Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းမုန့်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့၊ နံနက် (၀၉ꓽ၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမျိုးအောင် (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ အ.ထ.က (၂)အတွင်းရှိ မုန့်အရောင်းဆိုင်များသို့ သွားရောက်၍ ၎င်းတို့ ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှု  ရှိ/မရှိတို့ကို ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကျောင်းမုန့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ရေးရာတွင် ကျောင်းမုန့်ဈေးရောင်းချသူများအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မိမိတို့ရောင်းချနေ သော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်စည်နှင့် သန့်ရှင်းလတ်ဆက်သည့်ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်များဆောင်ရွက်ရာတွင် FDA ၏ ထောက်ခံ ချက်များနှင့် မြန်မာစာကုန်အညွှန်းအမှတ်အသားများပါရှိပြီး တရားဝင်တင်သွင်းထားသော အသင့်စား စားသောက်ကုန်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ တရားမဝင်တင်သွင်းထားသော အသင့်စား စားသောက်ကုန်များကို ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် အခန်း (၁၀) ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက်နေ့၌ ကျိုင်းတုံမြို့၊ အ.ထ.က (၂) ကျောင်းတွင် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် ဆရာမ (၅) ဦး၊ ကျောင်းသား/သူ (၃၀၀)  ဦးနှင့် ကျောင်းမုန့်ဈေးရောင်းသူ (၁၀) ဦး စုစုပေါင်း (၃၁၅) ဦးတို့အား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

          ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဦးမျိုးအောင် (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ဆရာမ၊ ကျောင်းသား/သူများနှင့် ကျောင်းမုန့်ဈေးရောင်းသူများအား အသိပညာပေး ဟောပြောခဲ့ပါ သည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံး သူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏ တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်/ သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားခဲ့ ပါသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ(၁/၂၀၂၆)အစည်းအဝေးကျင်းပပြုလုပ်

  ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီ (/၂၀၂)အစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်

              အစည်းအဝေးတွင် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များနှင့် တောင်ကြီးခရိုင် စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ လူကိုယ်တိုင်တက်ရောက် ခဲ့ကြပြီး အခြားဖိတ်ကြားထားသော  ခရိုင်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာမှ ဒုတိယပြည်နယ်ဦးစီးမှူးများနှင့် ပင်းတယဒေသဦးစီးမှူးရုံးတို့မှVirtual စနစ်ဖြင့် တက်ရောက်၍ ကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားနှင့် လမ်းညွှန်ချက်များပြေားကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးရွှေဖြူက(၁/၂၀၂၆)၏ အမှာစာများအား ဖြင့်ရှင်းလင်း တင်ပြခဲ့ပါသည်

               (/၂၀၂) အမှာစာများအား ဖတ်ကြားရှင်းလင်းခဲ့မှုအပေါ် တက်ရောက်လာကြတဲ့ ကော်မတီအဖွဲ့ဝင်များက အမှာစာများအား အတည်ပြုမှတ်တမ်းတင်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်း၊ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြု ခဲ့ကြပြီး အစည်းအဝေးကို (၁၁:၅၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်

DOCA(ရှမ်း)

ခရိုင်စားသုံးသူရေးရာကော်မတီအစည်းအဝေး (၁/၂၀၂၆)ကျင်းပပြုလုပ်

  ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ခရိုင်စားသုံးသူရေးရာကော်မတီအစည်းအဝေး(၁/၂၀၂၆)အား ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်စုစုပေါင်း(၅)ဦး တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌမှအဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ဦးခွန်ကျော်ဌေးမှ သုံးလပတ်အတွင်း လုပ်ငန်း ဆောင်ရွက်ချက်များအား အမှာစာများဖြင့် ရှင်းတင်းတင်ပြဆွေးနွေးခြင်း၊ အတည်ပြုမှတ်တမ်းတင်ခြင်းနှင့် အဖွဲ့ဝင်များမှ အထွေထွေဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီးနောက် ကော်မတီ ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြား၍ အစည်းအဝေးအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

Myro တွင် မှတ်ပုံတင်ထားသည့် သိုလှောင်ရုံးများ တစ်နှစ်ပြည့် သက်တမ်းတိုးများလာရောက် လျှောက်ထား

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ပူးပေါင်းဆောင်ရွက်သော မြန်မာဆန်စပါးအွန်လိုင်း(Myro)တွင် သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်မြောက်သော သိုလှောင်ရုံများ သက်တမ်း ပြန်လည်တိုးနိုင်ရေးကို www.myro.com.mm တွင် ဝင်ရောက်၍ သက်တမ်းတိုးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

          သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် လစဉ်၊ လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း မိမိတို့ သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ် လက်ကျန် အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး ပြည်ခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် လက်ရှိအချိန်ထိ (Myro)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံအလုံး(၁၁၁)ရှိပြီး ယခင်နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလ၌ (Myro)မှတ်ပုံတင်ထားသော ဆန်စပါး သိုလှောင်ရုံများသည် တစ်နှစ်ပြည့်မြောက်ပြီးသည့်အတွက် ပြည်ခရိုင်ဦးစီးမှူးရုံးသို့ သက်တမ်းတိုး ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များအား လာရောက်မေးမြန်းဆောင်ရွက်လျက်ရှိပါသည်။

           (၂၀.၁.၂၀၂၆)ရက်နေ့တွင် ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်ရှိ ဆန်စပါးသိုလှောင်ရုံ ပိုင်ရှင် ဦးဇာနည်ထွန်းသည် ၎င်းတို့၏ သိုလှောင်ရုံအား မှတ်ပုံတင်သက်တမ်းတိုးနိုင်ရေးအတွက် လာရောက်မေးမြန်းရာ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် သတင်းနည်းဌာနခွဲမှ သက်တမ်းတိုးလျှောက်ထားမှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများအား ထည့်သွင်းပေးရန် ရှင်းလင်းဆွေးနွေး၍ မှတ်ပုံတင်သက်တမ်းတိုးခြင်းအား ကူညီဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  DOCA(ပဲခူး)

ပဲခူးမြို့အတွင်း ဈေးများရှိ အသင့်စားခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               ပဲခူးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးအဖွဲ့တို့ပါဝင်သာ စစ်ဆေးရေးအဖွဲ့သည် ၂၀.၁.၂၀၂၆ ရက်နေ့၊ နံနက်(၀၈း၀၀) နာရီအချိန်တွင် ပဲခူးမြို့ပေါ်ရှိ ဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးအတွင်းရှိ ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် အသင့်စားခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးတွင် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား ၊အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့အား မြန်မာဘာသာဖြင့် သိသာထင်ရှားစွားဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ‌ရောင်းချကြရန်၊  ကုန်ပစ္စည်းများ သက်တမ်းကုန်ဆုံးမှုရှိ/ မရှိကို သတိထားစောင့်ကြည့်ရောင်းချကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များကိုလည်း လိုက်နာရကြမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အနေဖြင့်လည်း အစားအစာများနှင့် အခြားလူသုံးကုန်ပစ္စည်းများရောနှောရောင်းချခြင်းမပြုရန်၊ FDA ထောက်ခံချက် မပါရှိသော ကုန်ပစ္စည်းများကိုရောင်းချခြင်း မပြုရန်တို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Consumer Call Center ၁၅၃၅ သို့ ဆက်သွယ်‌မေးမြန်းခြင်း

                                   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ၊ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကိုဆောင်ရွက်လျက်ရှိသည့်အပြင်စားသုံးသူပြည်သူများအနေဖြင့်စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သောသတင်းအချက် အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ကုန်စည်နှင့်ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့် သတင်းအချက်အလက်များကို ဌာနသို့ အလွယ်တကူဆက်သွယ် မေးမြန်းစုံစမ်းနိုင်ရန်ရည်ရွယ်၍ ၂၀၂၁ခုနှစ်၊ ဇွန်လမှစတင်၍ Consumer Call Center Hotlineနံပါတ်(၁၅၃၅)ကိုနေပြည်တော်ရုံးချုပ်တွင်လိုင်းခွဲ(၁)၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၂)နှင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၃)တို့ကို ဖွင့်လှစ်ထားပြီ ရုံးဖွင့်ရက်ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း အသိပညာပေးခြင်း များကိုလည်း ဆောင်ရွက် လျက်ရှိရာ (၁၅.၁.၂၀၂၆)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင်ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက်ရှိ ဦးကျော်သက်ဦးမှ Consumer Call Center (၁၅၃၅) လိုင်းခွဲ(၃)မန္တလေးမြို့သို့  အသင့်စားမုန့်အမျိုးမျိုးတွင်ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို ဆက်သွယ် မေးမြန်းရာ တာဝန်ရှိသူဝန်ထမ်းမှ သိရှိလိုသည်များကို ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့ပေါ်ရှိ MyRo တွင် မှတ်ပုံတင်ထားရှိနိုင်ရေး ကွင်းဆင်း အသိပညာပေး

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း များနှင့် မုံရွာရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၆..၂၀၂၆) ရက်နေ့၊ နေ့လည် (:၀၀ ) နာရီအချိန်တွင် မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်နှင့် ပြည်ထောင်စုလမ်းမပေါ်ရှိ ဆန်ဆိုင်များ၊ ဆန်သိုလှောင်ရုံများသို့ သွားရောက်၍ မြန်မာဆန်စပါးအွန်လိုင်း My Ro တွင် သိုလှောင်ရုံ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် မှတ်ပုံတင် ထားရှိနိုင်ရေးအတွက် အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပြီး လစဉ်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ လစဉ်ထည့် သွင်းပေးရန်လိုအပ်ပါကြောင်း အသိပညာပေး ဆွေးနွေး ခဲ့ပါသည်။ဆက်လက်၍  ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာ ပေးပြီး ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော၊ ဖန်သီး၊ ဥသျှစ်ကြီး၊ လုံးသွယ်မွှေး၊ မနောသုခ၊  စသည့်ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်နှင့်နှင့် ဆန်ဈေးနှုန်း ကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန်နှင့် လိုက်နာမှု မရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း  အသိပေးဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၁၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

       ပြည်ပမှ စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ  23  ရက်နေ့မှ  29  ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,၁၅၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။       

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်  ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ