Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အင်းစိန်မြို့နယ်ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

          (၂၁.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အင်းစိန်မြို့နယ်ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီ အရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အမှတ်(၇၈)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ အင်းစိန်မြို့နယ်ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင်တာဝန်ခံ ဦးအာကာမင်းအား ဒေါ်နီလာဝင်း၊ ဦးစီးမှူးက စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြောနေ့တိုင်း (PPRD)စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးလျက်ရှိရာ သတ်မှတ်ဈေးနှုန်းနှင့် အညီ ပုံမှန်အတိုင်းရောင်းချရန်၊ စက်သုံးဆီပြတ်လပ်မှုမဖြစ်စေရန်၊ စက်သုံးဆီအရည်အသွေး အလေးချိန်၊ ဈေးနှုန်းများ မှန်ကန်စွာရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြောက်ပိုင်းခရိုင်အတွင်းရှိ ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းဈေးနှုန်းများ ကောက်ယူခြင်းနှင့် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့ သည် (၂၀.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် အမှတ်(၄)လမ်းမကြီး၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ်ရှိ Orange တွင် ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်း ဈေးနှုန်းများ၏ အခြေအနေအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့စစ်ဆေးခဲ့ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ တင်သွင်းသည့်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်မှုရှိ/ မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ရောင်းချနေသော ဈေးနှုန်းများကောက်ခံ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

TM Clothing လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

      (၂၀.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၁၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၄၃၀)၊ အေးရိပ်ငြိမ်(၂)လမ်း၊ ရှမ်းချောင်းရပ်ကွက်၊ တပ်ထိပ်မှတ်တိုင်၊ လှိုင်သာယာမြို့နယ်ရှိ TM Clothing လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက TM Clothing ပိုင်ရှင် ဒေါ်နီလာဝေနှင့် တွေ့ဆုံကာအွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ တင်ပြထားသည့်လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရှိ/ မရှိစစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၀.၁၁.၂၀၂၅) ရက်နေ့ နေ့လယ်(၁၁:၂၀)နာရီအချိန်တွင် EK အမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(2B/920)၊ မုဒိတာအိမ်ယာ၊ ပေါက်တောဝ၊ အင်းစိန်မြို့နယ်ရှိ အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“မြစ်သားမြို့နယ်၊ ကူမဲမြို့တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

        မြစ်သားမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရေးအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူများအားသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည် ။ နိုဝင်ဘာ(၁၇) ရက်နေ့တွင် မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ၊ တောက်ပရစ်ဘုရားဝန်းအတွင်း၌ အခြေခံစားသောက် ကုန်ပစ္စည်းများဖြစ်သောအမဲသား တစ်ပိဿာလျှင် (၂၅၀၀၀/-)ကျပ် ၊ ဝက်သား တစ်ပိဿာလျှင် (၂၆၀၀၀/-) ကျပ် ၊ ဆိတ်သား (၁)ပိဿာလျှင် (၂၈၀၀၀/-)ကျပ် ၊ ကြက်သား တစ်ပိဿာလျှင် (၂၀၀၀၀/-)ကျပ် ၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၄၇၅/-)ကျပ် နှင့် ဟင်းသီးဟင်းရွက်တို့အား ရောင်းချပေးခဲ့ပြီး ပြည်သူများသက်သာ ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ် သက်မှတ်ထားသော နေရာများတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)              

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          (20.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁0:45)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အင်းစိန်မြို့နယ်ရှိ Lucky Star Yangon Italy Silver 925 & Brand/Fancy အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုက်(၅/၁၀၆)၊ ပုလဲရိပ်မွန်အိမ်ယာ၊ ကျောက်စိမ်းလမ်း၊ (၁၄/၁၅)လမ်းဆုံ၊ အင်းစိန်မြို့နယ်ရှိ Lucky Star Yangon Italy Silver 925 & Brand/Fancy အမည်ဖြင့် Online  စနစ်ဖြင့် ရောင်းချမှုအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Our Vintage လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (20.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၁0)နာရီအချိန်တွင် အမှတ်(၂၂၆/၂)၊ (၃၁)ရပ်ကွက်၊ မြရတနာလမ်း၊ ရွှေပြည်သာမြို့နယ်ရှိ Our Vintage အမည်ဖြင့် Online မှတ်ပုံတင်ထားရှိသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/ မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“မြစ်သားမြို့နယ်၊ လက်ပံဆိပ်ကျေးရွာ၌စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်”

            ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့်စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကိုစဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ နိုဝင်ဘာ(၁၇)ရက်နေ့တွင် မြစ်သားမြို့နယ်၊ လက်ပံဆိပ်ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ ဟောပြော ဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မော်မော်အောင် (မြို့နယ် တာဝန်ခံ)က တက်ရောက်လာသည့် ကျေးရွာသူ/ ကျေးရွာသားများအား စားသုံးသူ ကာကွယ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များ၊စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ ကုန်စည် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး များနှင့်စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ် များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mmထဲသို့ဝင်‌ရောက်ပြီးတိုင်ကြားနိုင်ပါကြောင်းဆွေးနွေးပြောကြားခဲ့ပြီးအသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ကျေးရွာသူ/ကျေးရွာသားများစုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာ သော ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူအသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)              

 

“စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်”

           ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုဝင်ဘာ(၁၈)ရက်နေ့တွင် မြစ်သားမြို့ လူထုအခြေပြု Community Center ခန်းမ၌ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြန်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင်က စားသုံးသူကာကွယ်ရေး နှင့်ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးများရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း လုပ်ငန်းရှင်များ၏ တာဝန်များလည်း ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်း အမှတ်အသားများကို မဖြစ်မနေထည့်သွင်း ဖော်ပြရမည့်အချက်များ လိုက်နာရမည့် ဥပဒေများအကြောင်းနှင့် ကုန်စည်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပါ်လာပါက Consumer Call Center (1535)သို့ ခေါ်ဆို တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပါသည်။

DOCA(မန္တ‌လေး)              

 

 

“စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်”

                    ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုဝင်ဘာ(၁၈)ရက်နေ့တွင် မြစ်သားမြို့ လူထုအခြေပြု Community Center ခန်းမ၌ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြန်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင်က စားသုံးသူကာကွယ်ရေး နှင့်ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးများရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း လုပ်ငန်းရှင်များ၏ တာဝန်များလည်း ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်း အမှတ်အသားများကို မဖြစ်မနေထည့်သွင်း ဖော်ပြရမည့်အချက်များ လိုက်နာရမည့် ဥပဒေများအကြောင်းနှင့် ကုန်စည်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပါ်လာပါက Consumer Call Center (1535)သို့ ခေါ်ဆို တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပါသည်။

DOCA(မန္တ‌လေး)              

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ