
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ညနေ (၄း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဥ်း၍ မှတ်ပုံတင် လျှောက်ထား သည့် ထားဝယ်မြို့၊ ဝဲကျွန်းရပ်၊ ကျိုက်ထီးရိုးလမ်းရှိ အိမ်စည် စားသောက်ကုန်လုပ်ငန်းအား မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထား ရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက် နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
