
ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ( ၁၁. ၂. ၂၀၂၆)ရက်နေ့(၁၁ : ၂၀)နာရီအချိန်တွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း၊ စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျိုက်လတ်မြို့ မြို့မဈေးကြီးအတွင်းရှိ “ဖူးပွင့်ဝေ” “မောင်မောင်” “ထူးအောင်” ကုန်စုံဆိုင်တွင် ရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ကျိုက်လတ်မြို့ မြို့မဈေးကြီးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်း ဗီနိုင်းများ ချိတ်ဆွဲ၍ ရောင်းချခြင်း၊ အလေးအချိန်မှန်ကန်စွာ ရောင်းချနေပြီး အရေးယူဆောင်ရွက်ထားရှိမှုများ မရှိပါကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
