Main menu

ချောက်မြို့၌ စားသုံးသူရေးရာ အသိပညာပေး(Talk Show) ကျင်းပ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူရေးရာအသိပညာပေး(Talk Show)ကို (၂၀.၂.၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၃:၀၀) အချိန်တွင် လူထုအခြေခံပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါ အသိပညာပေး (Talk Show)တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးက စားသုံး သူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံနှင့် ရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိ စေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန်၊ စားသုံးသူရေးရာ ဦးစီးဌာနသည် စားသုံးသူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာအကွယ်ပေးလျက်ရှိကြောင်း၊ အသိပညာပေးဆောင်ရွက်မှုဆိုင်ရာ ဟောပြောပွဲများဆောင်ရွက်ခြင်းနှင့် အများပြည်သူသုံးစွဲမှုများသော Social media များ၌လည်း အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်၊ ဘေးအန္တရာယ် ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရန်၊ စားသုံးသူ များအနေဖြင့် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မကွေး)