Main menu

ဘုရင့်နောင်ပွဲရုံအတွင်းရှိ ဆန်သိုလှောင်ရုံများ၊ ဆန်ပွဲရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မိုး အောင် ဦးဆောင်၍ အနောက်ပိုင်းခရိုင်ဦးစီးမှူးနှင့် မြောက်ပိုင်းခရိုင်ဦးစီးမှူး၊ အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနနှင့် ဆန်စပါးလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပါဝင်၍ (၅.၂.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံအတွင်းရှိ ဆန်သိုလှောင်ရုံများ၊ ဆန်ပွဲရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဆန်လက်လီ/ လက်ကား ရောင်းချသူများအား ဆန်များကိုသင့်တင့်မျှတသော နှုန်းထားများဖြင့် ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ရောင်းချခြင်းများမပြုလုပ်ရန်၊ ဆန်အမျိုးအစားလိုက် ဆန်များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရောင်းချပါ က ဆန်စပါးသိုလှောင်ရုံများ မြန်မာ့ဆန်စပါးအွန်လိုင်း (MyRo) တွင် မှတ်ပုံတင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ချိတ်ဆက်ပြီး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ကွင်းဆင်းစစ်ဆေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)