Main menu

မအူပင်ခရိုင် အတွက် လုပ်ငန်းသုံးဆီများ စနစ်တကျထုတ်ယူပြီး လုပ်ငန်းရှင်များ၏ ဖြန့်ဖြူးရောင်းချမှုအား ကြပ်မတ်ဆောင်ရွက်ခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်သည် သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အတွက် လုပ်ငန်းသုံးဆီရရှိမှုများအား ကြပ်မတ်စစ်ဆေးဆောင်ရွက်ပြီး ဖေဖော်ဝါရီလအတွက် လုပ်ငန်းသုံးဆီထုတ်ယူနိုင်ရန် မြို့နယ်များမှ စာရင်းကောက်ယူတွက်ချက်၍ တိုင်းဒေသကြီးသို့ လစဉ်တင်ပြဆောင်ရွက်လျက်ရှိပါသည်။  

    မအူပင်မြို့နယ် ဆီကိုယ်စားလှယ်၏ ရန်ကုန်တိုင်းဒေသကြီးရှိ စားအုန်းဆီကုမ္ပဏီမှ ၃ခုမှ တဆင့် ပုသိမ်မြို့မှ စနစ်တကျခွဲဝေပြီး ဇန်နဝါရီ လအတွက်  ၂ကြိမ် ခွဲတမ်းရရှိပြီး စုစုပေါင်း ခွဲတမ်း ရစားသုံးဆီ ပိဿာ(၁၂၃၂၀)ပိဿာနှင့် ပေပါ (၁၁၂)ပေပါ၊ တန် (၂၀.၁၂) တန် ရောက်ရှိမှုအား သတ်မှတ်ရက် အတွက် ဆီရောက်ရှိမှုအပေါ် စိစစ်ကြပ်မတ် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များထံ ရောက်ရှိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မအူပင်ခရိုင် မြို့နယ်များဖြစ်သော ပန်းတနော် မြို့နယ်၊ ညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့နယ်များသို့ စနစ်တကျဆောင်ရွက်နိုင်ရန် ခရိုင်အနေဖြင့် လမ်းညွှန်ဆောင်ရွက်လျက်ရှိပါသည်။

    ဆက်လက်၍ ညောင်တုန်းမြို့နယ်အတွက် ဆီပိဿာ (၁၄၁၉၀)ပိဿာ၊ ပေပါ (၁၂၉) ၊ တန်(၂၃.၁၈) ဇန်နဝါရီလအတွက်း ထုတ်ယူရရှိပြီး စက်မှုလုပ်ငန်းသုံးဆီများကို လျောက်ထားသော လုပ်ငန်းရှင် (၁၁၇)ဦးထံ ဆက်သွယ်၍ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချမှုအား ကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း လုပ်ငန်းရှင်များအား သတ်မှတ်ရက်များတွင် ဆီပေပါများ ထုတ်ယူပြီး စတစ်တကျသတ်မှတ်ရက်အတွင်း ငွေပေးသွင်း၍ လုပ်ငန်းရှင်များထံ ဆက်သွယ်ဆောင်ရွက်ကာ စနစ်တကျလုပ်ငန်းအသုံးပြုနိုင်ရန် ကြပ်မတ်ဆောင်ရွက်ခဲ့ကြ ပြီး  လုပ်ငန်းရှင်များ ကိုလည်း လုပ်ငန်းအတွက် အမှန်တကယ် သုံးစွဲရေးနှင့် ပြန်လည်ရောင်းချခြင်း မပြုရန် ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)