
ကျိုက်တ်မြို့ပေါ်ရှိ “အောင်ချမ်းသာ” ဆန်ဆိုင်၊ “အောင်” ဆန်ဆိုင် ၊ “ကိုကျေိာ်လင်း+ မဝါဝါမျိုး” ဆန်ဆိုင်များတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိိ/မရှိ နှင့် ဆန်လက်ကျန်အခြေ အနေများကို စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့ ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီအဖွဲ့၊ ဆန်/စပါး ကုန်သည်လုပ်ငန်းရှင်အဖွဲ့ နှင့် ဆန်/စပါးကြီးကြပ်ရေးအဖွဲ့တို့သည် ကျိုက်လတ်မြို့ဆန်ဆိုင်များအား ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့ပေါ်ရှိ ဆန်ဆိုင်များတွင် ရောင်းချနေသော ဆန်များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့် ရောင်းချနေကြောင်းနှင့် ဆန်လက်ကျန်များကို စိစစ်ကောက်ယူခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(ဧရာဝတီ)
