Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့နယ်စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

       ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ကျိုက် လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ စားသုံးဆီလုပ်ငန်းရှင်များအား (၂၉.၉.၂၀၂၆)ရက်နေ့ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် စားသုံးသူအသိပညာ ပေးဟောပြောခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရန် ညွှန့်ကြားခဲ့ပြီး အဆိုပါဖော်ပြချက်တွင် စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံ လိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အ တွင်း ဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil Cooking Oil)နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြေပဲဆီ၊ နှမ်းဆီ၊နေကြာဆီ၊ စားအုန်းဆီ၊ အဆင့်မြင့် စားအုန်းဆီ စသည့်ဖြင့် အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ဖြစ်သော ပိဿာ/ကျပ် သား တို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပါကြောင်း ဈေးကွက်အတွင်းဖြန့်ဖြူးရာတွင် ဓာတုဗေဒပစ္စည်းများထည့်သွင်းသုံးစွဲခြင်းမပြုရန်၊ ဌာနအနေဖြင့် ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီအရည်အသွေးပြည့်မှီရေး ပြည်သူများကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်း သည့် စားသုံးဆီများကိုသာ ရောင်းချရန်၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးဖြင့် ဝယ်ယူ ရောင်းချပေးရေး တင်သွင်း၊သိုလှောင်၊ဖြန့်ဖြူးခြင်းလုပ်ငန်းကို ထိန်းကြောင်းကြပ်မက်ဆောင်ရွက် လျှက်ရှိပါကြောင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင် (၃၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

စားသုံသူကာကွယ်ရေးအသိပညာပေး TALK SHOW ပြုလုပ်

       ၂၀၂၆ ခုနစ်၊ စက်တင်ဘာလ ( ၂၅ )ရက်နေ့၊ နေ့လည် ( ၁၅ : ၀၀ )နာရီအချိန်တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြန်ကြားရေးနှှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ဇင်မေထက်မှ စားသုံးသူကာကွယ်ရေးအသိပညာပေး TALK SHOW ပြုလုပ်ခဲ့ပါသည်။

          အဆိုပါစားသုံးသူကာကွယ်‌ရေးအသိပညာပေး   TALK SHOW အစီအစဉ်တွင်  စားသုံးသူ ကာကွယ်ရေးဥပဒေပါအခန်း(၆)ပါ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်း ပြောကြားရာတွင် ပြည်တွင်းမှထုတ်လုပ်သော ကုန်စည်များ၊ ပြည်ပမှတင်သွင်းသောကုန်စည်များနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီးကုန်စည်ကို ဘေးအန္တရာယ်ရှိ/ မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးရန် သို့မဟုတ် အသုံးပြုရန်သင့် မသင့်နှင့် ဘေးအန္တရာယ်ရှိ/ မရှိ စောင့်ကြည့်စစ်ဆေးခြင်း အကြောင်းအရာများအား ပြည့်ပြည့်စုံစုံ ရှင်းလင်ပြောကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

             ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊  ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် (၅.၁၀.၂၀၂၆)ရက်နေ့တွင် ပင်းတယမြို့ရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များသို့လည်းကောင်း၊ (၆.၁၀.၂၀၂၆)ရက်နေ့တွင် ရွာငံမြို့ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့လည်းကောင်း ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြ ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိတို့ရရှိသောခွဲတမ်းများကို စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် ရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်း မြှင့်တင် ရောင်းချခြင်းမရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချပေးပါကြောင်းစစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း/ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရောင်းချရမည့် ကျေးရွာများကို လည်းစဉ်ဆက်မပြတ် ရောင်းချပေးနိုင်ပါရန် လက်လီအရောင်းဆိုင်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။  

DOCA(ရှမ်း)                               

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

              (၅.၁၀.၂၀၂၆)ရက်နေ့၊ နံနက်(၁၀၀၀)နာရီမှစတင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်နှင့် ဝန်ထမ်းများသည် အမှတ်(၆)ရပ်ကွက်၊ ကလောမြို့ရှိ ဂျူးဂျူးစားသောက်ကုန် အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းနှင့် လက်မပင်ရပ်ကွက်၊ အောင်ပန်းမြို့ရှိ ယမင်း လက်သည်းတုဖန်စီ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်း (၂)ခုအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်က အွန်လိုင်းစနစ်ဖြင့် ရောင်းချနေ သော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ် ဆေးခြင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအ မှန်တကယ်တည်ရှိခြင်း ရှိ/မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထား သော ကုန်စည်(သို့) ဝန်ဆောင်မှု အမျိုးအစားအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော ကုန်စည်များ ကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များအကြောင်း၊ တရားမဝင်တင်သွင်းလာသော ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါပြစ်မှုူ၊ ပြစ်ဒဏ်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA(ရှမ်း)

 

 

ကျိုင်းတုံမြို့၊ ကတ်ဖကျေးရွာအတွင်းရှိ ကုန်စုံဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး)ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ကတ်ဖကျေးရွာအတွင်းရှိ ကုန်စုံဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်များဆောင်ရွက်ရာတွင် FDA ၏ ထောက်ခံ ချက်များနှင့် မြန်မာစာကုန်အညွှန်းအမှတ်အသားများပါရှိပြီး တရားဝင်တင်သွင်းထားသော စားသောက် ကုန်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ တရားမဝင်တင်သွင်းထားသော စားသောက်ကုန်များကို ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း”နှင့် အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက် စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ DOCA(ရှမ်း)

ကျိုင်းတုံမြို့ရှိ “Smart Link Internet” အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများသို့ ဝန်ဆောင်မှုကိစ္စရပ်များနှင့် ပတ်သက်၍ စားသုံးသူနစ်နာမှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း

             ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး(ဦးစီးမှူး)ဦးစီး၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ စွန်မိုင်ရပ်၊ ရပ်ကွက် (၃)အတွင်းရှိ “Smart Link Internet” အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအား ဝန်ဆောင်မှုကိစ္စရပ်များ နှင့် ပတ်သက်၍ စားသုံးသူနစ်နာမှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။         

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် “Smart Link Internet” အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအနေဖြင့် စားသုံးသူများအပေါ် ဝန်ဆောင်မှုပေးရာတွင် အရည်အသွေး ပြည့်မှီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရေးနှင့် သတင်းအချက်အလက်များအား စားသုံးသူ များသိရှိစေရန် ဗွီနှိုင်းပိုစတာများကပ်၍ ဆောင်ရွက်ထားရန်၊ အစဉ်မပြတ် ဆက်သွယ်၍ အကြောင်း ကြားရန်ပြောကြားခဲ့ပြီး စာချုပ်စာတမ်းများထားရှိရန်နှင့် ဖြစ်ပေါ်လာသော ပြဿနာများအား ဝန်ဆောင်မှုပြည့်ဝစွာပေး၍ ဖြေရှင်းဆောင်ရွက်ရန် Call Center များထားရှိမှု အခြေအနေများကို စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

Online စနစ်ဖြင့်  ရေမွှေးအမျိုးမျိုးရောင်းချသည့် K & K PERFUMES Online Shop လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

         ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး)နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)အတွင်းရှိ Online စနစ်ဖြင့် ရေမွှေးအမျိုးမျိုးရောင်းချသည့် K & K PERFUMES Online Shop လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် Online စနစ်ဖြင့် ရောင်းဝယ်မှု ပြုလုပ်ရာ တွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်၊ အွန်လိုင်းမှတ်ပုံတင်ပြုလုပ်၍ စနစ်တကျဖြန့်ဖြူး ရောင်းဝယ်မှုပြုလုပ်ရန်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါအတိုင်း လိုက်နာဆောင်ရွက် ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

“ရွှေဝက်ဝံ” မက္ကာဒေးမီးယား လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး၊ဒု-ဦးစီးမှူးသည်၂၈-၉-၂၀၂၆ရက်နေ့ နံနက် (၁၁:၂၀)နာရီ အချိန်တွင် “ရွှေဝက်ဝံ” အမှတ်တံဆိပ်ဖြင့် မက္ကာဒေးမီးယာ ထုတ်လုပ် ရောင်းချ သောလုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲရုံးခန်းအတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။ 

         ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCa(မန္တလေး)

“လှိုင်လှိုင်ဝေ” ထိုးမုန့်၊လမုန့် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး၊ဒု-ဦးစီးမှူးသည်၂၈-၉-၂၀၂၆ရက်နေ့ နံနက် (၁၀:၄၀)နာရီ အချိန်တွင် “လှိုင်လှိုင်ဝေ” အမှတ်တံဆိပ်ဖြင့် ထိုးမုန့်နှင့်လမုန့်မျိုးစုံ ထုတ်လုပ် ရောင်းချသောလုပ်ငန်းရှင်အားစားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန် လုံခြုံစိတ်ချရမှုဌာနခွဲရုံးခန်းအတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။   

             ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအချက်အလက်များအား အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။          DOCa(မန္တလေး)

      

ကလေးမြို့၊ သဇင်ရပ်ကွက်အတွင်းရှိ 9 Plus အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

        ( ၁.၁၀.၂၀၂၆ ) ရက်နေ့တွင် ဝန်ဆောင်မှုကဏ္ဍ ( ၃ ) ရပ်အနက် အင်တာနက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်သည့် 9 Plus အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းအား စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သိမ့်သိမ့်ထွန်း ( ဒု−ဦးစီးမှူး ) သည် ဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) များကို အသုံးပြုသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်စေရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးဖြစ်ကြောင်း၊ အင်တာနက် ဝန်ဆောင်ခနှုန်းထားများအား ပွင့်လင်းမြင်သာစွာဖြင့် အများပြည်သူ လွယ်ကူစွာ သိရှိနိုင်စေရေးဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုရှိပါက သုံးစွဲသူများကို ကြိုတင်အသိပေးရန်၊ လိုင်းများပျက်တောက်မှုများ ဖြစ်ပေါ်ပါကလည်း သုံးစွဲသူများ နစ်နာမှုမရှိစေရန်အတွက် ငွေပြန်အမ်းသည့် Refund Policy များ ချမှတ်ဆောင်ရွက်ရေးကိုလည်း စနစ်တကျဆောင်ရွက်ပေးနိုင်ရန်နှင့် အင်တာနက်ဝန်ဆောင်မှု အသုံးပြုသူ ( စားသုံးသူ ) များအနေဖြင့်လည်း စိတ်ကျေနပ်မှုစိတ်စေရန်အတွက် ဆောင်ရွက်မှသာလျှင် သုံးစွဲသူနှင့် ဝန်ဆောင်မှုပေးသူတို့အကြား အငြင်းပွားမှုများ ဖြစ်ပေါ်မှုလျော့နည်းလာကြမည်ဖြစ်ကြောင်း အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ