Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာယာဝတီခရိုင်၊လက်ပံတန်းမြို့တွင်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ဈေးကွက် စောင့်ကြည့်စစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် (၉:၃၀)နာရီ အချိန်တွင် မြို့မဈေးအတွင်းရှိ နွယ်နွယ် ကုန်မျိုးစုံနှင့် ရောင်းဝယ်ရေးဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ  ပြည်စုံစွာ ဖော်ပြ ခြင်း ရှိ/မရှိ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်း၊ မြို့နယ်တာဝန်ခံဦးကျော်မျိုးထွန်း၊ စည်ပင်သာယာရေး အဖွဲ့၊ နှင့် ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများတိကျမှန် ကန်ရှင်း လင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊  စိတ်ကျေ နပ်မှုရှိ စေရန် အတွက်အာမခံချက် ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည် ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ကျိုက်မရောမြို့နယ်၊ အထရံရပ်ကွက် (အ.လ.က) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

 

၉.၁၀.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုုက်မရောမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ကျိုက်မရောမြို့နယ်၊ အထရံရပ်ကွက် (အ.လ.က) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးမင်းနောင်မှ စားသုံးသူကာကွယ်ရေး ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာပြဋ္ဌာန်းချက်များ၊ Consumer Call Center အကြောင်းအရာများနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ အကြောင်းအရာများအား www.doca.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း၊ စားသုံးသူနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်မှုနှင့် ဖြေရှင်းဆောင်ရွက် ပေးနေမှု အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများမှ သိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ (၆) ဦး၊ ကျောင်းသား/ကျောင်းသူ (၁၂၀) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့နယ်ရှိ (My RO) တွင် မှတ်ပုံတင်ထားသော ဆန်စပါးသိုလှောင်ရုံများအား ကွင်းဆင်းခြင်းဆောင်ရွက်

 

၉.၁၀.၂၀၂၆ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မွန်ပြည်နယ် ဆန်ကုန်သည်အသင်းနှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်း (My RO) တွင် မှတ်ပုံတင်ထားသော ဆန်စပါး သိုလှောင်ရုံများအား ကွင်းဆင်းခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လက်ရှိ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများ၊ ဆန်စပါးလက်ကျန် အခြေအနေများအား မေးမြန်းစုံစမ်းခဲ့ပြီး MyRO တွင် ကုန်ရ၊ ကုန်ထုတ် နှင့် ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း (၁) ရက်နေ့မှ (၁၀) ရက်နေ့အတွင်း အချိန် မီပြည့်စုံမှန်ကန်စွာ မပျက်မကွက် ရေးသွင်းကြရန် အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့် MyRO ၌ လစဉ်စာရင်းများ စနစ်တကျ ရေးသွင်းခြင်းဖြင့် ဆန်စပါးသိုလှောင်မှုနှင့် ဖြန့်ဖြူးမှု အခြေအနေများကို တိကျ မှန်ကန်စွာ စောင့်ကြည့်နိုင်မည်ဖြစ်ကြေင်း ရှင်းလင်းပြောကြားခဲ့ပြီး ကွင်းဆင်းအသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

                                                                                                  DOCA (မွန်)

မော်လမြိုင်ခရိုင်ဦးစီးမှူးသည် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

 

၉.၁၀.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းတို့သည် မော်လမြိုင်မြို့နယ်၊ ဘိုကုန်းရပ်ကွက်ရှိ “Ei Clothing” အွန်လိုင်းလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကိတ်မုန့်၊ ပေါင်မုန့်များထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များနှင့်‌တွေ့ဆုံဆွေးနွေးခဲ့ခြင်း

 

               ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ( ၉ )ရက်နေ့၊ ( ၁၄:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်း၌ လွိုင်ကော်မြို့ပေါ်ရှိ ကိတ်မုန့်၊ ပေါင်မုန့်  ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်  မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့ရာ မိတ်ဖက်ဌာနဆိုင်ရာဝန်ထမ်း( ၂ )ဦးနှင့် လုပ်ငန်းရှင် ( ၁၄ )ဦး တက်ရောက်ခဲ့ပါသည်။             ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန့်ဦး( ပြည်နယ်ဦးစီးမှူး )က ကိတ်မုန့်၊ ပေါင်မုန့်များထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြရန်လို အပ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်ထားသော ကိတ်မုန့်၊ ပေါင်မုန့်များ အား စားသုံးသူများစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာန တွင် တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက် ညီမှုရှိမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သတ်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ကုန်စည်တွင်‌‌‌‌ဖော်ပြရာ၌ ထပ်ပိုးလွှာ၊ ထပ်ပိုးကပ်လွှာ( Sticker ) ဖြင့် ကပ်နှိပ်ဖော်ပြရန် သီးခြားခွင့်ပြုထားခြင်းမရှိကြောင်း၊ ကုန်စည်တွင်တိုက်ရိုက်ရိုက်နှိပ်ခြင်း သို့မဟုတ် ပုံသွင်းခြင်းဖြင့်သာဖော်ပြရန်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်အထိ အသိ ပညာပေးကာလအဖြစ်သတ်မှတ်ထားကြောင်း၊ နိုဝင်ဘာလ ၃၀ ရက်နောက်ပိုင်းတွင် လိုက်နာဆောင်ရွက် ရန်အားနည်းသော သို့မဟုတ် လိုက်နာရန်ပျက်ကွက်သော ကုန်စည်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်ကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အစိုးရဌာနများကဖော်ပြရန် သတ်မှတ်ထားသောအချက်အလက်များ ထည့်သွင်းသွားရန် လိုအပ်ကြောင်း  အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မုန့်ဖိုလုပ်ငန်းရှင်များမှ သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများအနေဖြင့် ပြန်လည်ဖြေကြားခဲ့ပြီး  တွေ့ဆုံဆွေးနွေးပွဲအား ( ၁၅:၃၀ ) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့‌ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်ခဲ့ခြင်း

 

                       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဦးကျော်ဇင်ထွေး(ဒု-ဦးစီးမှူး) ဦးဆောင်သော ဝန်ထမ်း ( ၁ )ဦးသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ( ၉ )ရက်နေ့ (၁၀:၀၀)နာရီ အချိန်တွင် လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေး အသိပညာပေး  Talk Show ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်ရာတွင် ဦးကျော်ဇင်ထွေး (ဒု-ဦးစီးမှူး)သည် ဖရူဆိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ထုတ်လွှင့်ရန်အတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးခေါင်းစဉ်ဖြင့် Talk Show အား လည်းကောင်း၊ ရွာသစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ထုတ်လွှင့်ရန်အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍သိကောင်းစရာများခေါင်းစဉ်ဖြင့် လည်းကောင်း စုစုပေါင်း Talk Show ( ၂ )ကြိမ် ပြုလုပ်ဆောင်ရွက်ခဲ့မှုအား သတင်းရရှိပါသည်။

DOCA(ကယား)

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

 

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး ဦးဆောင်၍ ၁၃-၁၀-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ ခရိုင်ဦးစီးမှူးရုံး၌ အီလက်ထရောနစ်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းရှင်(၄)ဦး နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာရန် အချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀) ပုဒ်မ၂၁ အရ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ထပ်မံပေးချေ ရမည့်တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီသိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို‌ ရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြု ထားသော အာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်း များဖြင့်ဖြစ်စေ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန်ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကိုရှောင်ကြဉ်ခြင်း စသည့်အချက်များအကြောင်း၊  အခန်း(၁၈) ပုဒ်မ(၄၁)ပါ  ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဥ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ သိသာထင်ရှားစွာဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်အကြောင်း၊ ကုန်စည်/  ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အာမခံပေးထားမှုအပေါ်  စားသုံးသူက  တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ ဥပဒေပါတားမြစ်ချက်များနှင့် ပြစ်မှု၊ပြစ်ဒဏ် အကြောင်းတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

လက်ပံတန်းမြို့တွင်မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ဈေးကွက်စောင့်ကြည့်စစ်ဆေး

                  စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ  မုန့်မျိုးစုံနှင့် ရောင်းဝယ်ရေးဆိုင်များအား ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိကို ဌာနဆိုင်ရာအဖွဲ့များနှင့် လက်ပံတန်းမြို့နယ် တာဝန်ခံ ဦးကျော်မျိုးထွန်းတို့နှင့်  ဝန်ထမ်း တို့မှ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ   တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များ  သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှု ရှိစေရန် အတွက် အာမခံချက် ပေးနိုင်သည့် အရည်အသွေး မြင့်မားသော ကုန်စည်ဝန် ဆောင်မှုများ ဖော်ဆောင် ဖြည့်ဆည်း ပေးနိုင် စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ကာကွယ်ရေး  ဥပဒေအား သိရှိလိုက်နာ ဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဓာတ်မြေဩဇာအမျိုးအစားအလိုက် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် လက်ကျန်အခြေအနေ ကွင်းဆင်းစစ်ဆေး ”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဓာတ်မြေဩဇာ အမျိုးအစားအလိုက် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ပစ္စည်းလက်ကျန်အခြေအနေတို့အား အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များရှိ ဓာတ်မြေဩဇာ အရောင်းဆိုင်များသို့ သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ဓာတ်မြေဩဇာအမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းလျက်ရှိသော အရောင်းဆိုင်များသို့ စစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ဓာတ်မြေဩဇာ အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာအမျိုးအစားအလိုက် ဈေးနှုန်းများအား သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထား သောရည်ညွှန်းဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးနှင့် ဈေးနှုန်းမြှင့်တက်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဓာတ်မြေဩဇာအမျိုး အစားအလိုက် ယခင်ဈေးနှုန်း၊ ယခုဈေးနှုန်းနှင့် ပစ္စည်းလက်ကျန်အခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ အခြေအနေတို့အား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း စားသောက်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ ဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျ ဝယ်ယူစားသုံးတတ်စေရန် ရည်ရွယ်၍ အောက်တိုဘာလ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် တွင် စည်ပင်သာယာဈေးအတွင်း/ အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အခြေခံစား သောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူစားသောက်လျက်ရှိသော ဟင်းလျာများအတွက် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုထားသာ ပစ္စည်းအမျိုးမျိုးတို့တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြန်မာဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားများဖြစ်သည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိနှင့် ထုတ်လုပ် သည့်ရက်စွဲ၊ ကုန်ဆုံးမည့်ရက်စွဲတို့အား ဖော်ပြထားခြင်းရှိ/ မရှိတို့အား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ