Main menu

မအူပင်မြို့နယ် ၉လမ်းဈေးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူ မအူပင်မြို့၊ ကမ်းနားလမ်းရှိ ၉လမ်းစျေး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ ၊ နံနက် ၈ နာရီ အချိန်တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆောင်ရွက်ရာတွင် စျေးအတွင်းရောင်းချနေသော ခေါက်ဆွဲဖက်၊ မုန့်ဖက်၊ မျှစ်၊ ပဲပြား၊ ပဲသွေး များတွင် စားသုံးသူပြည်သူများ အန္တရာယ်ဖြစ်စေနိုင်သည့် ဖော်မလင်ဆေးရည်များ ဆိုးဆေးအရောင်များ၊ စိမ်ခြင်း/ထိုးနှံရောင်းချခြင်း ရှိ/မရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ Mobile lab မော်တော်ယာဥ်ဖြင့် စစ်ဆေးခြင်းပြုလုပ် ဆောင်ရွက်ခဲ့ပြီး၊ ဈေးအနီးတွင် ရောင်းချနေသော ဈေးဆိုင်များအား သတ်မှတ်စည်ကမ်းများနှင့်အညီ ရောင်းချမှုရှိ/မရှိကို စစ်ဆေးဆောင်ရွက်ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။  ၉လမ်းဈေးအတွင်းရောင်းချနေသော စစ် ဆေးသည့်ကုန်စည်များ သန့်ရှင်းလတ်ဆတ်စွာဖြင့် ရောင်းချနေမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)