
စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင် (ဦးစီးမှူး)သည် ၂၂-၂-၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် အွန်လိုင်းရောင်းချမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြား၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး အွန်လိုင်းလုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာ သော အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့်သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်း ဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း နှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် မှတ်ပုံတင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်အလက်များ၊ လျှောက်ထားရာတွင် သတိပြုရမည့်အချက်များ၊ ကုန်စည်အုပ်စုနှင့် ဝန်ဆောင်မှု အုပ်စု သတ်မှတ်ချက်များ၊ eComReg System အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ် လျှောက်ထား၊ ထုတ်ယူပုံအဆင့်ဆင့်အား အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)
