Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လက်ပံတန်းမြို့တွင်စက်သုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်း

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံဦးကျော်မျိုးထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မီးသတ်ဦးစီးဌာန၊ မြို့နယ်မော်တော်ယာဉ် ကြီးကြပ်ရေးကော်မတီ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် မြို့နယ်အတွင်းစက်သုံးဆီ ရောင်းချလျက်ရှိ

သော အရောင်းဆိုင်များသို့ ကွင်းဆင်းစစ် ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်သတ်မှတ်ဖော်ပြထားသောစျေးနှုန်း အတိုင်း‌ရောင်းချရန်နှင့် အရည်အသွေး ပြည့်မှီသော စက်သုံးဆီများအား အ‌လေးချိန် အချင်အတွယ် မှန်ကန်စွာ ရောင်းချကြရန် စားသုံးသူများနစ်နာမှုမရှိစေရန် မှာကြားခဲ့ပြီး ဆီရောင်းချနေသောဆီပန့် များအား စံအလေးချိန်ချင်တွယ်ခွက်များနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခဲ့ပါသည်။

DOCA(ပဲခူး)

စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

 

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင် သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၈-၁၀-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ အာလဝီကုန်းရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်(၁)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်များနှင့်ပတ်သက် ၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပုဒ်မ၂၁အရ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သော စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ထပ်မံပေးချေရမည့် တန်ဖိုးကို စားသုံးသူက ဝယ်ယူ အသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ် ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြား နည်းလမ်းများဖြင့်ဖြစ်စေ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန် ပြော ဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း စသည့်အချက်များအကြောင်း အခန်း (၁၈) ပုဒ်မ (၄၁) ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်အကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း နှင့် အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊  ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့အား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ကချင်)

 

လက်ပံတန်းမြို့၌ဈေးကွက်စောင့်ကြည့်စစ်ဆေး

                    စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌   ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင်  လမ်းမတော်(၂)လမ်း ဦးတင်ဦးမုန့်မျိုးစုံ ရောင်းဝယ်ရေးအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်မှူး ဒေါ်ခိုင်ခိုင်ရီနှင့်ဝန်ထမ်းများပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန် ရှင်းလင်းသော သတင်းအချက်အလက်များသိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့် ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်‌ဝေခြင်း ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်ဖြူသွယ်လင်း ဦးဆောင် သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၈-၁၀-၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ စည်ပင်သာယာဈေး(၁)ရှိ ဒေါ်ဆန်းမြင့် (ကုန်စုံဆိုင်) သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ “XoXo”  အမှတ်တံဆိပ်ပါ ကြက်သားအရသာဆီချက် ခေါက်ဆွဲအစပ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာ ဘာသာဖြင့် ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်တို့ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချ ခြင်းမပြုရန်နှင့် ဆင်တူရိုးမှား အတုအပအမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် (ရုံးအုပ်) ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၈-၁၀-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်ရှိ ဒေါ်မာလာ(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက် ၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “ONE TEA” အမှတ်တံဆိပ်ပါ နို့ဆီတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) အရ ကုန်စည် အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု မရှိသည့်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်း မပြုလုပ်ရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ် တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

  လက်ပံတန်းမြို့နယ်ရှိ မုန့်မျိုးစုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင်ရုံး အစည်းအဝေးခန်းမ၌ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၆ရက်နေ့ နံနက် (၉:၃၀)နာရီ အချိန်တွင် သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်း၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီ၊ လက်ပံတန်းမြို့နယ်  တာဝန်ခံ ဦးကျော်မျိုးထွန်းတို့သည် မုန့်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင် ၃၆ ဦးနှင့် တွေ့ဆုံ၍ အသိပညာပေး  ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးမှ ဈေးကွက်အတွင်း ကုန်ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူးရာတွင် စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသား‌ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူး ရောင်းချရန်၊ ကုန်စည်၏ အရည် အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံး ရက်စွဲများ၊ ထားသိုသိမ်း ဆည်းမှု အညွှန်း၊ သုံးစွဲ ပုံနည်း လမ်းများ ပြည့်စုံစွာရေးသားဖော်ပြ၍ ရောင်းချရန်နှင့် ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် (ရုံးအုပ်) ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၆-၁၀-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ ထက် (ဆန်နှင့်ဆီရောင်းဝယ်ရေး) သို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “ရွှေအုံ” အမှတ်တံဆိပ်ပါ မြေပဲဆီသန့်တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး  လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ညောင်လေးပင်မြို့နယ်အတွင်းရှိ Consumer Packaging ဆန်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

               စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင် လေးပင်ခရိုင်ဦးစီးမှူးရုံးသည် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဆန်စက်နှင့် သိုလှောင်ရုံကိစ္စရပ်များ၊ ဆန်ဈေးနှုန်းတည်ငြိမ်စေရေးကိစ္စရပ်များကို အားကြိုးမာန်တက် လုပ် ဆောင်လျက်ရှိရာ ၂၄.၉.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဒေါ်ရွှန်းလဲ့ခင်အောင်၊ ဒေါ်စန္ဒာဦးနှင့် ဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့နယ်ရှိ Super Market, Mini Market , နှင့် ဆန်အရောင်းဆိုင်များတွင် Consumer Packaging ဆန်များအား ဈေးနှုန်း မြှင့်တင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

               ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဒေါ်ရွှန်းလဲ့ခင်အောင်၊ ဒေါ်စန္ဒာဦး နှင့် ဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့၊ မြို့မ (၃) ရပ်ကွက်ရှိ Capital Super Market အား စစ်ဆေးခဲ့ရာ အငယ်တန်းစာရေး ဦးနေမျိုးဝင်းက စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် (နေပြည်တော်) မှ အမိန့်ပေး ညွှန်ကြားချက်အရ လာရောက်စစ်ဆေးခြင်းဖြစ်ကြောင်း၊  Consumer Packaging ဖြင့် ထုပ်ပိုးရောင်းချနေသော ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းဆန်များအား မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သတ်မှတ်ထားသော သင့်တင့်မျှတသော ဈေးနှုန်း( Resonable Mraket Price) များအတိုင်းသာ ရောင်းချကြရန် အသိပညာပေး စစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် Capital Super Market ၌ ဧရာဝတီပေါ်ဆန်း အားဖြည့်ဆန် (2kg) အိတ်တစ်အိတ်လျှင် (၈၇၀၀) ကျပ်၊ (5kg) အိတ်တစ်အိတ်လျှင် (၂၁၇၀၀) ကျပ်၊ မြောင်းမြပေါ်ဆန်းမွှေးဆန် (5kg) အိတ် တစ်အိတ်လျှင် (၁၈၂၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စစ်ဆေးရေးမှူး များ၏ လုပ်ငန်းတာဝန်များအကြောင်း အသိပညာပေး (Talk Show) ဟောပြော

            ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၁၄.၉.၂၀၂၆ ရက်နေ့၌ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် ဒိုက်ဦး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စစ်ဆေးရေးမှူးများ၏ လုပ်ငန်းတာဝန်များအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

              မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဒိုက်ဦးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  တာဝန်ရှိ သူနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ (၂၀၁၉)ပါ ပြဌာန်းချက် များမှ စစ်ဆေးရေးမှူးများ၏ လုပ်ငန်းတာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေကို (၂၀၁၉) ခုနှစ်၊ မတ်လ (၁၅) ရက်တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၉/ ၂၀၁၉) ဖြင့် ပြဋ္ဌာန်း ခဲ့ပြီး စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ စစ်ဆေးရေးမှူးများ၏ လုပ်ငန်းတာဝန် (၁၁) ချက်ရှိကြောင်း၊ စစ်ဆေးရေးမှူး များ၏ လုပ်ပိုင်ခွင့် အကြောင်းအရာများအား အသေးစိတ်ဟောပြော ရှင်းလင်းခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့နယ်၊ မြို့မ (၂) ရပ်ကွက်၊ အောင်ချမ်းသာလမ်းရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

                 ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၂.၉.၂၀၂၆ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် ဒိုက်ဦး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဒိုက်ဦးမြို့နယ်၊ မြို့မ (၂) ရပ်ကွက်၊ အောင်ချမ်းသာလမ်းရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

              ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ဒိုက်ဦးမြို့နယ်၊ မြို့မ (၂) ရပ်ကွက်၊ အောင်ချမ်းသာလမ်းရှိ (အလက) ခွဲကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ အချက်အလက်များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံးသူ ပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြ ချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ (၁၀) ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၁၀၀ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ