
၂၀.၂.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များ၌ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီရောင်းချရေးနှင့် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တာဝန်ရှိသူများ ပူးပေါင်းကာ လိုက်လံစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက စက်သုံးဆီ အရောင်းဆိုင်များ၌ ရောင်းချနေသည့် အလေးချိန်စံချိန်စံညွှန်းများ ပြည့်မီခြင်း ရှိ/မရှိ၊ သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်း ရှိ/မရှိနှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံစစ် ဆေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA (မွန်)
