ကလေးမြို့ပေါ်ရှိ အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

( ၁.၁၀.၂၀၂၆ ) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) မှ ဦးဆောင်၍ စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းကာ ကလေးမြို့ပေါ်ရှိ အိမ်သုံးလျှပ်စစ်နှင့် အီဘက်ထရောနစ် အရောင်းဆိုင် ( ၆ ) ဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပြည်တွင်း၌ ရေခဲသေတ္တာများ ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချလျက်ရှိကြောင်း၊ အထူးသဖြင့် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ရေခဲသေတ္တာများသည် ထိုင်းနိုင်ငံ အရောင်းဈေးထက် ပြည်တွင်းဈေးကွက်တွင် ၂ဆခန့် မြှင့်တင်ရောင်းချနေကြောင်း Media များတွင် ဖော်ပြနေမှုနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ကလေးမြို့ပေါ်ရှိ အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ်အရောင်းဆိုင်များတွင် ရောင်းချနေသည့် ရေခဲသေတ္တာများအနေဖြင့် ယခင်က ဝယ်ယူရောင်းချလျက်ရှိသော လက်ကျန်ပစ္စည်းများဖြစ်ပြီး ယခုအခါ ရေခဲသေတ္တာများ မှာယူရောင်းချ ရန်အခက်အခဲများရှိသောကြောင့် အသစ်မှာယူရောင်းချခြင်းများမရှိဘဲ လက်ကျန်ပစ္စည်းများကိုသာ ဈေးနှုန်းကြီးမြှင့်၍ ရောင်းချမှုမရှိပါကြောင်း အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) သည် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ရှင်းလင်းပြောကြား ပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)









