Main menu

ကန့်ဘလူမြို့မဈေးရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း()ဦးတို့သည်   ကန့်ဘလူမြို့မြို့မဈေးရှိ ဆန်လက်လီ၊လက်ကား ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဒေသထွက်စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန် မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန်၊ ထို့နောက်တာဝန်ရှိသူများသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက် ကျန်အခြေအနေတို့အား စစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ DOCA(စစ်ကိုင်း)