Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ သုံးခွမြို့နယ်တွင်ဈေးကွက်အတွင်းရောင်းချနေသောအခြေခံစားသောက်ကုန်အသား၊ ငါး ဈေးနှုန်းများ”

          ဇူလိုင်လ တတိယအပတ်တွင် သုံးခွမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော အသား၊ ငါးဈေးနှုန်းများအနေဖြင့် ဗမာကြက်တစ်ပိဿာလျှင် (၂၈၀၀၀-၃၀၀၀၀)ကျပ်၊ အသား တိုး(CP)ကြက် တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၃၀၀၀၀-၃၅၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၃၀၀၀-၂၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၃၀၀၀၀-၃၅၀၀၀)ကျပ်ဖြင့် ဈေးနှုန်းအသီးသီးဖြစ်ပေါ်လျက်ရှိရာ ယခင်အပတ်တွင် အသားတိုး CP ကြက် ဈေး(၂၀၀၀၀)ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ပစ္စည်းအနည်းငယ် အဝင်များလာ၍ ယခင်အပတ် ထက် ဈေးလျော့နည်းရခြင်းဖြစ်ကြောင်း သိရသည်။

          အလားတူ ငါးဈေးနှုန်းများ အနေဖြင့် ငါးကြင်းဖြူ တစ်ပိဿာလျှင် အကောင်အကြီး၊ အသေးပေါ်မူတည်၍ (၁၈၀၀၀-၂၀၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၄၀၀၀-၁၅၀၀၀) ကျပ်၊ ပင်လယ်ငါး(ငါးပုတ်သင်)တစ်ပိဿာလျှင် ငါးအရွယ်စုံအလိုက် (၁၃၀၀၀မှ ၁၈၀၀၀)ကျပ်၊ ငါးတန်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ဖြင့် သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရသည်။

         အသား၊ ငါးဈေးနှုန်းများ အနေဖြင့် ပစ္စည်းဝင်ရောက်မှု အနည်း/အများပေါ်မူတည်၍ ဈေး နှုန်းအတက်အကျ အနည်းငယ်ပြောင်းလဲမှုရှိကြောင်း၊ အသားများမှာ ဒေသတွင်းမှ ကုန်ကြမ်းရရှိ ၍ ရောင်းချခြင်းဖြစ်ပြီး ငါးများကိုမူ ရန်ကုန်ရွှေပိတောက်ငါးဈေးမှ နေ့စဉ်ဝယ်ယူရောင်းချခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ုကုန်)

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၈၀)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်(၈၀)ရက်မြောက်နေ့ အဖြစ် ရောင်းချပေးလျက်ရှိပါသည်။

    ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ 6S / 3038၊ 8A/ 8484၊ 4S/ 2246၊ 7N/ 9803 ဈေးကား(၄) စီးဖြင့် နံနက်ပိုင်း တွင်(၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့ ၁၄.၇.၂၀၂၅ ရက်နေ့တွင် ဆန် (၂၄) ပြည်၊ ဆီ (၇၅)ပိဿာ၊ ဆား(၅)ပိဿာ၊ ကုလားပဲ(၁၀)ဘူး၊ ငါးပိ(၂)ပိဿာ၊ ငါးခြောက် (၁)ပိဿာ၊ ပုဇွန်ခြောက်(၃၀) ကျပ်သား၊ ကြက်ဥ (၇၀)လုံး၊ ဘဲဥ(၂၅)လုံး၊ ကြက်သွန်နီ (၇) ပိဿာနှင့် အသားတု(၁)ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး  ယနေ့အထိ ရောင်းချမှုများမှာ ဆန်(၁၀၅၄၅)ပြည်၊ ဆီ (၈၆၆၈) ပိဿာ ၊ ဆား(၂၆၂) ပိဿာ၊ ကုလားပဲ(၈၉၉)ဘူး၊ ငါးပိ(၁၁၉)ပိဿာ၊ ငါးခြောက် (၇၃)ပိဿာ၊ ပုဇွန်ခြောက်(၂၂)ပိဿာ (၈၀) ကျပ်သား၊ ကြက်သွန်နီ (၈၇၅) ပိဿာ၊ အသားတု( ၉၆) ပိဿာ၊ ကြက်ဥ (၉၇၅၆) လုံး၊ ဘဲဥ (၁၄၆၄)လုံးတို့နှင့် ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။

    ယနေ့ရောင်းချရာတွင်ငလျင်ဘေးဒဏ်သင့် ပြည်သူများရှိသည့်စစ်ကိုင်းမြို့ရှိ မင်းဇံရပ်ကွက်တွင်  သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မင်္ဂလာဒုံမြို့နယ်၊ စက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေမင်္ဂလာဒုံမြို့နယ်၊ စက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၄.၇.၂၀၂၅) ရက်နေ့ နေ့လည် (၀၁:၃၀) နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်ရှိ Royal Victory စက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အသံလွှင့်ရုံလမ်း၊ အနန်းပင်ရပ်ကွက်၊ လေယာဉ်ဆီဌာနအနီး မင်္ဂလာဒုံမြို့နယ်ရှိ Royal Victory စက်သုံးဆီဆိုင်မှ တာဝန်ခံ ဒေါ်ဖြူသွဲ့နှင်းအား စက်သုံးဆီရောင်းချရာတွင် အချိန်အတွယ်မှန်ကန်ခြင်းရှိ/ မရှိ၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ၊ ရည်ညွှန်း ဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ လီတာများကို မှန်ကန်စွာချိန်တွယ် ပေးပါကြောင်း၊ ဈေးနှုန်းလည်းမြှင့်တင်ရောင်းချခြင်း မရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

ဘီးလင်း (အ.ထ.က) ကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်းနှင့် မြေငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့ ဘီးလင်းမြို့နယ်တာဝန်ခံ တက်ရောက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် မြေငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ၁၆.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက အ.ထ.က (ဘီးလင်း)ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပညာရေးမှူး ဦးဝင်းရှိန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအိအိကျော် က ငလျင်ဘေးအန္တရာယ်အကြောင်းကို လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်လင်းဦးက သဘာဝဘေးအန္တရာယ်အမျိုးမျိုးကိုလည်းကောင်း အသိပညာပေး ဟောပြော ပြီး ကြိုကာကွယ်ရေးနည်းလမ်းများအား ပရိုဂျက်တာဖြင့် ပြသ၍ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 ထို့နောက် မြေငလျင်ဘေးနှင့်ပတ်သက်၍ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆက်လက် ပြုလုပ်ခဲ့ရာ အ.ထ.က ဘီးလင်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်မာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြပွဲ ပြိုင်ပွဲများပြုလုပ်

 မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများ ပြုလုပ်ပေးခြင်းကို ၁၆.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 ဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည် ကိုးဦး အကြောင်း တို့ကို အသိပညာပေး ဟောပြောခဲ့သည်။

 ထို့နောက် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ပုံပြင်ပြော၊ ကဗျာရွတ်၊ ပန်းချီ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာမှ သုတ၊ ရသစာအုပ်မျာနှင့် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်တွင် စားသောက်ဆိုင်များ ကျန်းမာရေးနှင့်အညီဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စားသောက်ဆိုင်များ ကျန်းမာရေးနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းရေးစစ်ဆေးခြင်းလုပ်ငန်းကို ၁၆.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ၀န်ထမ်းများနှင့်ပူးပေါင်း အဖွဲ့သည် ကျိုက်ထိုမြို့နယ်အတွင်း၌ အစားအသောက်များ ရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ ရက်လွန်အစား အစာများရောင်းချမှု ရှိ/မရှိ၊ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ စသည်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ စျေးကွက်ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA (မွန်)

စားသောက်ဆိုင်များအစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

    ၁၅.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ‌မော်လမြိုင်မြို့နယ်ရှိ စားသောက်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ အစားအသောက် ပြုပြင်ရောင်းချသည့် နေရာများတွင် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှု ပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့၊ အ.ထ.က (၁၃) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

..၂၀၂ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီး ဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် မော်လမြိုင် မြို့နယ်၊ အ.ထ.က (၁၃) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကြီးတန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်မှ စားသုံးသူကာကွယ်ရေး၏ ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာပြဌာန်းချက်များ၊ Consumer Call Center အကြောင်းအရာများနှင့် စားသုံးသူရေးရာဦးစီး ဌာန၏ အကြောင်းအရာများအား www.doca.gov.com တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်ကြောင်း၊ စားသုံးသူနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်မှုနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသော ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများမှ သိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ဖြေကြား ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ/ဆရာမ (၂၀) ဦး၊ ကျောင်းသား/ကျောင်းသူ (၂၉၇) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကုန်အညွှန်းအမှတ်အသား သိရှိနိုင်စေရေး စာသင်ကျောင်းများသို့ အသိပညာပေး

     ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံသည် ဇူလိုင်လ(၁၄)ရက်နေ့ နံနက်(၀၉း၀၀)နာရီ အချိန်တွင်  ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ အ.မ.က(၁) စာသင်ကျောင်းတွင်  စားသုံးသူ အကာအကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြု လုပ် ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့် ဆိုချက်၊ ကမ္ဘာ့စားသုံသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက် လာပုံ အဆင့်ဆင့်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့ ပြဌာန်းခဲ့ပြီး အခန်း ပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ကြောင်း စားသုံးသူအကာကွယ်ပေးရေး ဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့် အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန် စားသုံးသူအခွင့်အရေး()ချက် စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့်တာဝန်()ချက်၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါ ကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း မိမိတို့ ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)တွင် လည်းကောင်း မိမိတို့ဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များအားလုံးတို့ဖြင့် Call Center No. 1535 တွင်ဖုန်းခေါ်ဆို၍ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်း နှင့် သိလိုသည် များကို စုံစမ်း မေးမြန်းနိုင်သည့် အကြောင်းများ၊ အစားအသောက်နှင့်ပတ်သက်ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို ထုတ်ကုန်လုခြုံစိတ်ချရမှုရှိတဲ့ ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ စားသောက်အသုံးပြုတတ်ရန်နှင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါဝင်သည့် အစားအသောက်မျာကို ရွေးချယ်ဝယ်ယူ စားသောက်အသုံးပြုတတ်ရန်အတွက် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်(အ.မ.က-၁) စာသင်ကျောင်းရှိ ဆရာ/မနှင့်ကျောင်းသား/သူ စုစုပေါင်း(၈၈)ဉီးတို့အား အကျယ်တဝင့် ရှင်းလင်း ပြောကြား ခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ်(/၂၀၁၉)ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ်ချက်များ ပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

         

အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

   ၁..၂၀၂ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီး ဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် မော်လမြိုင် မြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာ ပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကြီးတန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်မှ စားသုံးသူကာကွယ်ရေး၏ ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာပြဌာန်းချက်များ၊ Consumer Call Center အကြောင်းအရာများနှင့် စားသုံးသူရေးရာဦးစီး ဌာန၏ အကြောင်းအရာများအား www.doca.gov.com တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်ကြောင်း၊ စားသုံးသူနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်မှုနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသော ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများမှ သိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ဖြေကြား ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါဟောပြောဆွေနွေးပွဲသို့ ဆရာ/ဆရာမ (၁) ဦး၊ ကျောင်းသား/ကျောင်းသူ (၁၆၀) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ