Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောက်ပန်းတောင်းမြို့တွင် My RO သိုလှောင်ရုံများ ရ/ထုတ်/ကျန်စာရင်းများ မှန်ကန်စွာ ဖြည့်သွင်းရေး ကွင်းဆင်း

        မြန်မာဆန်စပါးအွန်လိုင်း(My RO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေး နိုင်ရေး ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံသည် (၆-၁၁-၂၀၂၅)ရက်နေ့တွင် နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ကွက် ဦးကိုကိုအောင်၏ ဆန်သိုလှောင်ရုံသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ကျောက်ပန်းတောင်းမြို့နယ်တွင် လက်ရှိအချိန်ထိ (My RO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံး(၁၆)ရှိပြီး တစ်နှစ်ပြည့် မြောက်ပြီးသည့်ဆန်သိုလှောင်ရုံများအတွက် သက်တမ်း တိုးဆောင်ရွက်နိုင်ရေးနှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား မပျက်မကွက် မှန်ကန်စွာရေးသွင်းစေရေး၊ ရေးသွင်းသည့် အချက်အလက်များနှင့် မြေပြင်လက်ကျန်အခြေအနေများ ကိုက်ညီမှုရှိ/မရှိတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ DOCA(မန္တလေး)

                                                                                      

ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးတွင် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်  

               စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ စားသုံးသူအခွင့် အရေးနှင့်အကျိုးစီးပွားကာကွယ်ရေး၊ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ရွေးချယ်ဝယ် ယူသုံးစွဲတတ်စေရေး၊ ထုတ်လုပ်လာစေရေး၊ တို့အတွက် စားသုံးသူများအပြင် စီးပွားရေးလုပ်ငန်းရှင်များ ကိုလည်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ အသိပညာပေးလျက်ရှိရာ ၈.၁၁. ၂၀၂၅ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံရုံးတွင် မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆွေးနွေး ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေး လုပ်ငန်းရှင် တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုတာဖြစ်ကြောင်း၊ ဆက်လက်၍ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်၊ ကုန်စည်နှင့်ဝန်ဆောင်မှု၏ အဓိပ္ပာယ်များ၊ နစ်နာဆုံးရှုံးမှုနှင့် ကုန်အညွှန်းအမှတ်အသားတို့၏ အဓိပ္ပာယ်များ၊ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုကို သုံးစွဲခြင်းကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နေရာများနှင့်နည်းလမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်တားမြစ်ချက်များကိုး အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်များက သိရှိလို သည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ လုပ်ငန်းရှင်(၆၇)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

                                                                  

ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိစေရေး MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

                     ၂၀၂၅ ခုနစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်း မြို့ နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေး၊ စက်မှုလုပ်ငန်းသုံး စားအုန်းဆီများ လုပ်ငန်းခွင်များတွင်အမှန်တကယ်အသုံးပြုစေရေးအတွက် စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း (ဒု-ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ MSME လုပ် ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပခဲ့ပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဆွေးနွေး ပြောကြားရာတွင်  MSME လုပ်ငန်းများအတွက်အသုံးပြုရန် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှ ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလည်းဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး၊ MSME လုပ်ငန်းများတွင်  အမှန်တကယ်အသုံးပြုရမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည် အမျိုးအစားတွင် ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် ပြန်လည် သယ်ယူ ရောင်းချခွင့် မရှိပါကြောင်း၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်လစဉ် လိုအပ်ချက် စားအုန်းဆီများ ကိုလည်း ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများ ထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကူညီပေးခြင်း၊ MSME လုပ်ငန်းများ ကြီးထွားလာ စေရန်၊ လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာများ၊ အရင်းအနှီးချေးငွေရရှိရေး၊ ပြပွဲပြိုင်ပွဲတွင်ပါဝင် ပြသနိုင်ရေး စသည့်လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

          ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များဆွေးနွေး မေးမြန်းရာ မြို့နယ်တာဝန်ခံက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်(၆၇) ဦးတက်ရောက် ခဲ့ကြောင်းနှင့်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေး နွေးပွဲအခမ်းအနားကို နေ့လည် ၁၃:၃၀  နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

       (၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဝင်းစိုးနှင့် စက်မှုဇုန်ကော်မတီရုံးမှ တာဝန်ရှိသူတို့ ပူးပေါင်းပါဝင်လျက် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ Doaru စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့စစ်ဆေးခဲ့ရာတွင် အမှတ်(၆၃)၊ ပြင်စည်မင်းသားကြီးလမ်း၊ စက်မှုဇုန်(၄)၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ Doaru အလှကုန်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တာဝန်ခံမှ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများသည် အရည်အသွေးပြည့်မီမှုကို အဓိကအလေးထားပါကြောင်း၊ သုံးစွဲသူပြည်သူများဘေးအန္တရာယ်မရှိအောင်လဲ အမြဲဂရုစိုက်ပါကြောင်း၊ သတ်မှတ်ချက်များနှင့် အညီ ထုတ်လုပ်ဖြန့်ချီလျက်ရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုလည်း ပြုလုပ်ထားပါကြောင်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားပါကြောင်း၊ မိမိတို့ဌာနမှလည်း ထောက်ခံချက်မရှိသော သက်တမ်းလွန်နေသော အလှကုန်ပစ္စည်းများအား ရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Doaru စက်ရုံသို့ ကွင်းဆင်းလေ့လာ

         (၂၄.၁၁.၂၀၂၅)ရက်နေ့ (၁၁:၁၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများ၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဝင်းစိုးနှင့် စက်မှုဇုန်ကော်မတီရုံးမှ တာဝန်ရှိသူတို့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Doaru စက်ရုံသို့ ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းလေ့လာရာတွင် အမှတ်(၆၃)၊ ပြင်စည်မင်းသားကြီးလမ်း၊ စက်မှုဇုန်(၄) လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Doaru စက်ရုံသို့ ကွင်းဆင်းလေ့လာခဲ့ရာတွင် စက်ရုံတာဝန်ခံက ထုတ်လုပ်သော အမှတ်တံဆိပ်များမှာ D Family အမှတ်တံဆိပ်ဖြင့် Body Wash နှင့် Doaru အမှတ်တံဆိပ်ဖြင့် Rose Water၊ Thanakha၊ Royal Milk၊ Body Lotion၊ Beauty & Me ဆပ်ပြာရည်၊ Lovely Peony ခေါင်းလျှော်ရည်၊ CICA  တိုနာတို့ ထုတ်လုပ်လျက်ရှိပြီး တစ်ရက်ထုတ်လုပ်မှုမှာ ပျမ်းမျှ(၃)တန် ထုတ်လုပ်ပြီး တစ်လထုတ်လုပ်မှုမှာ (၆၀)တန်ထုတ်လုပ်လျက်ရှိပြီး မြန်မာပြည်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကာ စက်ရုံတွင် ဝန်ထမ်းအင်အား ကျား(၂၃)ဦး၊ မ (၇၇)ဦး စုစုပေါင်း(၁၀၀)ဦးဖြင့် လည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Doaru စက်ရုံသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၄.၁၁.၂၀၂၅)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် အမှတ်(၆၃)၊ ပြင်စည်မင်းသားကြီးလမ်း၊ စက်မှုဇုန်(၄)လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Doaru အလှကုန်စက်ရုံသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆွေးနွေးခဲ့ရာတွင် Doaru အလှကုန်စက်ရုံမှ မန်နေဂျာပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဦးဦးစီးမှူးက ဌာနဖြစ်ပေါ်လာပုံ၊ ဌာနအဆင့်ဆင့်ပြောင်းလဲလာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် တာဝန်များ ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Feel Candy စက်ရုံမှ ထုတ်လုပ်သော ကုန်ပစ္စည်းများအား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အမှတ်(၁၃၂)၊ ဝက်မစွပ်ဝန်ထောက်လမ်း၊ စက်မှုဇုန်(၄)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Feel Candy စက်ရုံသို့ (၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

      ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဝင်းစိုး၊ စက်မှုဇုန်ကော်မတီရုံးမှတာဝန်ရှိသူတို့ပူးပေါင်းပါဝင်လျက် ရောင်းချလျက်ရှိသော Feel Candy အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော Rain Bow Candy၊ Red Bull Flavour Candy၊ GUAVA၊ Milk Flavour၊ Orange Flavour၊ Peanut Flavour တို့ဖြစ်ပြီး ကုန်ပစ္စည်းအားလုံးတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိခြင်း သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက်အမှတ်များလည်းပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး တာဝန်ခံကိုလည်း စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Feel Candy စက်ရုံသို့ ကွင်းဆင်းလေ့လာ

       ၂၄.၁၁.၂၀၂၅ ရက်နေ့ (၁၀:၁၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦး၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဝင်းစိုးနှင့် စက်မှုဇုန်ကော်မတီရုံးမှ တာဝန်ရှိသူတို့သည် အမှတ်(၁၃၂)၊ ဝက်မစွပ်ဝန်ထောက်လမ်း၊ စက်မှုဇုန်(၄)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Feel Candy စက်ရုံလုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက်တွေ့ဆုံပြီး လုပ်ငန်းရှင်၏ ကြုံတွေ့နေရသည့်အခြေအနေနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       Feel Candy စက်ရုံတာဝန်ခံက စက်ရုံမှထုတ်လုပ်သော အမှတ်တံဆိပ်များမှာ Rain Bow Candy၊ Red Bull Flavour Candy၊ Classic Series၊ Feel သီးစုံအရသာနှင့်မန်ကျည်းအရသာတို့ ထုတ်လုပ်လျက်ရှိပြီး တစ်ရက်ထုတ်လုပ်မှုမှာ သကြားလုံး(၃၀)ပါ အထုပ် ၂၀၀ မှ ၂၅၀ ပါကင် ထုတ် လုပ်လျက်ရှိပြီး တစ်လထုတ်လုပ်မှုမှာ ပျမ်းမျှအားဖြင့် အလှည့်ကျအမျိုးအစားပေါင်း(၅၀၀၀)ပါကင် ထုတ်လုပ်ကာ မြန်မာပြည်အနှံ့အပြားသို့ ပို့ဆောင်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဝန်ထမ်းအင်အားမှာ ကျား(၄၀)၊ မ(၉၀) စုစုပေါင်း (၁၃၀)ဦးဖြင့် လုပ်ငန်းအဆက်မပြတ်လုပ်ကိုင်နေကြောင်း ကွင်းဆင်းလေ့လာချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၄.၁၁.၂၀၂၅)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် လှိုင်သာယာမြို့နယ်ရှိ Feel Candy စက်ရုံတွင် တာဝန်ခံဒေါ်ခင်သင်းမွန်နှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်နှင့် တာဝန်များ၊ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုအခြေအနေ၊ စားသုံးသူများအား လုံလောက်သည့်သတင်းအချက်အလက်များ သိရှိစေရန်အတွက် မိမိတို့ထုတ်လုပ်သည့်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ စသည်တို့ကို လိုက်နာဆောင်ရွက်သွားရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မှော်ဘီမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စား(အငြိမ်းစား)ဝန်ထမ်းများအား စားအုန်းဆီဖြန့်ဖြူးရောင်းချပေး

       ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားအငြိမ်းစားများအား စားအုန်းဆီများကို ရောင်းချပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရှိ ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား ၂၄.၁၁.၂၀၂၅ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်မှစ၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားအငြိမ်းစား ဝန်ထမ်း (၁)ဦးလျှင် ဆီ(၂.၅၀)ပိဿာ၊ (၁)ဗူးစီရောင်းချပေးခဲ့ရာ ဗူးပေါင်း(၂၉၈၀) ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်ကြီးများ အသင်းအဖွဲ့ဝင် ကိုယ်စားလှယ်များက လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ