ စုစုပေါင်း (၃၉၀)ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ တက်ရောက်လာသည့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

စစ်ကိုင်းမြို့၊ အောင်သာယာရပ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်သို့ မြေပြင်ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးတို့သည်‌ ဆေးနှင့် ဆေးပစ္စည်းများအား လက်ကားဈေးပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် စစ်ကိုင်းမြို့၊ အောင်သာယာရပ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်ဖြစ်သော “မေတ္တာ” ဆေးဆိုင်အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင်  “မေတ္တာ”ဆေးဆိုင်အနေဖြင့် နေ့စဥ်သုံးနှင့် ရံဖန်ရံခါသုံး ရောင်းချသည့် ဆေးအမယ်ပေါင်း ၁၀၀/၁၅၀ မျိုးခန့်ရှိပြီး ကုမ္ပဏီများမှ ခွဲတမ်းရရှိမှုအပေါ်မူတည်၍ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ အမြတ်တင်ရောင်းချခြင်းများရှိသလို ဆေးကဒ် တစ်ကဒ်အား ၁၀ဝိ/- မှ ၂၀ဝိ/- ထိ အရေအတွက်ပေါ် မူတည်၍သာ အမြတ်ယူရောင်းချကြကြောင်း၊ ကုမ္ပဏီများထံမှ ဝယ်ယူရသည့် ဈေးနှုန်းအပေါ်အခြေပြု၍ ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆေးအရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် တရားဝင်ဆေးဝါးမှတ်ပုံတင် လျှောက်ထားရရှိပြီးသော ဆေးဝါးများကို တင်သွင်းဖြန့်ဖြူးရောင်းချရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ