Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

P2P POS Supplier Online  Shop အား မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည်(၈.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၆၇၂)၊ မဂ္ဂ လမ်း၊ (၁၂)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်သို့သွားရောက်၍ P2P POS Supplier Online  Shopမှအီလက်ထရောနစ်ပစ္စည်းများအား မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် စစ်ဆေးရေးအရာရှိကOnlineစနစ်ဖြင့် ရောင်းချနေသောအ‌ရောင်း ဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန် တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန်တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်စစ်ဆေးရ မည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/ မရှိကိုစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်း မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတက်ရောက်

  စားသုံသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဝန်ထမ်းများ အနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများ၊ စံလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်စေရေး၊ အွန်းလိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း ၍ အသိပညာပေးသင်တန်းအား (၄.၁၂.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်မှ တာဝန်ရှိသူများက သင်တန်းပို့ချဆွေးနွေးခဲ့ရာ မြင်းခြံ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။

   သင်တန်းတွင် သင်တန်းဆရာမများမှ အွန်လိုင်းစနစ်ဝင်ရောက်အသုံးပြုပုံများနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကုန်စည်အမျိုးအစားအလိုက် အုပ်စု(၈)အုပ်စု၏ အသေးစိတ် ဖော်ပြရမည့် အချက်များအားအသေးစိတ်ရှင်းလင်းပို့ချခဲ့ပြီး သင်တန်းသားများမှ သိရှိလိုသည့်အချက်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူသင်တန်းဆရာမများက ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်ရှိ MyRO သိုလှောင်ရုံပိုင်ရှင်မှ လစဉ် ရ/ထုတ်/ကျန် စာရင်းများရေးသွင်းရေး လာရောက်ဆောင်ရွက်

   မြန်မာဆန်စပါးအွန်လိုင်း(My RO)ကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို စာရင်း မှန်ကန်စွာ ထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ်ပမာဏများအား သိုလှောင်ထားရှိသော ဆန်စပါး လုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးတို့အား မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ (၄.၁၂.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၅:၃၀ နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ‘‘ပြည့်လျှံ’’ ဆန်ရောင်းဝယ်ရေးဆိုင်မှ ခရိုင်ဦးစီးမှူးရုံးသို့လာရောက်၍ လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့ အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား ထည့်သွင်းခြင်းလုပ်ငန်းများအား ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က ရှင်းလင်းသင်ကြားပြသ၍ စာရင်းရေးသွင်းခြင်းများ ကို ဆောင်ရွက် ပေးခဲ့ပြီး ရေးသွင်းသည့်ကုန်စည်စာရင်းများနှင့် မြေပြင်စာရင်းများမှန်ကန်စွာရှိစေရေး လစဉ်ကွင်းဆင်း၍ ကြီးကြပ်စစ်ဆေး မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ My ROနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအား ဆန်စပါးလုပ်ငန်းရှင်များနှင့်တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာခရိုင် အလိုက် My RO Viber Group ဖွဲ့၍ ဆောင်ရွက်ထားရှိပြီး အခက်အခဲများရှိပါက လာရောက်မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်း၊ ညွှန်ကြားချက်များကိုလည်း လိုက်နာကြရန်နှင့် လိုက်နာမှုမရှိသော လုပ်ငန်း ပိုင်ရှင်များအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းများရှိကြောင်း အသိပေးဆွေးနွေး မှုများဆောင် ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းများ My RO တွင်မှတ်ပုံတင်နိုင်ရေးကွင်းဆင်းဆောင်ရွက်

     မြန်မာဆန်စပါးအွန်လိုင်း(My RO)ကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆန်တန်ချိန် (၂၅)တန်နှင့်အထက် သိုမဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူ သည်(My RO)တွင် ဆန်သိုလှောင်ရုံမှတ်ပုံခြင်းလုပ်ငန်းဆောင်ရွက်စေနိုင်ရေးအတွက် အသိပညာပေး ခြင်း၊ ကွင်းဆင်းစိစစ်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ (၁.၁၂.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံနှင့်ဝန်ထမ်းများသည် ညောင်ဦးမြို့ အမှတ်(၄)နယ်မြေရှိ  ဆန်ရောင်းဝယ်ရေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင် များအနေဖြင့် My RO နှင့်ပတ်သက်၍ ညွှန်ကြားချက်များကိုသိရှိလိုက်နာစေရေး အသိပညာပေးဆွေးနွေး၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

 DOCA(မန္တလေး)   

ညောင်ဦးမြို့၊ တက်သိမ်းအမှတ်-၆ အ.လ.ကကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

   မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ တက်သိမ်းအမှတ်-၆ အခြေခံပညာအလယ်တန်းကျောင်း ၌(၂.၁၂.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံသည် ကျောင်းရှိဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအားအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်း အမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲကြရန် နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန် ကုန်စည်နမူနာများတွင်ပါရှိသော ကုန်အညွှန်းအမှတ်အသားများအား ပြသရှင်း လင်းခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ပါကြောင်းနှင့် Call Center နံပါတ်-1535 သို့ လက်တွေ့ခေါ်ဆိုစေခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူများမှ ဟောပြောဆွေးနွေးမှုနှင့်ပတ်သက် ၍ သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းဆွေးနွေးရာ ခရိုင်တာဝန်ခံမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ(၁၅) ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၇၀)ဦး၊ စုစုပေါင်း (၁၈၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့ရှိ ဧကရီ အာလူးကြော်လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံ

  စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံဒေါ်မြသန္တာထွန်း၊ ဒု-ဦးစီးမှူး သည် ၃.၁၂.၂၀၂၅ ရက်နေ့၊ နေ့လည်(၁၅:၀၀)အချိန်တွင် ကျောက်ပန်း တောင်းမြို့၊ ဘူတာရပ်ကွက်ရှိ ဧကရီ အာလူးကြော်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်မှ ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ လာရောက် တွေ့ဆုံရာ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ် လိုက်၍ လိုအပ်သည့်အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ချိုသာ ကြက်သွန်ကြော်လုပ်ငန်းအားဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊  မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံမြို့ရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီ ထုတ်လုပ်နိုင်စေ ရေးအတွက်ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ (၃.၁၂.၂၀၂၅  ရက်နေ့၊ နေ့လည် (၁၄:၃၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ စက်မှုဇုန်ရှိ ချိုသာအမှတ်တံဆိပ် ကြက်သွန်ကြော် လုပ်ငန်းခွင်သို့ကွင်းဆင်းခဲ့ပါသည်။

           ဒေသတွင်း MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာ သုံးစွဲမှုရှိ/မရှိ၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေး ကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာရေးနှင့် ညီညွတ်ရန် အထူးအလေးထား လုပ်ဆောင်ရမည့်အချက်များ၊ ကုန်စည်နှင့် သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံမှန်ကန်မှုရှိရန်၊ စားသုံး သူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များ ကိုလည်း လိုက်နာဆောင်ရွက်ရန်တို့အတွက် ဈေးကွက်မရောက်မီ ကုန်စည်များအား လုပ်ငန်းခွင်များသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး ဆက်လက်၍လည်း ဒေသအတွင်းရှိ MSME လုပ်ငန်းခွင်များသို့ စဉ်ဆက်မပြတ် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

DOCA(မန္တလေး)

KZH စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

     ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး)သည် (၅.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၅၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်(KZH)စက်သုံးဆီအ ရောင်းဆိုင်သို့သွားရောက်၍  ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင်  စက်သုံးဆီအရောင်းဆိုင်များ၏ ယနေ့ရောင်းဈေး တစ်လီတာလျှင် (92-၂၅၂၅ ကျပ်)၊ (95-၂၆၁၀ကျပ်)၊ (HSD-၂၃၃၀ကျပ်)၊ (PHSD-၂၈၀၅ကျပ်) တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီရောင်း ချမှုအခြေအနေများ၊ စက်သုံးဆီဈေး နှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ်မှန်ကန်မှု ရှိ/မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေ များနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေ ရေးအသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျောက်ပန်းတောင်းမြို့ရှိ ဧကရီ အာလူးကြော်လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံ

   စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း၊ ဒု-ဦးစီးမှူးသည် ၃.၁၂.၂၀၂၅ ရက်နေ့၊ နေ့လည်(၁၅:၀၀)အချိန်တွင် ကျောက်ပန်းတောင်းမြို့၊ ဘူတာရပ်ကွက်ရှိ ဧကရီ အာလူးကြော်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်မှ ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ လာရောက် တွေ့ဆုံရာ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          စီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ် လိုက်၍ လိုအပ်သည့်အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ချိုသာ ကြက်သွန်ကြော်လုပ်ငန်းအားဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊  မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံမြို့ရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီ ထုတ်လုပ်နိုင်စေ ရေးအတွက်ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ (၃.၁၂.၂၀၂၅  ရက်နေ့၊ နေ့လည် (၁၄:၃၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ စက်မှုဇုန်ရှိ ချိုသာအမှတ်တံဆိပ် ကြက်သွန်ကြော် လုပ်ငန်းခွင်သို့ကွင်းဆင်းခဲ့ပါသည်။

      ဒေသတွင်း MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာ သုံးစွဲမှုရှိ/မရှိ၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေး ကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာရေးနှင့် ညီညွတ်ရန် အထူးအလေးထား လုပ်ဆောင်ရမည့်အချက်များ၊ ကုန်စည်နှင့် သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံမှန်ကန်မှုရှိရန်၊ စားသုံး သူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များ ကိုလည်း လိုက်နာဆောင်ရွက်ရန်တို့အတွက် ဈေးကွက်မရောက်မီ ကုန်စည်များအား လုပ်ငန်းခွင်များသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး ဆက်လက်၍လည်း ဒေသအတွင်းရှိ MSME လုပ်ငန်းခွင်များသို့ စဉ်ဆက်မပြတ် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ