Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘိုက‌လေးမြို့နယ်ရှိ “ဟိန်းသူရ” ဆန်ဆိုင် သို့ ဆန်လက်ကျန်ကွင်းဆင်းစာရင်းကောက်ယူ

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၃၀.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၀: ၀၀) ဘိုက‌လေးမြို့နယ်ရှိ “ဟိန်းသူရ” ဆန်ဆိုင် သို့ ဆန်လက်ကျန်စာရင်း ကွင်းဆင်းကောက်ယူခဲ့ပါသည်။

          မြို့နယ်တာဝန်ခံက Myro တွင် စပါး တင်း(၂၅၀၀) ၊ဆန်အိတ်(၅၀၀) နှင့်အထက်သိုလှောင်ထားရှိပါက မှတ်ပုံတင်ထားရှိရမည်ဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ဆန်/စပါးလက်ကျန်များအား စာရင်းကောက်ယူ၍ စိစစ်တင်ပြရကြောင်း၊ My ro တွင် ဖြည့်သွင်းထားရှိသည့် စာရင်းနှင့် မြေပြင်လက်ကျန်အမှန်တို့ကို စာရင်းသွင်းကောက်ယူ ကွင်းဆင်းစိစစ်လျက်ရှိကြောင်း ဆွေးနွေးပြောဆိုခဲ့မှုအပေါ်သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့ပေါ်ရှိ မြေပြင်ဆန်/စပါး လက်ကျန်စာရင်းများ တိကျမှန်ကန်မှုရှိစေရေး ကွင်းဆင်းစိစစ်

           ကျိုက်လတ်မြို့နယ်အတွင်း ဆန်/စပါး လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဖြင့် မြို့နယ်အတွင်း စပါးဝယ်ယူသိုလှောင်ကြိတ်ခွဲရောင်းချသည့် လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး မလိုလားအပ်သော အဟန့်အတားများ ကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် ဒေသတစ်ခုမှ တစ်ခုသို့ စပါးနှင့် ဆန်ထွက်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ကြိုတင်ခွင့်ပြုချက် ရယူဆောင်ရွက်ရန်နှင့် သတင်းပို့စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့်အတူ (၃၀.၁၀.၂၀၂၅) နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် ကျိုက်လတ် မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ဆန်၊ဆန်ကွဲများ တင်ပို့မည့် “စွယ်စုံသာလွန်”သင်္ဘောအား ရေယာဉ်ပိုင်ရှင်အသင်းမှထုတ်ပေးသော ဝါ၊စိမ်း၊ပြာကိုဒေသအတွင်းစီးဝင်/စီးထွက်ကိန်းဂဏန်းအချက်အလက်များမှန်ကန်စွာရရှိနိုင်ရေးအတွက် ကုန်ပို့လွှာစနစ်ဖြင့် စာရင်းကောက်ယူ ကွင်းဆင်း စိစစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့ရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်း

              ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၃၀.၁၀.၂၀၂၅)ရက်နေ့(၁၁:၀၀)နာရီ အချိန်တွင် ကျိုက်လတ်မြို့အောင်မြင့်မိုရ်ဈေးရှိ “ထွန်းပြည့်စုံ” ဆန်ဆိုင်တွင်ရောင်းချနေသောဆန်များ၏ဈေးနှုန်းဈေးကွက်အခြေအနေ၊ဆန်လက်ကျန်အခြေအနေ တို့ကို ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်“ထွန်းပြည့်စုံ”ဆန်ဆိုင်တွင် ရောင်းချနေသော ဆန်များကိုသတ်မှတ်ထားသောရည်ညွှန်းဈေးဖြင့် ရောင်းချနေကြောင်းနှင့်ဆန်လက်ကျန်များကို စီစစ်ကောက် ယူခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(Doca ဧရာဝတီ)

Oline Sale ရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန ဘိုကလေးမြို့နယ်တာဝန်ခံနှင် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ(၃၀)ရက်နေ့ နံနက် (၁၁ : ၀၀ )နာရီ အချိန်တွင် မြို့နယ်တာဝန်ခံ ရုံးတွင် Oline Sale ရောင်းချသူ လုပ်ငန်းရှင် များအားစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုဟောပြောပွဲတွင် QR code ရှိသူ Oline Sale လုပ်ငန်းရှင်များအား Oline ကိစ္စအသိပညာ ပေးရာတွင် အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ကြောင်းကို အမိန်ကြော်ညာစာအမှတ် ၅၀/၂၀၂၃ နှင့်မိန်ကြော်ညာစာအမှတ် (၅၁/၂၀၂၃) တို့အရသတ်မှတ်ပြဠာန်းခဲ့ပြီးဖြစ်သကဲ့သို့ Oline စနစ်ဖြင့် ရောင်းချသည့်လုပ်ငန်း Oline Sale များနှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်းနှင့် အရေးယူဆောင်ရွက် မည့် လုပ်ငန်းစီမံချက် (SOP) တို့လည်းသတ်မှတ်ပြဠာန်းပြီးဖြစ်ကြောင်း သတိပေးပြောကြားပြီး စား သုံးသူအခွင့်အရေးနှင့်တာဝန်များမှာ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို ရွေးခြယ်ဝယ်ယူအသုံးပြုရာ တွင်လိုအပ်သောသတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့်ပြေစာ(သို့) အထောက် အထား ရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍စားသုံးသူစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိှိာင်းအသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(Doca ဧရာဝတီ)

 

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို(Virtual)စနစ်ဖြင့် တက်ရောက်

      ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၃၀ ရက်နေ့၊  မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်သည့် ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေးသင်တန်း(Thusday Talk)အခမ်းအနားသို့ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာန အမှုထမ်းများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

          အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (Thusday Talk)ဖွင့်ပွဲအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဇင်မာဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲမှ ဦးစီးမှူး ဒေါ်စန်းစန်းဝေက  စစ်ဆေးရေးအရာရှိ ခန့်အပ် တာဝန်ပေးအပ်ခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသား အ ကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အချက်(၇)ချက်အကြောင်း နှင့် ကုန်အညွှန်းအမှတ်အသား လျှောက်ထားရာတွင် အတည်ပြုပေးခြင်းအကြောင်း တို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပြီး တိုင်း/ခရိုင်/မြို့နယ်များ၏ မေးမြန်းချက်များရှိပါက မေးမြန်းနိုင်ပါကြောင်း နှင့် နိဂုံးချုပ်အမှာစကား အနေဖြင့် ဝန်ထမ်းများအနေဖြင့် လုပ်ခွင်ပျော်၍ လုပ်ငန်းတော်သော ဝန်ထမ်းကောင်းများ ဖြစ်နိုင်ကြ ပါစေလို့ ဆုတောင်းအမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (Thusday Talk)အခမ်းအနားအောင်မြင်စွာ ပြီး မြောက်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

                                                     

ဘိုကလေးမြို့နယ် သဇင်ကုန်းကျေးရွာနှင့် ညီနောင်ဝကျေးရွာအုပ်စုရှိ အိမ်ထောင်စုများသို့ ဆီစာအုပ် များ ခွဲဝေဖြန့်ဖြူး

         စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သဇင်ကုန်းကျေးရွာ နှင့် ညီနောင်ဝကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ စားအုန်းဆီ ဝယ်ယူခွင့်စာအုပ် (၁၂၀၀) အုပ်အား ခွဲဝေဖြန့်ဖြူးပေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက အုပ်ချုပ်ရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များအား သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အများပြည်သူ များလက်ဝယ်သို့ ဆီစာအုပ်များကို စနစ်တကျ ဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ဖြင့် “ဆေးဝါး” အရောင်း ဆိုင်များအား ကွင်းဆင်းစိစစ် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်တွင် (၃၀.၁၀.၂၀၂၅) နေ့တွင် မြို့နယ်စီမံခန့်ခွဲရေး အုပ်ချုပ်ရေး ကော်မတီ၊ စားသုံးသူရေးရာဦးစီးဌ

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်တွင် (၃၀.၁၀.၂၀၂၅) နေ့တွင် မြို့နယ်စီမံခန့်ခွဲရေး အုပ်ချုပ်ရေး ကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ အခွန်ဦးစီးဌာနတို့ပါဝင်သော တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့နှင့်အတူ “ဆေးဝါး” အရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ကုန်စည်နှင့် ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးနိုင်ရေးအတွက် ကျိုက်လတ်မြို့ပေါ်ရှိ ဆေးဝါး အရောင်းဆိုင် များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆေးဝါးများကို ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မရှိကြောင်း နှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း ကွင်းဆင်းစိစစ် ခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့ရှိ ဆန်ဆိုင်များအားကွင်းဆင်းစိစစ်

       ကျိုက်လတ်မြို့ “အောင်မြင့်မိုရ်” ဈေးရှိ “ဖိုးသာထူး” ဆန်ဆိုင်တွင် သတ်မှတ် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ နှင့် ဆန်လက်ကျန် အခြေအနေတို့ကို စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းတို့သည် (၃၀.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကွင်းဆင်းစိစစ်ခဲ့ကြပါ သည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ပြည်တွင်းစားသုံးဆန်များကို ဈေးကွက်အတွင်း သင့်တင့် မျှတသော ဈေးနှုန်းဖြင့် ရောင်းချစေရေး၊ သက်ဆိုင်ရာဌာနမှ ညွှန်ကြားချက်အတိုင်း ဆန်အမျိုးအစားအလိုက် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေမှုအခြေအနေ၊ မြေပြင် ဆန်လက်ကျန် အခြေအနေတို့အား စာရင်းကောက်ယူခြင်းများ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ရွှေပြည်သာမြို့နယ်ရှိ City Mart ဆန်အရောင်းကောင်တာသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် (၃၁.၁၀.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် အမှတ်(၄၂/ အေ၊ ၂၅၀/၂၅၁)၊ အမှတ်(၄)လမ်းမကြီး၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ်ရှိ City Mart ဆန်အရောင်းကောင်တာသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေး၊ ဆန်ဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးတို့အတွက် စားသုံးသူရေးရာ ဦးစီးဌာနမှ ဆန်ဈေးနှုန်းများအား သင့်တင့်မျှတသောဈေးနှုန်းဖြင့် လစဉ်ထုတ်ပြန်ပေးလျက်ရှိရာ ရောင်းချနေသော ဆန်အမျိုးအစား၊ အမှတ်တံဆိပ်တို့၏ (kg)၊ ဈေးနှုန်းများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိစစ်ဆေးခြင်းနှင့် ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း တာဝန်ခံအား အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Nilar Yoma စက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၃၁.၁၀.၂၀၂၅) ရက်နေ့ နေ့ယ် (၁၃:၃၀) နာရီအချိန်တွင် ဦးပိုင်အမှတ်(၇၉/ဃ) + ၄၀/ဟ၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ Nilar Yoma စက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       Nilar Yoma စက်သုံးဆီဆိုင်မှ တာဝန်ခံ ဦးဝင်းမော်ဦးမှ ပူးပေါင်းပါဝင်လျက် မြန်မာနိုင်ငံစက် သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စက်သုံးဆီရည်ညွှန်းဈေးအတိုင်း LED ဘုတ်ဖြင့် ရောင်းချပေးလျက်ရှိကာ၊ ရောင်းချဆီအမျိုးအစား၏ ဈေးနှုန်း၊ ဆီဘောက်ဆာကားဝင်ရောက်မှုနှင့် ဆီလက်ကျန်အခြေအနေများကို သက်ဆိုင်ရာဌာနများသို့ နေ့စဉ်စာရင်းပေးပို့လျက်ရှိပြီး စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92)တစ်လီတာလျှင် (၂၇၀၅) ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၈၀၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၄၅၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင် (၂၉၉၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ